Tuesday, October 28, 2014

စည်ပင်ရွေးကောက်ပွဲ ၀င်ပြိုင်သူများတွင် လွှတ်တော်အမတ်အချို့ပင် ပါဝင်လာ



ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ မြို့ နယ်၊ ခရိုင်ကော်မတီအဆင့် ရွေး ကောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက် တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ လာရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသူများထဲတွင် ရပ်ကွက်အတွင်း လူမှုရေးအဖွဲ့အစည်းများ၌ ဦးဆောင်ပါဝင်သူများ၊ တတ်သိပညာရှင်အချို့၊ အငြိမ်းစား ၀န်ထမ်းများနှင့် လွှတ် တော် ကိုယ်စားလှယ်အချို့ ပါဝင် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရွေးချယ်တင်မြှောက်ပွဲ ကော် မရှင်အဖွဲ့ဝင် ဦးအောင်ခိုင်က ခန့်မှန်း ပြော သည်။

အဖမ်းခံရသူနှစ်ဦး အယူခံရရေး ထိုင်းလုပ်ငန်းရှင် ကူညီမည်


ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေးအတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။

Monday, October 27, 2014

အခြေခံဥပဒေမပြင်လိုသော တပ်မတော်အပေါ် ပြည်သူ့အသံ


တပ်မတော်ဘက်မှ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းစကားသံကို သည်ရက်ပိုင်းအတွင်း ပိုပြီး တိတိကျကျကြားသိလာရသည်။ ထိုသတင်းစကားက မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကာလအတွက် မင်္ဂလာသတင်းမဟုတ်သလို အခြေခံဥပဒေပြင်ဆင်ရေး ပြင်းပြင်းပြပြ တောင်းဆိုနေကြသော ပြည်သူများ အတွက် ၀မ်းသာစရာမဟုတ်ခဲ့ပါ။

ခါကာဘိုရာဇီတောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်သော အဖွဲ့ကို ဂုဏ်ပြုပွဲပြုလုပ်မည်


မြန်မာနိုင်ငံ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့်  တောင်တက် အဖွဲ့အား ဂုဏ်ပြုပွဲပြုလုပ်မည်ဟု သတင်းရရှိသည်။ ခါကာဘိုရာဇီရေခဲတောင်ထိပ်သို့ ဩဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံအလံကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)မှ  ၊ ကိုဝေယံမင်းသူ  အပါအဝင် တောင်ခြေအထိ တက်ရောက်နိုင်ခဲ့သည့် တောင်တက်သမားများ နှင့် ခါကာဘိုရာဇီရေခဲတောင် တက်ရောက်နိုင်ရန် အကူ အညီ ပေးခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။

ပဒေါင်တိုင်းရင်းသားတွေနဲ့တွေ့ဆုံခဲ့တဲ့ မိုးစက်ဝိုင်


ကယားပြည်နယ်တွင် သွားရောက်ရိုက်ကူးခဲ့သော Amazing Cities အစီအစဉ်၌ ရိုးရာဝတ်စုံများဝတ်ဆင်၍ ရိုက်ကူးခဲ့ရပြီး ပဒေါင်တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံခဲ့ရကြောင်းမိုးစက်ဝိုင်ကပြောသည်။‘‘ရှေးဟောင်း ကယားဝတ်စုံ တွေဝတ်ပြီးရိုက်ခဲ့တယ်။ တိုင်းရင်းသားဝတ်စုံတွေက စိတ်ဝင်စားဖို့ ကောင်းတယ်။ 

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေး ဖြစ်မြောက်ရေးအတွက် အလှူငွေများကောက်ခံ


နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေး ဖြစ်မြောက်ရေး ရန်ပုံငွေအတွက် အစည်းအဝေး ဖြစ်မြောက်ရေးအဖွဲ့နှင့် ပန်းရဲ့လမ်းအဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်မြို့အနှံ့လှည့်လည်ဖျော်ဖြေရေးပြုလုပ် လျက် အလှူငွေများ စတင်ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဧရာလွှတ်တော်၌ စီမံကိန်းများကို ပွင့်လင်းမြင်သာစွာချပြရန် ဆွေးနွေးမှုပြုလုပ်


