Monday, September 30, 2019

"ေအာင္ဆန္း" ရုပ္ရွင္ စတင္ရိုက္ကူး


Image may contain: house and outdoorImage may contain: one or more people and people sitting
“ေအာင္ဆန္း"ရုပ္ရွင္ ရဲ႕ ဇာတ္ဝင္ခန္းအခ်ဳိ႕ကို စက္တင္ဘာ(၃၀)ရက္က အမ်ဳိးသားျပတိုက္မွာ စတင္ရိုက္ကူးေနျပီ ျဖစ္ပါတယ္။

“ေအာင္ဆန္း"ရုပ္ရွင္ ဇာတ္ကားမွာ သရုပ္ေဆာင္အသစ္ေတြ ပါဝင္သရုပ္ေဆာင္ရမယ့္အခန္းေတြကို အရင္ရိုက္ကူးသြားမွာျဖစ္တယ္လို႔ အဲ့ဒီဇာတ္ကားမွာ ပါဝင္သရုပ္ေဆာင္မယ့္ သရုပ္ေဆာင္ေက်ာ္ေက်ာ္က ေျပာပါတယ္။
သရုပ္ေဆာင္အသစ္ေတြ သရုပ္ေဆာင္ရမယ့္ဇာတ္ဝင္ခန္းေတြက လူေဟာင္းေတြထက္ ပိုမ်ားတယ္လို႔ သရုပ္ေဆာင္ ေက်ာ္ေက်ာ္ကေျပာပါတယ္။
သရုပ္ေဆာင္ေက်ာ္ေက်ာ္ကေတာ႔ “ေအာင္ဆန္း"ရုပ္ရွင္မွာ သခင္သိန္းေဖျမင့္ေနရာကေန ပါဝင္သရုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။
“ေအာင္ဆန္း"ရုပ္ရွင္ ကို ရန္ကုန္ၿမိဳ ့ အမ်ိဴးသားျပတိုက္က သီဟာသနပလႅင္ အပါအဝင္ မႏၱေလးျမနန္းစံေက်ာ္ ေရႊနန္းေတာ္၊ အင္းဝဆင္က်ံဳးခံတပ္၊ဗားဂရာေက်ာင္း၊ မယ္ႏုအုတ္ေက်ာင္း နတ္ေမာက္ျမိဳ ့က ဗိုလ္ခ်ဳပ္ေနအိမ္ေတြမွာ ရိုက္သြားမွာ ျဖစ္တယ္လို႔ ဒါရိုက္တာလူမင္းက သတင္းစာရွင္းလင္းပြဲေတြမွာ ေျပာၾကားထားပါတယ္။ “ေအာင္ဆန္း"ရုပ္ရွင္ ကို (၂၀၂၀)ျပည့္ႏွစ္မွာ ရံုတင္ႏိုင္ေအာင္ ၾကိဳးစားသြားမယ္လို႔လည္း ဒါရိုက္တာလူမင္းက ေျပာၾကားထားပါတယ္။
Image may contain: outdoor 
သတင္း- သီဟစိုးလြင္
Unicode Version
"အောင်ဆန်း" ရုပ်ရှင် စတင်ရိုက်ကူး
----------------------------
“အောင်ဆန်း"ရုပ်ရှင် ရဲ့ ဇာတ်ဝင်ခန်းအချို့ကို စက်တင်ဘာ(၃၀)ရက်က အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

“အောင်ဆန်း"ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်အသစ်တွေ ပါဝင်သရုပ်ဆောင်ရမယ့်အခန်းတွေကို အရင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ အဲ့ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်ကျော်ကျော်က ပြောပါတယ်။
သရုပ်ဆောင်အသစ်တွေ သရုပ်ဆောင်ရမယ့်ဇာတ်ဝင်ခန်းတွေက လူဟောင်းတွေထက် ပိုများတယ်လို့ သရုပ်ဆောင် ကျော်ကျော်ကပြောပါတယ်။
သရုပ်ဆောင်ကျော်ကျော်ကတော့ “အောင်ဆန်း"ရုပ်ရှင် မှာ သခင်သိန်းဖေမြင့်နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
“အောင်ဆန်း"ရုပ်ရှင် ကို ရန်ကုန်မြို ့ အမျိူးသားပြတိုက်က သီဟာသနပလ္လင် အပါအဝင် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်၊ အင်းဝဆင်ကျုံးခံတပ်၊ဗားဂရာကျောင်း၊ မယ်နုအုတ်ကျောင်း နတ်မောက်မြို ့က ဗိုလ်ချုပ်နေအိမ်တွေမှာ ရိုက်သွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာလူမင်းက သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားထားပါတယ်။ “အောင်ဆန်း"ရုပ်ရှင် ကို (၂၀၂၀)ပြည့်နှစ်မှာ ရုံတင်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဒါရိုက်တာလူမင်းက ပြောကြားထားပါတယ်။
သတင်း- သီဟစိုးလွင်

No comments:

Post a Comment

My Blog List