Monday, September 30, 2019

တရုတ္ယန္စီကုမၸဏီကို အစုိးရ ခြင့္ျပဳေပးသည့္ ၀ါးစိမ္းေတာင္ေဒသ စီမံကိန္း ယင္းမာပင္၊ တုိင္းေဒသႀကီး လႊတ္ေတာ္ အမတ္ ကန္႔ကြက္



စစ္ကိုင္းတိုင္းေဒသႀကီး ၊ ယင္းမာပင္ၿမိဳ႕နယ္ ၊ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ေမရီ ႏွင့္ ဆက္သြယ္ေမးျမန္းခ်က္

ျပည္ေထာင္စုအစုိးရႏွင့္ စစ္ကုိင္းတုိင္းေဒသႀကီးအစိုးရတုိ႔က ျမန္မာယန္စီ တရုတ္ကုမၸဏီကုိ ၀ါးစိမ္းေတာင္ေဒသ ဧက ၂၈၁၃၆ တြင္ ေၾကးနီႏွင့္ ဓာတ္သတၱဳမ်ား စမ္းသပ္ရွာေဖြခြင့္ ျပဳလိုက္ၿပီျဖစ္ၿပီး ယင္းသုိ႔ ရွာေဖြခြင့္ျပဳျခင္းကို ေဒသခံမ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားကိုယ္တုိင္ ကန္႔ကြက္ေနၾကၿပီျဖစ္သည္။ ရန္ကုန္ေခတ္သစ္က ယင္းမာပင္ၿမိဳ႕နယ္ တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚေအာင္ေမရီကုိ ဆက္သြယ္ေမးျမန္းထားပါသည္။
ေမး ။ ။ ဝါးစိမ္းေတာင္ေဒသ ေၾကးနီ တိုးခဲ်႕ စီမံကိန္း ကို တိုင္းအစိုးရက ခြင့္ျပဳေပးလုိက္ၿပီဆုိေတာ့ ျပည္သူေတြရဲ႕ သေဘာထားက ဘယ္လိုရွိလဲ။
ေျဖ။ ။ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ မွ စသိတာ ။ တ႐ုတ္ယန္စီကုမၸဏီက ျပည္ေထာင္စုကို ေလွ်ာက္တာ ဘယ္တုန္းက ေလွ်ာက္တာလည္းေတာ့ မသိဘူး။ ျပည္ေထာင္စုကေန တိုင္းအစိုးရကို ျပန္ခ်ေပးတာ ေအာက္တိုဘာလ က ၊ ဒါကို စိစစ္ၿပီး သုံးသပ္တင္ျပဖို႔ တိုင္းအစိုးရကို စာပို႔တယ္။ တိုင္းအစိုးရကလည္း ၿမိဳ႕နယ္စီမံ / ခန္႔ တာဝန္ရွိ ပုဂၢိဳလ္ေတြကို စာပို႔တယ္။
အဲဒီအခါက်မွ က်မတို႔က သိရတာ။ သိရေတာ့ ခ်က္ခ်င္း ေဒသခံ ျပည္သူကို သြားေမးတယ္။ ဒီကိစၥကို လက္ခံႏိ္ုင္သလား ၊ က်မအေနနဲ႔ ေမးေတာ့ ၊ ျပည္သူ႔က လက္မခံႏိုင္ပါဘူး ဆိုၿပီး ကန္႔ကြက္ပါတယ္။ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၅ ရက္ေန႔က ဝါးစိမ္းေတာင္ေျခမွာ က်မကို ဖိတ္ၿပီး ကန္႔ကြက္လက္မွတ္ေတြ ေပးအပ္ခဲ့တယ္။ က်မလက္ထဲမွာ ျပည္သူ ေတြလက္မခံႏိုင္တဲ့ကန္႔ကြက္လက္မွတ္ေတြ ရွိပါတယ္။
ေမး။ ။ စစ္ကိုင္းတိုင္းလႊတ္ေတာ္မွာ ဒီစီမံကိန္းနဲ႔ ေဆြးေႏြးတင္ျပျဖစ္တဲ့အေၾကာင္းေလး ေျပာျပေပးပါ။