ဧရာဝတီတိုင်းဒေသကြီးအတွင်း အစိုးရ ၏ စီမံကိန်းများနှင့် တန်ဖိုးငွေများကို ပြည်သူများအားပွင့်လင်းမြင် သာ စွာအသိပေးရေးအဆိုအား (၁၁) ကြိမ် မြောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တွင် ငပု တောမြို့နယ် ကိုယ်စားလှယ်ဦးအေး ကြည်က အဆိုတင်သွင်းလိုက်သည်။

ကိုပါကြီးအမှု လိုအပ်ရင် တရားဥပဒေအရ ကူညီပေးမည်ဟု အန်အယ်လ်ဒီပြော



စစ်တပ်က ပစ်သတ်လို့ သေဆုံးခဲ့ရတဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီးအမှုအတွက် လိုအပ်ရင် တရားဥပဒေအရ အကူအညီပေးမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်းက ပြောပါတယ်။လူတယောက် ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်တာဟာ ဥပဒေရ လုပ်ဆောင်လို့မရကြောင်းနဲ့ အမှုအပေါ်မှာသာ မူတည်ပြီး တရားဥပဒေ


ဘောင်အတွင်းကသာ ဆုံးဖြတ်လုပ် ဆောင်ရမယ်လို့ ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်နှုန်းသတ်မှတ်ရန် ပြည်သူများထံမှ အကြံပြုချက်တောင်းခံ


ရန် ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများလျော့ကျ စေရန် ယာဉ်အမျိုးအစားအလိုက် မိုင်နှုန်းများသတ်မှတ်ရန် ပြည်သူများ ထံမှ အကြံပြုချက်တောင်းခံနေပြီ ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန် လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ အောက်တိုဘာ ၂၆ရက်တွင်ထုတ်ပြန် လိုက်သည်။

“တိုင်းရင်းသား အမျိုးသမီး အားလုံးကို ကိုယ်စားပြု ချင်တဲ့အတွက် အမျိုးသမီးပါတီလို့ နာမည် ပေးလိုက်တာ”


လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မွန်အမျိုးသမီးများ ဦးဆောင်သည့် အမျိုး သမီးပါတီကို ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တရားဝင် ဖွဲ့စည်းခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံ အမျိုးသမီးများ၏ အခွင့်အရေးများကို အဓိက တောင်းဆိုသွားရန် ရည်ရွယ်ချက် များနှင့် ဖွဲ့စည်းခဲ့သည်ဟု ဆိုသော မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးပါတီနှင့် ပတ်သက်၍  အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိလယိုင်မွန်ကို ဧရာဝတီအကြီးတန်း သတင်းထောက် သူဇာက ဆက်သွယ်မေးမြန်းထားပါသည်။

အိုက်အက်စ်စစ်သွေးကြွများကို အမေရိကန် လေကြောင်းဖြင့် တိုက်ခိုက်


ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့မှာရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွ
တွေကို အမေရိကန် ဦးဆောင်တပ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ အောက်တိုဘာ ၂၆ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်သူများ၏ အားပေးမှုကို မျှော်လင့်နေဟု အလှမယ်ပြော



ကိုပါကြီး အသတ်ခံရမှု အရေးယူပေးရန် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်

  
အလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုကို ဖော်ထုတ် အရေးယူပေးဖို့ ပဲခူးတိုင်း ပြည်မြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ ညက ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ပါတယ်။အလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုကို ဖော်ထုတ်အရေးယူပေးဖို့  တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနဲ့ ကိုသန့်ဇင်ထက်တို့ ၂ ယောက်က ပြည်မြို့လယ် မြင်းစီး ကျောက်ရုပ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ကြပါတယ်။

ကန်နဲ့ ဗြိတိန် တပ်စခန်းကို အာဖရန်လက်ထဲ လွဲအပ်



အာဖဂန်နစ္စတန်နိုင်ငံမှာထားရှိတဲ့ အမေရိကန်နဲ့ ဗြိတိန် နိုင်ငံ စစ်စခန်းတွေကို အာဖဂန်ရဲ့လက်ထဲ တရားဝင် ပေးအပ် လိုက်ပါပြီ။ Helmand ပြည်နယ်မှာရှိတဲ့ Leatherneck နဲ့ Bastion ဆိုတဲ့ စစ်စခန်းတွေကို ထားရှိတာ နှစ်ပေါင်း ၁၃ နှစ် ရှိပြီးနောက် အခုအခါမှာ ဗြိတိန်နဲ့ အမေရိကန် စစ်သားတွေ စခန်းချတာကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

