Monday, September 30, 2019

"ေရြးေကာက္ပြဲက ေရာဂါအားလံုးေပ်ာက္သည့္ ၉၆ ပါးေဆး မဟုတ္ဘူး" ဟု ဦးကိုကိုႀကီး ေျပာ


Image may contain: 6 people, people standing and outdoor
ေရြးေကာက္ပြဲသည္ ေရာဂါအားလံုးေပ်ာက္သည့္ ၆၉ ပါးေဆး မဟုတ္ေၾကာင္း ျပည္သူ႔ ပါတီဥကၠဌ ဦးကိုကိုႀကီး ကေျပာဆိုလိုက္သည္။

"ေရြးေကာက္ပြဲက ၉၆ ပါးေဆးမဟုတ္ဘူး။ေရာဂါအားလုံးေပ်ာက္တဲ့ေဆးမဟုတ္ဘူး။ ေရြးေကာက္ပြဲ ရလဒ္က သက္ သက္၊နိုင္ငံေရးရလဒ္ကသက္သက္မတူဘူး။ မတူဘူးဆိုတာက်ြန္ေတာ္တို႕ အေတြ႕ အႀကဳံေတြအရအမ်ားႀကီးသိခဲ့ျပီ။ဒါေႀကာင့္ က်ြန္ေတာ္တို႕နုိင္ငံအေျပာင္းအလဲကိုတကယ္ေျပာင္းခ်င္တယ္ဆိုရင္ တကယ့္ ျဖတ္သန္းမႈသမိုင္းေႀကာင္းရပ္တည္ခ်က္ရွိတဲ့ ပုဂၢိဳလ္အဖြဲ႕အစည္းေတြျမိဳင္ျမိဳင္ဆိုင္ဆိုင္နဲ႕လႊတ္ေတာ္ထဲေရာက္သြားေအာင္က်ြန္ေတာ္တို႕ ကဖန္တီးရမယ္"ဟု ဦးကိုကိုႀကီးကေျပာသည္။
စက္တင္ဘာ ၂၉ ရက္က ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ ေရႊၾကာပင္ ရပ္ကြက္တြင္ ျပဳလုပ္သည့္ ျပည္သူ႔ပါတီရံုးခန္းဖြင့္လွစ္အခမ္းအနားမိန္႔ခြန္းတြင္ ဦးကိုကိုႀကီး မွ အထက္ပါအတိုင္းထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ တိုင္းရင္းသားမ်ားအေနျဖင့္ ပါတီေထာင္၍
ေရြးေကာက္ပြဲသို႔ ဝင္ႏိုင္ေသာ္လည္း ေမ်ွာင့္လင့္ခ်က္မ႐ွိပါက လက္နက္ကိုင္မွ လူရာဝင္ျခင္းကို အားေပးသလိုျဖစ္ေနေၾကာင္း ဦးကိုကိုႀကီးကေျပာသည္။

လာမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲႄကီးတြင္ ျပည္သူ႔ပါတီအေနျဖင့္ မဟာမိတ္မူဝါဒကို က်င့္သံုးကာ လႊတ္ေတာ္ထဲတြင္ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ုဖင့္ တစ္ဦးခ်င္း အားေကာင္းသည့္ရည္ရြယ္ခ်က္မ်ားပါႏိုင္ေရးအတြက္ႀကိဳးစားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးကိုကိုႀကီး ကေျပာၾကားခဲ့သည္။
၎ တို႔ပါတီအေနျဖင့္လည္း လက္႐ွိမွာေတာ့ ပါတီစည္းရံုးေရးအတြက္ ပါတီရံုးခန္းမ်ားဖြင့္လွစ္ကာ အလားအလာေကာင္းသည့္ ေနာရာမ်ားကို လိုက္ေလ့လာေနၿပီး၂၀၂၀ ေရြးေကာက္ပြဲျကီးတြင္ ဝင္ေရာက္ ယွဥ္ျပိဳင္သြားမည့္ျဖစ္သျဖင့္ ပါဝင္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္စားမ်ားႏွင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ၿမိဳ႕နယ္မ်ားစာရင္းကို ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ဦးကိုကိုႀကီးကေျပာသည္။
လက္႐ွိမွာေတာ့ ပါတီဝင္အင္အားသည္ ၁ ေသာင္းေက်ာ္႐ွိေနၿပီး ျပည္နယ္ႏွင့္တိုင္းေဒသႀကီးတံယြင္ ပါတီရံုးခန္းေပါင္း ၅၀ ေက်ာ္ဖြင့္လွစ္ထားေၾကာင္းသိရသည္။
(Unicode)
"ရွေးကောက်ပွဲက ရောဂါအားလုံးပျောက်သည့် ၉၆ ပါးဆေး မဟုတ်ဘူး" ဟု ဦးကိုကိုကြီး ပြော
စက်တင်ဘာ ၃၀
ယဉ်ကေနွယ်