ေျဖ။ ။ လႊတ္ေတာ္မွာ မေဆြးေႏြးခင္ က တိ္ုင္းအစိုးရကို တရားဝင္ ၊ ဆားလင္းႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေမာင္ ႏွင့္ ဆားလင္းႀကီး ပါတီ အတြင္းေရးမႉး ၊ ယင္းမာပင္အတြင္းေရးမႉး တို႔ နဲ႔ လက္မွတ္ထိုးၿပီး ျပည္သူ႔ဆႏၵအတိုင္း ကန္႔ကြက္ခဲ့ပါတယ္။ အဲဒါတစ္ႀကိမ္။ စစ္ကိ္ုင္းတိုင္း ေဒသႀကီး လႊတ္ေတာ္မွာ ၂၀၁၉ ၊ ဇြန္လ ၂၄ရက္ေန႔မွာ လႊတ္ေတာ္ကေန တရားဝင္ ေမးခြန္းေမးၿပီး ၊ သေဘာထားမွတ္ခ်က္ သိရေအာင္ ေမးခဲ့ပါတယ္။
ဒါေတြကို တိုင္းအစိုးရက လ်စ္လ်ဴရႈၿပီးေတာ့ က်မတို႔ကို အသိေပးမႈလည္း မရွိပါဘူး။ စက္တင္ဘာ ၂၃ ရက္ကေန ျပည္ေထာင္စု ကို သေဘာထားမွတ္ခ်က္ေပးလိုက္ၿပီး လို႔ က်မတို႔က သိရတယ္။ က်မ သိရတာက စက္တင္ဘာ ၉ ရက္ေန႔က စသိတာ ။ ၁၀ ရက္ေန႔မွာ စည္ပင္ဝန္ႀကီးကို ဖုန္းဆက္ေမးတယ္။ စည္ပင္ဝန္ႀကီး ေကာင္းေကာင္းမြန္မြန္ ျပန္ မေျဖ ပါဘူး။ က်မေတာင္ ရန္လုပ္ခံရေသးတယ္။

ေမး။ ။ ဒီေန႔ ဝါးစိမ္းေတာင္စီမံကိန္းအေပၚ ေဒသခံေတြက ကန္႔ကြက္ထုတ္ေဖာ္ေနတဲ့အေပၚ ဘာမ်ား ေျပာဆိုခ်င္တာရွိလဲ။
ေျဖ။ ။ ပထမ ယင္းမာပင္ခ႐ိုင္အတြင္းမွာ ေၾကးနီစီမံကိန္း ၂ ခုရွိတယ္။ ယန္စီကုမၸဏီႏွင့္ ဝမ္ေပါင္ကုမၸဏီ လုပ္ေနတဲ့ ကုမၸဏီ ႀကီး ၂ ခု ရွိတယ္။ လက္ပံေတာင္းတာင္ ၊ ေၾကးစင္ေတာင္ ၊ ဒါေတြနဲ႔ ပတ္သက္ၿပီး သာဓက ေတြ ရွိေနတယ္ေလ။ ေဒသခံ ျပည္သူေတြကို အလုပ္အကိုင္၊ အခြင့္အလမ္း ေပးမယ္ ၊ ေပးမယ္ ၊ ဆိုေပမဲ့ က်မတို႔ ျပည္သူက ပညာမတတ္ဘူး။
ပညာမတတ္ေတာ့ သူတို႔ ေပးႏိုင္လည္း လုံၿခံဳေရးအလုပ္ေလာက္ပဲ ေပးႏိုင္မယ္။ လုံံျခံဳေရးဆိုတာ ေဒသကလူတိုင္းကိုအကုန္ မေပးႏိုင္ဘူး။ ၿပီးေတာ့ ေဒသပတ္ဝန္းက်င္ကိုု ထိခိုက္တယ္။ က်မတို႔ ေလထု ညစ္ႏြမ္းတယ္။ ၿပီးေတာ့ ဓါတ္သတၱဴ တူးေဖာ္ရွာေဖြေရးမွာ Chemical သုံး ၊ အက္စစ္ေတြျဖန္းၿပီး ရွာေဖြတယ္။ ဒီလိုမ်ိဳးေတြေၾကာင့္ ပတ္ဝန္းက်င္ ေလထု ညစ္ႏြမ္းတယ္။ မေကာင္းတဲ့ ေလေတြကို ေဒသခံေတြက ရႈေနရတယ္။ အဲ့တာကို သူတို႕က စိုးရိမ္တယ္။ ေျမေအာက္ေရေတြ ဆုံးရႈံးကုန္ၿပီ ။ အဲဒီေဒသမွာ ေရေတာင္ ေသာက္လို႔မရ ၊ ေနာက္ထပ္ ဘယ္စီမံကိန္းမဆို ေဆာင္ရြက္ဖို႔ သူတို႔ က စိတ္မဝင္စားေတာ့ဘူး။
ေမး။ ။ ဒီစီမံကိန္းအေပၚ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ဘယ္လို ကန္႔ကြက္အေရးဆိုမႈ လုပ္ေဆာင္ဖို႔ ရွိလဲ။