အင်ဒိုဝန်ကြီးအဖွဲ့မှာ အမျိုးသမီး ၈ ဦးပါ


အင်ဒိုနီးရှားနိုင်ငံ ​သမ္မတသစ် ​ဂျိုကို ​ဝီဒိုဒိုက ​သူ့ရဲ့ ​ဝန်ကြီးအဖွဲ့ကို ​ရွေးချယ်ခဲ့ပြီး ​အဲဒီ ​ဝန်ကြီး ​၃၄ ​ယောက်က ​ဒီကနေ့ ​ကျမ်းသစ္စာ ​ကျိန်ဆိုဖို့ ​ရှိပါတယ်။အဲဒီ ​ဝန်ကြီးအဖွဲ့ဝင် ​၃၄ ​ယောက်ထဲမှာ ​အမျိုးသမီး ​ဝန်ကြီး ​၈ ​ဦး ပါဝင်ပြီး ​အဆင့်မြင့်တဲ့ ​နိုင်ငံခြားရေးဝန်ကြီးဌာနကို ​အမျိုးသမီးဝန်ကြီးက ​ဦးဆောင်မှာ ​ဖြစ်ပါတယ်။

မဲရုံတာဝန်ကို အစိုးရဝန်ထမ်းများမဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းများကိုပါ အချိုးကျကျ တာဝန်ပေးအပ်မည်ဆိုပါက တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟု နိုင်ငံရေး ပါတီများပြောကြား



၂ဝ၁၅ ရွေးကောက်ပွဲတွင် အစိုးရဝန်ထမ်း များကိုသာ မဲရုံတာဝန်များအားလုံးပေးအပ်မထားဘဲ အစိုးရ မဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ၊ အများယုံကြည်လေးစားမှုရရှိထားသူများကိုပါ အချိုးကျကျတာ ဝန်ပေးအပ်မည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်မှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အထောက်အကူဖြစ်လာနိုင်ဟုနိုင်ငံ ရေးပါတီများ အထူးသဖြင့် တိုင်းရင်းသားပါတီများက ပြောကြားလိုက် သည်။

ဂျော်ဒန်နိုင်ငံသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူ ပွဲစားအမျိုးသမီးပါ သုံးဦးကို ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ ဖြင့် မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် အမှုဖွင့်


ပြည်ပ အလုပ်အကိုင် အေဂျင်စီလိုင်စင်မရှိ သည့်အပြင် တရားဝင်အလုပ်သမား စေလွှတ်ခွင့်မပြုထားသည့် နိုင်ငံများ ထဲတွင်ပါဝင်သည့် ဂျော်ဒန်နိုင်ငံသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူ ပွဲစားအမျိုးသမီးပါ သုံးဦးကို မင်္ဂလာ ဒုံမြို့မရဲစခန်းတွင် ပြည်ပအလုပ်အ ကိုင်ဆိုင်ရာ ဥပဒေပုဒ်မ-၂၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

MAI လေကြောင်းလိုင်းမှ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့သို့ တစ်ပတ်လျှင် ငါးကြိမ် ပုံမှန်ခရီးစဉ် စတင်ပျံသန်း


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ တောင်ကိုရီးယား နိုင်ငံ အင်ချွန်းမြို့သို့ တစ်ပတ်လျှင်ငါးကြိမ် ပုံမှန်ခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဗန်းမောက်ဒေသတွင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူနှင့် သုံးစွဲသူများ ကင်းစင်ပပျောက်ရေးအတွက် အင်အား ၈၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တွင် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားသူနှင့် သုံးစွဲသူများ ကင်းစင်ပပျောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် အင်အား ၈၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

