Wednesday, April 03, 2013

ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ် လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှု ကမ္ဘောဒီးယား စတင်

Photo: ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ် လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှု ကမ္ဘောဒီးယား စတင်

ကမ္ဘောဒီးယား နိုင်ငံသည်  ၎င်းတို့၏နိုင်ငံကို ခုခံကာကွယ်နိုင်ရေး အတွက်  တော်ဝင် ကမ္ဘောဒီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကို တိုးမြှင့်ရန် ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှု တစ်ခုကို ဧပြီ ၂ ရက်တွင် စတင်ခဲ့သည်ဟု သိရသည်။

စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း ကမ္ဘောဒီးယား စစ်သည်များသည် BM-21 ဒုံးပစ် လောင်ချာများနှင့် ၁၃ဝ မမ အမြောက်များကို ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း၊ စစ်ရေး လေ့ကျင့်မှုကို ဖနောင်ပင်မြို့၏ အနောက် ဘက် ၇ဝ ကီလိုမီတာ အကွာခန့်တွင် ရှိသည့် ကမ်ပေါင်စပူ ပြည်နယ်ရှိ ကွင်းပြင်တစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်နှင့်   ကာကွယ်ရေး ဝန်ကြီး  တီယာဘန့်က  ပြောကြားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုကြီးတွင် စစ်သည် တပ်ဖွဲ့ဝင်ပေါင်း ၁၄၅ဝ ဦး ပါဝင်ခဲ့ကြောင်း BM-21 ဒုံးပစ်လောင်ချာ ၉၈ လုံးနှင့် ၁၃ဝ မမ အမြောက် ၂၄ လုံးကို လက်တွေ့ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယခုပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုသည် မိမိတို့၏ လက်နက်သစ်များ၏ နည်းပညာကို စမ်းသပ်ရန် ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံကိုမျှ ခြိမ်းခြောက်ရန် မရည်ရွယ်ကြောင်း၊ မိမိတို့၏ တပ်ဖွဲ့ဝင်များသည် အမြောက် အားလုံးကို ပစ်မှတ်ဆီသို့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အက်သ်ဆာရက်သ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုတစ်ကြိမ် ပြုလုပ်ခဲ့သော BM-21 ဒုံးပစ် လောင်ချာများဖြင့် ပစ်ခတ် လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှုမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ် စစ်ရေး လေ့ကျင့်မှုကို ၂ဝ၁ဝ ပြည့်နှစ် မတ်လ တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

http://bit.ly/14MlXGZကမ္ဘောဒီးယား နိုင်ငံသည် ၎င်းတို့၏နိုင်ငံကို ခုခံကာကွယ်နိုင်ရေး အတွက် တော်ဝင် ကမ္ဘောဒီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကို တိုးမြှင့်ရန် ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့် သည့် စစ်ရေး လေ့ကျင့်မှု တစ်ခုကို ဧပြီ ၂ ရက်တွင် စတင်ခဲ့သည်ဟု သိရသည်။
စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း ကမ္ဘောဒီးယား စစ်သည် များသည် BM-21 ဒုံးပစ် လောင်ချာများနှင့် ၁၃ဝ မမ အမြောက်များကို ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း၊ စစ်ရေး လေ့ကျင့်မှုကို ဖနောင်ပင်မြို့၏ အနောက် ဘက် ၇ဝ ကီလိုမီတာ အကွာခန့်တွင် ရှိသည့် ကမ်ပေါင် စပူ ပြည်နယ်ရှိ ကွင်းပြင်တစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး တီယာဘန့်က ပြောကြားသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုကြီးတွင် စစ်သည် တပ်ဖွဲ့ဝင်ပေါင်း ၁၄၅ဝ ဦး ပါဝင်ခဲ့ကြောင်း BM-21 ဒုံးပစ်လောင်ချာ ၉၈ လုံးနှင့် ၁၃ဝ မမ အမြောက် ၂၄ လုံးကို လက်တွေ့ ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ယခုပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုသည် မိမိတို့၏ လက်နက်သစ်များ၏ နည်းပညာကို စမ်းသပ် ရန် ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံကိုမျှ ခြိမ်းခြောက်ရန် မရည်ရွယ်ကြောင်း၊ မိမိတို့၏ တပ်ဖွဲ့ဝင် များသည် အမြောက် အားလုံးကို ပစ်မှတ်ဆီသို့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အက်သ်ဆာရက်သ် က သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခုတစ်ကြိမ် ပြုလုပ်ခဲ့သော BM-21 ဒုံးပစ် လောင်ချာများဖြင့် ပစ်ခတ် လေ့ကျင့်သည့် စစ်ရေး လေ့ကျင့် မှုမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ် စစ်ရေး လေ့ကျင့်မှုကို ၂ဝ၁ဝ ပြည့်နှစ် မတ်လ တွင် ပြုလုပ်ခဲ့ သည်ဟု သိရသည်။

http://bit.ly/14MlXGZ

No comments:

Post a Comment

My Blog List