ေျဖ။ ။ ဒီစီမံကိန္းအေပၚ က်မတို႔က တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ေယာက္ကပဲ လုပ္ေနရတယ္။ အခုအေနအထားကေတာ့ ၊ က်န္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္ေထာင္စု အဆင့္ကို တကယ္ပဲ မသိတာလဲ ၊ မေလ့လာတာလဲ ။ အခုခ်ိန္အထိ သူတို႔ ဘက္က ဘာမွ ႀကိဳးစားအားစိုက္မႈ မရွိေသးဘူး။ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ေယာက္ကပဲ ဓါတ္သတၱဴ စမ္းသပ္တူးေဖာ္ခြင့္ကို မျပဳဖို႔ ႀကိဳးစားသြားမွာ ပါ။ အခုက ျပည္ေထာင္စု အဆင့္ဆိုေတာ့ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ေတြ ၊ အမ်ိဳးသားလႊတ္ေတာ္ ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း သူတို႔မွာ တာဝန္ရွိတယ္။ ဒါက ေဆာင္ရြက္လိုစိတ္ ရွိ ၊ မရွိတာေတာ့ သူတို႔ ဆႏၵပါ ။
ေမး။ ။ တိုင္းအစိုးရကေန ျပည္သူ႔ေတြ လက္မခံတဲ့ စီမံကိန္း ခြင့္ျပဳတဲ့အေပၚ သေဘာထားမွတ္ခ်က္ ဘာမ်ား
ေျပာခ်င္တာ ရွိလဲ။

ေျဖ။ ။ က်မတို႔က ဒီစီမံကိန္းႀကီးကိုု ဆက္ၿပီး စမ္းသပ္ခြင့္ ျပဳလိမ့္မယ္ဆိုရင္ သူတို႔အေနနဲ႔ စမ္းသပ္ရုံပဲ ၊ တူးေဖာ္တာမဟုတ္ဘူးဆိုၿပီး အေၾကာင္းျပခ်က္ ေပးလိမ့္မယ္။ က်မတို႔ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္ ၊ ဘယ္သူမွ ပစၥည္းတစ္ခုကို အဝတ္အစားတစ္ခုခုု ၊ ေရႊပဲျဖစ္ျဖစ္ ဝယ္လိုက္ရင္ အလွထားဖို႔ မဟုတ္ဘူးေလ။ ဒါက သုံးစြဲဖိ႔ု ၊ ဝတ္ဖို႔ ဆင္ယင္ဖို႔ေလ။ စမ္းသပ္ၿပီး ဆိုရင္ တူးေဖာ္တာက ဘယ္သူမွ အာမခံခ်က္ မေပးႏိုင္ဘူး။ တူးၾကမွာပဲ။ အဲဒါမ်ိဳး က်မတို႔ကဘယ္ေတာ့မွ ခြင့္ျပဳႏိုင္စရာအေၾကာင္း မရွိဘူး။ တိုင္းျပည္ ေျမေအာက္သံယဇာတ ၊ ဓါတ္သတၱဳေတြကို အနာဂတ္မ်ိဳးဆက္အတြက္လည္း ထားရမယ္ေလ။
ေမး။ ။ စီမံကိန္းႏွင့္ ပတ္သက္ၿပီး တစ္တိုင္းျပည္လုံးအထိ ကန္႔ကြက္ဖို႔ ဘယ္လို႔ ဆက္လုပ္သြားဖို႔ ရွိေသးလဲ။
ေျဖ။ ။ က်မတို႔က ဒီကိစၥကို ျပည္သူ႔လႊတ္ေတာ္ ၊ အမ်ဳိးသားလႊတ္ေတာ္ကိ္ုယ္စားလွယ္ေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေသခ်ာမေဆြးေႏြးရေသးဘူး။ ေသခ်ာေဆြးေႏြးၿပီးရင္ ၊ က်မတို႔က ျပည္သူ႔ကိုယ္စားျပဳဆိုေတာ့ ၊ ျပည္သူကေတာ့ ျပည္သူ႔လႊတ္ေတာ္ကိ္ုယ္စားလွယ္ ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြကို အားကိုးေနပါတယ္။
ေမး။ ။ ဒီစီမံကိန္းေၾကာင့္ ေဒသအေပၚ သက္ေရာက္မႈ ဆိုးက်ိဳး က ဘယ္ေလာက္အထိ ရွိႏိုင္သလဲ။