PR စနစ် ကျင့်သုံးမည်ကို ဆန့်ကျင်ကြောင်း ရွှေပြည်သာမြို့နယ်အတွင်း ပြည်သူ ၅၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်


ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု)စနစ်ကို ကျင့်သုံးမည်ကို ဆန့်ကျင်ကြောင်း ရွှေပြည်သာမြို့နယ်မှ ပြည်သူ ၅ဝဝ ကျော်က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

GSP သက်သာခွင့်ကြောင့် အီးယူဈေးကွက်သို့ မြန်မာ့ပို့ကုန်များ လွတ်လပ်စွာတင်ပို့ခွင့် ရရှိထားသော်လည်း အီးယူ၏ အရည်အသွေး သတ်မှတ်ချက်များအတိုင်း တင်ပို့နိုင်ရေးမှာ မြန်မာလုပ်ငန်းရှင်များအတွက် အဓိကစိန်ခေါ်မှု ဖြစ်နေ


အီးယူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်သည့် GSP ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးကြောင့် မြန်မာ့ ပို့ကုန်များကို အီးယူသို့ Duty free၊ Quota free ဖြင့် လွတ်လပ်စွာ တင်ပို့ခွင့် ရရှိထားသော်လည်း အီးယူဈေးကွက်၏ အရည်အသွေး သတ်မှတ်ချက်များအတိုင်း ပြည့်မီစွာ တင်ပို့နိုင်ရေးမှာ မြန်မာလုပ်ငန်းများ အတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကြံပေး ဒေါက်တာမောင်အောင်က ဘုရင့်နောင်ကုန်စည်ဒိုင် အာမခံငွေဖြင့် ရောင်းဝယ်မှုပုံစံ ဆောင်ရွက်မှုလုပ်ငန်း ဖွင့်ပွဲတွင် ပြောကြားသည်။

အိုဘားမား တက်ရောက်မည့် ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးအင်အား သောင်းကျော်သုံးမည်


နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် လာမည့် နိုဝင်ဘာ ၁၁ နှင့် ၁၂ ရက် ၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အမေရိကန် သမ္မတ အိုဘားမား တက်ရောက်မည်ဖြစ် ၍ လုံခြုံရေးအင်အားသောင်းနှင့်ချီ ချထားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တယ်လီနောဆင်းမ်ကတ်များကို ရန်ကုန်မြို့၌ စတင်ရောင်းချပြီး မူရင်းဈေး ကျပ် ၁၅၀၀ ဖြင့် နေရာအနှံ့ အလွယ်တကူ ၀ယ်ယူနိုင်ရန် စီစဉ်ပေးနိုင်ခဲ့


တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ စတင်ရောင်းချပေးခဲ့ပြီး ဝယ်ယူ သူများပြားခဲ့ကြောင်း သိရသည်။ တယ်လီနောအနေဖြင့် မိုဘိုင်းဖုန်းဆိုင်များသာမက စတိုးဆိုင်၊ လက်ဖက် ရည်ဆိုင် စသည့် အခြားအရောင်းဆိုင် အမျိုးမျိုးတွင်ပါ ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးခဲ့ပြီး ကျပ် ၁၅ဝဝ ဖြင့်သာ ရောင်းချရန် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

အခြေခံဥပဒေကြောင့် တိုင်းပြည် ချွတ်ခြုံကျနေရသည်ဟု ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးပြော


တိုင်းပြည်ချွတ်ခြုံကျနေသည်မှာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အောက်တိုဘာ ၂၆ ရက် တွင်ကျရောက်သည့် ပါတီတည်ထောင်ခြင်း ၂၆ နှစ် ပြည့်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောသည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူ များမှ ဥပဒေအရ ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း (၈၈)ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြား



နိုင် ငံသားတစ်ယောက်ရရှိသင့်သည့် ဥပဒေ၏ အကာအကွယ်ပေးမှု တစ် စုံတစ်ရာရရှိခဲ့ခြင်းမရှိဘဲ အသက် ဆုံးရှုံး သွားသော အလွတ်တန်းသ တင်းထောက် ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီးနှင့်ပတ်သက်၍ ဥပဒေ အရတာဝန်ရှိသူများမှ ထိထိရောက် ရောက် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြော ကြားသည်။

My Blog List