Monday, September 30, 2019

ေဆာက္လုပ္ေရးလုပ္ငန္းတြင္ ပုဂၢလိကလုပ္ငန္းရွင္မ်ားကိုသာ လုပ္ကိုင္ခြင့္ေပးရန္ ေဇကမာၻဦးခင္ေရႊေျပာ



ေဆာက္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ပုဂၢလိကလုပ္ငန္းရွင္မ်ားကိုသာ လုပ္ကိုင္ခြင့္ေပးရန္ ျမန္မာႏိုင္ငံ စီးပြားေရး လုပ္ငန္းရွင္မ်ားအသင္း နာယက ဦးခင္ေရႊက ေျပာသည္။

ရန္ကုန္ၿမိဳ႕ ကမာၻေအးေစတီေတာ္ဝန္းအတြင္းရွိ ဝိဇယမဂၤလာဓမၼသဘင္ခန္းမ က်င္းပျပဳလုပ္သည့္ ဒုတိယအႀကိမ္ ဝါဆိုသကၤန္းကပ္လွဴပြဲတြင္ ၄င္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ထိုင္းမွာဆိုရင္ အစိုးရက သူေရာင္းစရာရွိတဲ့ တိုက္ခန္းေတြကို ျပန္သိမ္းလိုက္တယ္။ မေရာင္းေတာ့ဘူး။ ပုဂၢလိကေရာင္းလို႔ရရင္ ေရာင္းတယ္။ မကုန္ရင္ အစိုးရက ဝယ္ပစ္လိုက္တယ္။ ပုဂၢလိကလုပ္ငန္းရွင္ေတြလက္ထဲမွာ ပိုက္ဆံရွိမွ အလုပ္သမားေတြ အလုပ္လုပ္လို႔ရမယ္။ အတိုးႏႈန္းေတြ ေလွ်ာ့တယ္။ အစိုးရကိုယ္တိုင္ ျပည္ပထြက္ၿပီးေရာင္းတယ္။ ဒါေပမဲ့ ေျခာက္လအတြင္း ထိုင္းက ေျပလည္သြားတယ္။ ဒါကို အတုယူသင့္တယ္။ ဒီမွာလည္း အစိုးရယူမေရာင္းပါနဲ႔။ အစိုးရယူေရာင္းရင္ ပုဂၢလိကလုပ္ငန္းရွင္ေတြထဲမွာ အလုပ္သမားေတြကို ထိန္းထားတာအမ်ားႀကီးရွိတယ္။ ထိန္းထားတာေတြအပ်က္မခံနဲ႔။ မဟုတ္ရင္ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္သြားမယ္။ ႏိုင္ငံျခားကို ေန႔တိုင္းထြက္ေနၾကတယ္။ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ကုန္လို႔ ႏိုင္ငံျခားကို ထြက္ကုန္တာ”ဟု ျမန္မာႏိုင္ငံစီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း နာယက ဦးခင္ေရႊက ေျပာသည္။
အေျခခံျပည္သူအမ်ားစုသည္ အိမ္ရာဝယ္ယူႏိုင္စြမ္းအား အင္မတန္အားနည္းေနသည့္အတြက္ အဆိုပါ ဝယ္ယူႏိုင္စြမ္းအားကို ျပည့္မီႏိုင္ရန္အတြက္ ႏိုင္ငံေတာ္အစိုးရ၏ လမ္းညႊန္မႈအရ ဂ်ပန္ႏိုင္ငံမွ အကူအညီျဖင့္ Housing ODA Loan ကို ေဆာင္ရြက္ေပးသြားရန္ စနစ္သစ္ကို ေဖာ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ လိႈင္သာယာၿမိဳ႕နယ္ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္တို႔တြင္ တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္ ေပးလ်က္ရွိၿပီး က်ပ္သိန္း(၁၀၀)မွ (၁၃၅)သိန္းအထိ ၁၀ ႏွစ္အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။ 
“ယခင္ယခင္တုန္းကေတာ့ ႏွစ္ရွည္အရစ္က် ေငြေပးေခ်တဲ့ စနစ္ကို ၈ ႏွစ္မွသည္ ၁၅ ႏွစ္အထိ ေပးေဆာင္ေနရတဲ့ အေျခအေနကေန အေျခခံျပည္သူေတြရဲ႕ မိသားစုဝင္ေငြဟာ အင္မတန္မွ နိမ့္ပါးေနတဲ့အတြက္ေၾကာင့္မို႔လို႔ ဝင္ေငြေတြကို လိုက္မီႏိုင္ဖို႔ အတိုးႏႈန္းကိုလည္း ဂ်ပန္ႏိုင္ငံ ODA Loan ေခ်းေငြနဲ႔အတူ ၈ဒသမ၅ နဲ႔ ေဆာင္ရြက္ေပးၿပီးေတာ့မွ ေခ်းေငြကာလကိုလည္း ၁၅ ႏွစ္ကာလကေန သူတို႔ရဲ႕ အသက္အပိုင္းအျခားအရ ျပည့္မီႏိုင္တဲ့ ႏွစ္ ၃၀ အထိ ေပးဖို႔စနစ္ကို စီစဥ္ေနပါတယ္။ ဒီစနစ္ကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ဘ႑ာေရးဝန္ႀကီးဌာနတို႔နဲ႔ CHID ဘဏ္၊ JICA အဖြဲ႔တို႔နဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္ေနပါတယ္”ဟု ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထိန္က ေျပာသည္။
စုသက္ႏွင္း အကုန္သိသတင္းဌာန