ေျဖ။ ။ စီမံကိန္းလုပ္ေဆာင္ရင္ သက္ေရာက္မႈက က်မတို႔က အဲဒီနားမွ သဘာဝ ကန္၊ ေခ်ာင္းေတြ ရွိတယ္။ အဲဒီေတာ့ အဲဒီအေျခအေနေၾကာင့္ ေတာေတာင္ေတြ ျပဳန္းတီးမယ္။ ၿပီးေတာ့ လူေနအိမ္ ၊ ရြာေတြက အဲဒီပတ္ဝန္းက်င္မွာ ၊ ဝါးစိမ္းေတာင္နဲ႔ ကပ္ရပ္နားမွာပဲ ။ ေဘးထြက္ ဆုိးက်ဳိးနဲ႔ ပ်က္စီးမႈကေတာ့ ရွိမွာ ေသခ်ာတယ္။
ေမး။ ။ ဒီစီမံကိန္းႏွင့္ ပတ္သက္ၿပီး အစိုးရပိုင္းဆိုင္ရာ ကိုု ဘာမ်ား ေျပာျပခ်င္တာ ရွိလဲ။
ေျဖ။ ။ အစိုးရပိုင္းဆိုင္ရာကို က်မက ျပည္ေထာင္စု အဆင့္ အထိ စာတင္ၿပီး အခုလို႔ေျပာျပသြားမွာပါ။ လႊတ္ေတာ္မွာ အဆိုတင္သြင္းဖို႔က က်မ အခုေလာေလာဆယ္ေတာ့ မတိုင္ပင္ရေသးဘူး။ က်မတို႔ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ေယာက္ အဆင္ေျပေအာင္ ညွိႏိႈင္းရမယ္။ အဆို အေနအထားက ပထမတစ္ခါ တုန္းက စီမံကိန္း ခြင့္ျပဳဖို႔ အထိေတာင္ မဟုတ္ေသးဘူး။ အဲဒီအခ်ိန္တုန္းက ဒါက အဆိုအျဖစ္ လုပ္ဖို႔ စိတ္ကူးေသးတယ္။ ဒါကို လႊတ္ေတာ္က အဆိုအေနနဲ႔ မလုပ္သင့္ပါဘူးလို႔ ေမးခြႏ္းအေနနဲ႔ ေျပာင္းဖို႔ ေျပာလို႔ ေမးခြန္းအေနနဲ႔ေတာ့ ေျပာင္းေမးခဲ့ရတယ္။
တရုတ်ယန်စီကုမ္ပဏီကို အစိုးရ ခွင့်ပြုပေးသည့် ၀ါးစိမ်းတောင်ဒေသ စီမံကိန်း ယင်းမာပင်၊ တိုင်းဒေသကြီး လွှတ်တော်အမတ် ကန့်ကွက်
----------------------------------------------------------------------------------
"စည်ပင်ဝန်ကြီးကို ဖုန်းဆက်မေးတယ်။ စည်ပင်ဝန်ကြီး ကောင်းကောင်းမွန်မွန် ပြန် မဖြေ ပါဘူး။ ကျမတောင် ရန်လုပ်ခံရသေးတယ်"
By ရန်ကုန်ခေတ်သစ်
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီ နှင့် ဆက်သွယ်မေးမြန်းချက်
ပြည်ထောင်စုအစိုးရနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရတို့က မြန်မာယန်စီ တရုတ်ကုမ္ပဏီကို ၀ါးစိမ်းတောင်ဒေသ ဧက ၂၈၁၃၆ တွင် ကြေးနီနှင့် ဓာတ်သတ္တုများ စမ်းသပ်ရှာဖွေခွင့် ပြုလိုက်ပြီဖြစ်ပြီး ယင်းသို့ ရှာဖွေခွင့်ပြုခြင်းကို ဒေသခံများနှင့် လွှတ်တော်အမတ်များကိုယ်တိုင် ကန့်ကွက်နေကြပြီဖြစ်သည်။ ရန်ကုန်ခေတ်သစ်က ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ဝါးစိမ်းတောင်ဒေသ ကြေးနီ တိုးချဲ့ စီမံကိန်း ကို တိုင်းအစိုးရက ခွင့်ပြုပေးလိုက်ပြီဆိုတော့ ပြည်သူတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ။ ။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ မှ စသိတာ ။ တရုတ်ယန်စီကုမ္ပဏီက ပြည်ထောင်စုကို လျှောက်တာ ဘယ်တုန်းက လျှောက်တာလည်းတော့ မသိဘူး။ ပြည်ထောင်စုကနေ တိုင်းအစိုးရကို ပြန်ချပေးတာ အောက်တိုဘာလ က ၊ ဒါကို စိစစ်ပြီး သုံးသပ်တင်ပြဖို့ တိုင်းအစိုးရကို စာပို့တယ်။ တိုင်းအစိုးရကလည်း မြို့နယ်စီမံ / ခန့် တာဝန်ရှိ ပုဂ္ဂိုလ်တွေကို စာပို့တယ်။
အဲဒီအခါကျမှ ကျမတို့က သိရတာ။ သိရတော့ ချက်ချင်း ဒေသခံ ပြည်သူကို သွားမေးတယ်။ ဒီကိစ္စကို လက်ခံနိ်ုင်သလား ၊ ကျမအနေနဲ့ မေးတော့ ၊ ပြည်သူ့က လက်မခံနိုင်ပါဘူး ဆိုပြီး ကန့်ကွက်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ဝါးစိမ်းတောင်ခြေမှာ ကျမကို ဖိတ်ပြီး ကန့်ကွက်လက်မှတ်တွေ ပေးအပ်ခဲ့တယ်။ ကျမလက်ထဲမှာ ပြည်သူ တွေလက်မခံနိုင်တဲ့ကန့်ကွက်လက်မှတ်တွေ ရှိပါတယ်။
မေး။ ။ စစ်ကိုင်းတိုင်းလွှတ်တော်မှာ ဒီစီမံကိန်းနဲ့ ဆွေးနွေးတင်ပြဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါ။
ဖြေ။ ။ လွှတ်တော်မှာ မဆွေးနွေးခင် က တိ်ုင်းအစိုးရကို တရားဝင် ၊ ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင် နှင့် ဆားလင်းကြီး ပါတီ အတွင်းရေးမှူး ၊ ယင်းမာပင်အတွင်းရေးမှူး တို့ နဲ့ လက်မှတ်ထိုးပြီး ပြည်သူ့ဆန္ဒအတိုင်း ကန့်ကွက်ခဲ့ပါတယ်။ အဲဒါတစ်ကြိမ်။ စစ်ကိ်ုင်းတိုင်း ဒေသကြီး လွှတ်တော်မှာ ၂၀၁၉ ၊ ဇွန်လ ၂၄ရက်နေ့မှာ လွှတ်တော်ကနေ တရားဝင် မေးခွန်းမေးပြီး ၊ သဘောထားမှတ်ချက် သိရအောင် မေးခဲ့ပါတယ်။
ဒါတွေကို တိုင်းအစိုးရက လျစ်လျူရှုပြီးတော့ ကျမတို့ကို အသိပေးမှုလည်း မရှိပါဘူး။ စက်တင်ဘာ ၂၃ ရက်ကနေ ပြည်ထောင်စု ကို သဘောထားမှတ်ချက်ပေးလိုက်ပြီး လို့ ကျမတို့က သိရတယ်။ ကျမ သိရတာက စက်တင်ဘာ ၉ ရက်နေ့က စသိတာ ။ ၁၀ ရက်နေ့မှာ စည်ပင်ဝန်ကြီးကို ဖုန်းဆက်မေးတယ်။ စည်ပင်ဝန်ကြီး ကောင်းကောင်းမွန်မွန် ပြန် မဖြေ ပါဘူး။ ကျမတောင် ရန်လုပ်ခံရသေးတယ်။
မေး။ ။ ဒီနေ့ ဝါးစိမ်းတောင်စီမံကိန်းအပေါ် ဒေသခံတွေက ကန့်ကွက်ထုတ်ဖော်နေတဲ့အပေါ် ဘာများ ပြောဆိုချင်တာရှိလဲ။
ဖြေ။ ။ ပထမ ယင်းမာပင်ခရိုင်အတွင်းမှာ ကြေးနီစီမံကိန်း ၂ ခုရှိတယ်။ ယန်စီကုမ္ပဏီနှင့် ဝမ်ပေါင်ကုမ္ပဏီ လုပ်နေတဲ့ ကုမ္ပဏီ ကြီး ၂ ခု ရှိတယ်။ လက်ပံတောင်းတာင် ၊ ကြေးစင်တောင် ၊ ဒါတွေနဲ့ ပတ်သက်ပြီး သာဓက တွေ ရှိနေတယ်လေ။ ဒေသခံ ပြည်သူတွေကို အလုပ်အကိုင်၊ အခွင့်အလမ်း ပေးမယ် ၊ ပေးမယ် ၊ ဆိုပေမဲ့ ကျမတို့ ပြည်သူက ပညာမတတ်ဘူး။
