Wednesday, October 02, 2019

မိုးကုတ် ကျောက်တွင်း၌ အောက်စီဂျင်ပြတ်၍ လူ (၂၀) ခန့် မူးမေ့သည့်ဖြစ်စဉ်ဖြစ်ပွား


Image may contain: one or more people, people standing, outdoor and nature

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ဘော်ဗဒါန်းကျောက်မျက်လုပ်ကွက် အမှတ် (၅) ကျောက်တွင်းတွင် အောက်တိုဘာလ (၁) ရက်နေ့က အောက်စီဂျင်ပြတ်၍ လူ (၂၀) ခန့် မူးမေ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ က သိရသည် ။

ထိုသို့ အောက်စီဂျင်ပြတ်၍ မူးဝေသည့် လူ (၂၀) ခန့်ကို မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကယ်ဆယ်ခဲ့ပြီး (၇) ဦးကို မိုးကုတ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည် ။
``တွင်းထဲမှာ စက်ကထွက်တဲ့ အငွေ့တွေ ဆီငွေ့တွေ က မိုးကုတ်ရဲ့ ရာသီဥတုကြောင့် အပေါ်ထွက်မသွားပဲ ပိတ်နေတာ ။ ဒါနဲ့ပဲ ကျောက်တူးနေတဲ့သူတွေ လုပ်နေရင်းနဲ့ မူးလဲကုန်ကြတာ။ အသက်အန္တရာယ်ထိခိုက်တာတော့မရှိဘူး။´´ ဟု မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ကျော်မိုး က ပြောသည် ။
အဆိုပါ လုပ်ကွက်သည် သက်တမ်းကုန်ပြီးဖြစ်ကာ ဒေသခံများ လက်လုပ်လုပ်စားများ တစ်နိုင်တစ်ပိုင် တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်သည် ။
Image may contain: 1 person, sitting, shoes and outdoor 
Image may contain: 1 person, plant, outdoor and nature 
Image may contain: 1 person, outdoor and water 
Image may contain: 1 person, sitting 
Image may contain: 1 person, sitting and outdoor 
Image may contain: 1 person, outdoor 
photo - မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့
.................................................
(Zawgyi)
မိုးကုတ် ကျောက်တွင်း၌ အောက်စီဂျင်ပြတ်၍ လူ (၂၀) ခန့် မူးမေ့သည့်ဖြစ်စဉ်ဖြစ်ပွား
အောက်တိုဘာ ၂
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ဘော်ဗဒါန်းကျောက်မျက်လုပ်ကွက် အမှတ် (၅) ကျောက်တွင်းတွင် အောက်တိုဘာလ (၁) ရက်နေ့က အောက်စီဂျင်ပြတ်၍ လူ (၂၀) ခန့် မူးမေ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ က သိရသည် ။
ထိုသို့ အောက်စီဂျင်ပြတ်၍ မူးဝေသည့် လူ (၂၀) ခန့်ကို မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကယ်ဆယ်ခဲ့ပြီး (၇) ဦးကို မိုးကုတ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည် ။
``တွင်းထဲမှာ စက်ကထွက်တဲ့ အငွေ့တွေ ဆီငွေ့တွေ က မိုးကုတ်ရဲ့ ရာသီဥတုကြောင့် အပေါ်ထွက်မသွားပဲ ပိတ်နေတာ ။ ဒါနဲ့ပဲ ကျောက်တူးနေတဲ့သူတွေ လုပ်နေရင်းနဲ့ မူးလဲကုန်ကြတာ။ အသက်အန္တရာယ်ထိခိုက်တာတော့မရှိဘူး။´´ ဟု မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ကျော်မိုး က ပြောသည် ။
အဆိုပါ လုပ်ကွက်သည် သက်တမ်းကုန်ပြီးဖြစ်ကာ ဒေသခံများ လက်လုပ်လုပ်စားများ တစ်နိုင်တစ်ပိုင် တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်သည် ။
photo - မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့

No comments:

Post a Comment

My Blog List