
ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ ကံဇော်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အင်ဒိုနီးရှား သမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား နိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono လည်း တက်ရောက်သည်။
ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ လယ်ယာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ သတ္တု တူးဖော်ရေး ကဏ္ဍ၊ ဟိုတယ်နှင့် ခရီး သွားလာရေး ကဏ္ဍ၊ ရော်ဘာ၊ ဆီအုန်း၊ သားငါးနှင့် သီးနှံစုံ ထုတ်လုပ်မှု ကဏ္ဍများ အပါအဝင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက် လာစေရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ နှစ်ဆ တိုးမြှင့်ရေး တို့နှင့် စပ်လျဉ်း၍ ခင်မင် ရင်းနှီးစွာ ဆွေးနွေး ခဲ့ကြသည်။
http://bit.ly/105W5S2
No comments:
Post a Comment