ပညာမတတ်တော့ သူတို့ ပေးနိုင်လည်း လုံခြုံရေးအလုပ်လောက်ပဲ ပေးနိုင်မယ်။ လုံံခြံုရေးဆိုတာ ဒေသကလူတိုင်းကိုအကုန် မပေးနိုင်ဘူး။ ပြီးတော့ ဒေသပတ်ဝန်းကျင်ကိုု ထိခိုက်တယ်။ ကျမတို့ လေထု ညစ်နွမ်းတယ်။ ပြီးတော့ ဓါတ်သတ္တူ တူးဖော်ရှာဖွေရေးမှာ Chemical သုံး ၊ အက်စစ်တွေဖြန်းပြီး ရှာဖွေတယ်။ ဒီလိုမျိုးတွေကြောင့် ပတ်ဝန်းကျင် လေထု ညစ်နွမ်းတယ်။ မကောင်းတဲ့ လေတွေကို ဒေသခံတွေက ရှုနေရတယ်။ အဲ့တာကို သူတို့က စိုးရိမ်တယ်။ မြေအောက်ရေတွေ ဆုံးရှုံးကုန်ပြီ ။ အဲဒီဒေသမှာ ရေတောင် သောက်လို့မရ ၊ နောက်ထပ် ဘယ်စီမံကိန်းမဆို ဆောင်ရွက်ဖို့ သူတို့ က စိတ်မဝင်စားတော့ဘူး။
မေး။ ။ ဒီစီမံကိန်းအပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လို ကန့်ကွက်အရေးဆိုမှု လုပ်ဆောင်ဖို့ ရှိလဲ။
ဖြေ။ ။ ဒီစီမံကိန်းအပေါ် ကျမတို့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ကပဲ လုပ်နေရတယ်။ အခုအနေအထားကတော့ ၊ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု အဆင့်ကို တကယ်ပဲ မသိတာလဲ ၊ မလေ့လာတာလဲ ။ အခုချိန်အထိ သူတို့ ဘက်က ဘာမှ ကြိုးစားအားစိုက်မှု မရှိသေးဘူး။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ကပဲ ဓါတ်သတ္တူ စမ်းသပ်တူးဖော်ခွင့်ကို မပြုဖို့ ကြိုးစားသွားမှာ ပါ။ အခုက ပြည်ထောင်စု အဆင့်ဆိုတော့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တွေ ၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေလည်း သူတို့မှာ တာဝန်ရှိတယ်။ ဒါက ဆောင်ရွက်လိုစိတ် ရှိ ၊ မရှိတာတော့ သူတို့ ဆန္ဒပါ ။
မေး။ ။ တိုင်းအစိုးရကနေ ပြည်သူ့တွေ လက်မခံတဲ့ စီမံကိန်း ခွင့်ပြုတဲ့အပေါ် သဘောထားမှတ်ချက် ဘာများ
ပြောချင်တာ ရှိလဲ။
