Monday, September 30, 2019

၂၀၂၀ ေရြးေကာက္ပြဲအတြက္ NLD ကိုယ္စားလွယ္ေလာင္းမ်ားကို ရပ္မိရပ္ဖမ်ားအား ေရြးခ်ယ္ေစမည္


Image may contain: 1 person, smiling, sitting
လာမည့္ အေထြေထြေရြးေကာက္ပြဲအတြက္ ကို္ယ္စားလွယ္ေလာင္းေရြးခ်ယ္ရာတြင္ ပါတီကေရြးခ်ယ္မည္မဟုတ္ဘဲ ၁၉၉၀ ေရြးေကာက္ပြဲကဲ့သုိ႔ ပါတီသတ္မွတ္ထားသည့္ အရည္အခ်င္းမ်ားနဲ႔ကိုက္ညီသူမ်ားကို ရပ္မိရပ္ဖမ်ားကသာေရြးခ်ယ္သြားေစမည္ျဖစ္ေၾကာင္း မႏၱေလးတိုင္း၀န္ၾကီးခ်ဳပ္ႏွင့္ NLD CEC အဖြဲ႔၀င္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားသည္။
“ကိုယ္စားလွယ္ေတြကို အရင္စည္းကမ္းခ်က္ေတြအတုိင္းပဲ ေရြးခ်ယ္မွာပါ။ ခုေျပာဖုိ႔ေတာ့ ေစာေသးပါတယ္။ ေသခ်ာတာတခုကေတာ့ ေရြးခ်ယ္ရာမွာ ရပ္မိရပ္ဖေတြပါလာမွာပါ။ ၉၀ ေရြးေကာက္ပြဲတုန္းကလည္း ပါတီက တေယာက္ပဲထုိင္ၿပီးေတာ့ က်န္တာက ရပ္မိရပ္ဖေတြက ေရြးတာ။ အခုတခါလည္း အဲဒါကို ျပန္အေကာင္အထည္ေဖာ္ဖုိ႔ စဥ္းစားထားတယ္။ အေျခခံမူေတြေတာ့ ခ်ထားတာရွိတယ္။ ထုတ္ျပန္မွာပါ”ဟု ၎က ေျပာၾကားခဲ့သည္။

ယေန႔ စက္တင္ဘာ(၃၀)ရက္တြင္က်င္းပသည့္ ဒုတိယအၾကိမ္ မႏၱေလးတုိင္းေဒသၾကီးလႊတ္ေတာ္၊ (၁၅) ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝး(အ႒မေန႔)အၿပီးတြင္ ၎က ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကိုလည္း အကဲျဖတ္မွတ္တမ္းထားရွိထားျပီး ၎တို႔အားလည္း သတ္မွတ္ထားသည့္မူမ်ားအရ၊ မွတ္တမ္းမ်ားအရ ျပန္လည္စိစစ္မည္ျဖစ္ၿပီး ေရြးေကာက္ပြဲေအာင္ႏုိင္ေရးအဖြဲ႕ကိုလည္း ျပန္လည္ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း၊ ယင္းအဖြဲ႕တြင္လည္း ရပ္မိရပ္ဖမ်ားပါဝင္ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

“ၾကားျဖတ္ေရြးေကာက္ပြဲရဲ႕ သင္ခန္းစာရွိခဲ့တဲ့အားနည္းခ်က္ေတြကို ျပန္သံုးသပ္မယ္။ ကိုယ္စားလွယ္ေတြက ကိုယ့္မဲဆႏၵနယ္မွာမပါရင္ အျခားနယ္ေတြမွာ စည္းရံုးေရးသြားၿပီးေတာ့ မလုပ္ဘူး။ အစိုးရဝန္ႀကီးခ်ဳပ္ေတြက မဲဆႏၵနယ္ေတြကို သြားရမယ့္ဟာေတြ မသြားခဲ့ဘူး။ ဒါေတြကို ကြ်န္ေတာ္တုိ႔ သင္ခန္းစာယူၿပီး လုပ္သြားမွာပါ”ဟု ၎ကဆက္လက္ေျပာၾကားသည္။

၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျမစ္ႀကီးနား၊ ရန္ကုန္၊ တမူး၊ မတူပီစသည့္ေနရာမ်ား ရံႈးနိမ့္ခဲ့ျခင္းမွာ ယခင္ႏိုင္ၿပီးျဖစ္သည့္အတြက္ ကြင္းဆင္းျခင္းမရွိ၊ ျပည္သူႏွင့္ေတြ႔ဆံုျခင္းမရွိေသာေၾကာင့္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ဦးရာဇ

၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများအား ရွေးချယ်စေမည်
------ ------ ------ ----- -----

လာမည့် အထွေထွေရွေးကောက်ပွဲအတွက် ကို်ယ်စားလှယ်လောင်းရွေးချယ်ရာတွင် ပါတီကရွေးချယ်မည်မဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ ပါတီသတ်မှတ်ထားသည့် အရည်အချင်းများနဲ့ကိုက်ညီသူများကို ရပ်မိရပ်ဖများကသာရွေးချယ်သွားစေမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် NLD CEC အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ကိုယ်စားလှယ်တွေကို အရင်စည်းကမ်းချက်တွေအတိုင်းပဲ ရွေးချယ်မှာပါ။ ခုပြောဖို့တော့ စောသေးပါတယ်။ သေချာတာတခုကတော့ ရွေးချယ်ရာမှာ ရပ်မိရပ်ဖတွေပါလာမှာပါ။ ၉၀ ရွေးကောက်ပွဲတုန်းကလည်း ပါတီက တယောက်ပဲထိုင်ပြီးတော့ ကျန်တာက ရပ်မိရပ်ဖတွေက ရွေးတာ။ အခုတခါလည်း အဲဒါကို ပြန်အကောင်အထည်ဖော်ဖို့ စဉ်းစားထားတယ်။ အခြေခံမူတွေတော့ ချထားတာရှိတယ်။ ထုတ်ပြန်မှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

ယနေ့ စက်တင်ဘာ(၃၀)ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)အပြီးတွင် ၎င်းက ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အကဲဖြတ်မှတ်တမ်းထားရှိထားပြီး ၎င်းတို့အားလည်း သတ်မှတ်ထားသည့်မူများအရ၊ မှတ်တမ်းများအရ ပြန်လည်စိစစ်မည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင်လည်း ရပ်မိရပ်ဖများပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲရဲ့ သင်ခန်းစာရှိခဲ့တဲ့အားနည်းချက်တွေကို ပြန်သုံးသပ်မယ်။ ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်မှာမပါရင် အခြားနယ်တွေမှာ စည်းရုံးရေးသွားပြီးတော့ မလုပ်ဘူး။ အစိုးရဝန်ကြီးချုပ်တွေက မဲဆန္ဒနယ်တွေကို သွားရမယ့်ဟာတွေ မသွားခဲ့ဘူး။ ဒါတွေကို ကျွန်တော်တို့ သင်ခန်းစာယူပြီး လုပ်သွားမှာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနား၊ ရန်ကုန်၊ တမူး၊ မတူပီစသည့်နေရာများ ရှုံးနိမ့်ခဲ့ခြင်းမှာ ယခင်နိုင်ပြီးဖြစ်သည့်အတွက် ကွင်းဆင်းခြင်းမရှိ၊ ပြည်သူနှင့်တွေ့ဆုံခြင်းမရှိသောကြောင့်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဦးရာဇ  

No comments:

Post a Comment

My Blog List