ရွေးကောက်ပွဲသည် ရောဂါအားလုံးပျောက်သည့် ၆၉ ပါးဆေး မဟုတ်ကြောင်း ပြည်သူ့ ပါတီဥက္ကဌ ဦးကိုကိုကြီးကပြောဆိုလိုက်သည်။
"ရွေးကောက်ပွဲက ၉၆ ပါးဆေးမဟုတ်ဘူး။ရောဂါအားလုံးပျောက်တဲ့ဆေးမဟုတ်ဘူး။ ရွေးကောက်ပွဲ ရလဒ်က သက် သက်၊နိုင်ငံရေးရလဒ်ကသက်သက်မတူဘူး။ မတူဘူးဆိုတာကျွန်တော်တို့ အတွေ့ အကြုံတွေအရအများကြီးသိခဲ့ပြီ။ဒါကြောင့် ကျွန်တော်တို့နိုင်ငံအပြောင်းအလဲကိုတကယ်ပြောင်းချင်တယ်ဆိုရင် တကယ့် ဖြတ်သန်းမှုသမိုင်းကြောင်းရပ်တည်ချက်ရှိတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့လွှတ်တော်ထဲရောက်သွားအောင်ကျွန်တော်တို့ ကဖန်တီးရမယ်"ဟု ဦးကိုကိုကြီးကပြောသည်။
စက်တင်ဘာ ၂၉ ရက်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်တွင် ပြုလုပ်သည့် ပြည်သူ့ပါတီရုံးခန်းဖွင့်လှစ်အခမ်းအနားမိန့်ခွန်းတွင် ဦးကိုကိုကြီး မှ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တိုင်းရင်းသားများအနေဖြင့် ပါတီထောင်၍
ရွေးကောက်ပွဲသို့ ဝင်နိုင်သော်လည်း မျှောင့်လင့်ချက်မရှိပါက လက်နက်ကိုင်မှ လူရာဝင်ခြင်းကို အားပေးသလိုဖြစ်နေကြောင်း ဦးကိုကိုကြီးကပြောသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူ့ပါတီအနေဖြင့် မဟာမိတ်မူဝါဒကို ကျင့်သုံးကာ လွှတ်တော်ထဲတွင်မြိုင်မြိုင်ဆိုင်ဆိုင်ုဖင့် တစ်ဦးချင်း အားကောင်းသည့်ရည်ရွယ်ချက်များပါနိုင်ရေးအတွက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီး ကပြောကြားခဲ့သည်။
၎င်း တို့ပါတီအနေဖြင့်လည်း လက်ရှိမှာတော့ ပါတီစည်းရုံးရေးအတွက် ပါတီရုံးခန်းများဖွင့်လှစ်ကာ အလားအလာကောင်းသည့် နောရာများကို လိုက်လေ့လာနေပြီး၂၀၂၀ ရွေးကောက်ပွဲကြီးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည့်ဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်စားများနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များစာရင်းကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးကပြောသည်။
လက်ရှိမှာတော့ ပါတီဝင်အင်အားသည် ၁ သောင်းကျော်ရှိနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးတံယွင် ပါတီရုံးခန်းပေါင်း ၅၀ ကျော်ဖွင့်လှစ်ထားကြောင်းသိရသည်။

No comments:

Post a Comment

My Blog List