ဖြေ။ ။ ကျမတို့က ဒီစီမံကိန်းကြီးကိုု ဆက်ပြီး စမ်းသပ်ခွင့် ပြုလိမ့်မယ်ဆိုရင် သူတို့အနေနဲ့ စမ်းသပ်ရုံပဲ ၊ တူးဖော်တာမဟုတ်ဘူးဆိုပြီး အကြောင်းပြချက် ပေးလိမ့်မယ်။ ကျမတို့ ရိုးရိုးရှင်းရှင်းပြောရရင် ၊ ဘယ်သူမှ ပစ္စည်းတစ်ခုကို အဝတ်အစားတစ်ခုခုု ၊ ရွှေပဲဖြစ်ဖြစ် ဝယ်လိုက်ရင် အလှထားဖို့ မဟုတ်ဘူးလေ။ ဒါက သုံးစွဲဖို့ ၊ ဝတ်ဖို့ ဆင်ယင်ဖို့လေ။ စမ်းသပ်ပြီး ဆိုရင် တူးဖော်တာက ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး။ တူးကြမှာပဲ။ အဲဒါမျိုး ကျမတို့ကဘယ်တော့မှ ခွင့်ပြုနိုင်စရာအကြောင်း မရှိဘူး။ တိုင်းပြည် မြေအောက်သံယဇာတ ၊ ဓါတ်သတ္တုတွေကို အနာဂတ်မျိုးဆက်အတွက်လည်း ထားရမယ်လေ။
မေး။ ။ စီမံကိန်းနှင့် ပတ်သက်ပြီး တစ်တိုင်းပြည်လုံးအထိ ကန့်ကွက်ဖို့ ဘယ်လို့ ဆက်လုပ်သွားဖို့ ရှိသေးလဲ။
ဖြေ။ ။ ကျမတို့က ဒီကိစ္စကို ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်ကိ်ုယ်စားလှယ်တွေနဲ့ မျက်နှာချင်းဆိုင် သေချာမဆွေးနွေးရသေးဘူး။ သေချာဆွေးနွေးပြီးရင် ၊ ကျမတို့က ပြည်သူ့ကိုယ်စားပြုဆိုတော့ ၊ ပြည်သူကတော့ ပြည်သူ့လွှတ်တော်ကိ်ုယ်စားလှယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို အားကိုးနေပါတယ်။
မေး။ ။ ဒီစီမံကိန်းကြောင့် ဒေသအပေါ် သက်ရောက်မှု ဆိုးကျိုး က ဘယ်လောက်အထိ ရှိနိုင်သလဲ။
ဖြေ။ ။ စီမံကိန်းလုပ်ဆောင်ရင် သက်ရောက်မှုက ကျမတို့က အဲဒီနားမှ သဘာဝ ကန်၊ ချောင်းတွေ ရှိတယ်။ အဲဒီတော့ အဲဒီအခြေအနေကြောင့် တောတောင်တွေ ပြုန်းတီးမယ်။ ပြီးတော့ လူနေအိမ် ၊ ရွာတွေက အဲဒီပတ်ဝန်းကျင်မှာ ၊ ဝါးစိမ်းတောင်နဲ့ ကပ်ရပ်နားမှာပဲ ။ ဘေးထွက် ဆိုးကျိုးနဲ့ ပျက်စီးမှုကတော့ ရှိမှာ သေချာတယ်။
မေး။ ။ ဒီစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရပိုင်းဆိုင်ရာ ကိုု ဘာများ ပြောပြချင်တာ ရှိလဲ။
ဖြေ။ ။ အစိုးရပိုင်းဆိုင်ရာကို ကျမက ပြည်ထောင်စု အဆင့် အထိ စာတင်ပြီး အခုလို့ပြောပြသွားမှာပါ။ လွှတ်တော်မှာ အဆိုတင်သွင်းဖို့က ကျမ အခုလောလောဆယ်တော့ မတိုင်ပင်ရသေးဘူး။ ကျမတို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ယောက် အဆင်ပြေအောင် ညှိနှိုင်းရမယ်။ အဆို အနေအထားက ပထမတစ်ခါ တုန်းက စီမံကိန်း ခွင့်ပြုဖို့ အထိတောင် မဟုတ်သေးဘူး။ အဲဒီအချိန်တုန်းက ဒါက အဆိုအဖြစ် လုပ်ဖို့ စိတ်ကူးသေးတယ်။ ဒါကို လွှတ်တော်က အဆိုအနေနဲ့ မလုပ်သင့်ပါဘူးလို့ မေးခွန်းအနေနဲ့ ပြောင်းဖို့ ပြောလို့ မေးခွန်းအနေနဲ့တော့ ပြောင်းမေးခဲ့ရတယ်။
Khit Thit Media  

No comments:

Post a Comment

My Blog List