ဆောက်လုပ်ရေးလုပ်ငန်းတွင်  ပုဂ္ဂလိကလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပေးရန် ဇေကမ္ဘာဦးခင်ရွှေပြော


ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပေးရန် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း နာယက ဦးခင်ရွှေက ပြောသည်။
ရန်ကုန်မြို့ ကမ္ဘာအေးစေတီတော်ဝန်းအတွင်းရှိ ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ထိုင်းမှာဆိုရင် အစိုးရက သူရောင်းစရာရှိတဲ့ တိုက်ခန်းတွေကို ပြန်သိမ်းလိုက်တယ်။ မရောင်းတော့ဘူး။ ပုဂ္ဂလိကရောင်းလို့ရရင် ရောင်းတယ်။ မကုန်ရင် အစိုးရက ဝယ်ပစ်လိုက်တယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေလက်ထဲမှာ ပိုက်ဆံရှိမှ အလုပ်သမားတွေ အလုပ်လုပ်လို့ရမယ်။ အတိုးနှုန်းတွေ လျှော့တယ်။ အစိုးရကိုယ်တိုင် ပြည်ပထွက်ပြီးရောင်းတယ်။ ဒါပေမဲ့ ခြောက်လအတွင်း ထိုင်းက ပြေလည်သွားတယ်။ ဒါကို အတုယူသင့်တယ်။ ဒီမှာလည်း အစိုးရယူမရောင်းပါနဲ့။ အစိုးရယူရောင်းရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေထဲမှာ အလုပ်သမားတွေကို ထိန်းထားတာအများကြီးရှိတယ်။ ထိန်းထားတာတွေအပျက်မခံနဲ့။ မဟုတ်ရင် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားမယ်။ နိုင်ငံခြားကို နေ့တိုင်းထွက်နေကြတယ်။ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်လို့ နိုင်ငံခြားကို ထွက်ကုန်တာ”ဟု မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း နာယက ဦးခင်ရွှေက ပြောသည်။
အခြေခံပြည်သူအများစုသည် အိမ်ရာဝယ်ယူနိုင်စွမ်းအား အင်မတန်အားနည်းနေသည့်အတွက် အဆိုပါ ဝယ်ယူနိုင်စွမ်းအားကို ပြည့်မီနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအရ ဂျပန်နိုင်ငံမှ အကူအညီဖြင့် Housing ODA Loan ကို ဆောင်ရွက်ပေးသွားရန် စနစ်သစ်ကို ဖော်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက် ပေးလျက်ရှိပြီး ကျပ်သိန်း(၁၀၀)မှ (၁၃၅)သိန်းအထိ ၁၀ နှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
“ယခင်ယခင်တုန်းကတော့ နှစ်ရှည်အရစ်ကျ ငွေပေးချေတဲ့ စနစ်ကို ၈ နှစ်မှသည် ၁၅ နှစ်အထိ ပေးဆောင်နေရတဲ့ အခြေအနေကနေ အခြေခံပြည်သူတွေရဲ့ မိသားစုဝင်ငွေဟာ အင်မတန်မှ နိမ့်ပါးနေတဲ့အတွက်ကြောင့်မို့လို့ ဝင်ငွေတွေကို လိုက်မီနိုင်ဖို့ အတိုးနှုန်းကိုလည်း ဂျပန်နိုင်ငံ ODA Loan ချေးငွေနဲ့အတူ ၈ဒသမ၅ နဲ့ ဆောင်ရွက်ပေးပြီးတော့မှ ချေးငွေကာလကိုလည်း ၁၅ နှစ်ကာလကနေ သူတို့ရဲ့ အသက်အပိုင်းအခြားအရ ပြည့်မီနိုင်တဲ့ နှစ် ၃၀ အထိ ပေးဖို့စနစ်ကို စီစဉ်နေပါတယ်။ ဒီစနစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့နဲ့ CHID ဘဏ်၊ JICA အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်”ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
စုသက်နှင်း အကုန်သိသတင်းဌာန 

No comments:

Post a Comment

My Blog List