Monday, September 30, 2019

၂၀၂၀ မတိုင္မီ NLD အစိုးရ ေျဖဆိုရမည့္ နိုင္ငံေရးစာေမးပြဲမ်ား


၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် NLD အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ရစဉ်
၁၉၉၈ ခုႏွစ္ စက္တင္ဘာ ၂၇ ရက္တြင္ စတင္တည္ေထာင္ခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီသည္ ယခုဆိုလၽွင္ သက္တမ္း ၃၁ ႏွစ္ျပည့္ခဲ့ၿပီ ျဖစ္သည္။

NLD ပါတီကို ၁၉၉၈ ခုႏွစ္ စက္တင္ဘာ ၂၇ ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးေအာင္ႀကီး၊ ဟံသာဝတီဦးဝင္းတင္၊ သူရဦးတင္ဦးႏွင့္ ဦးေအာင္ေရႊတို႔က စတင္ဖြဲ႕စည္းခဲ့သည္။
ယင္းကာလတြင္ ေဒၚေအာင္ဆန္းစုၾကည္က ပါတီ၏ အေထြေထြအတြင္းေရးမွူးအျဖစ္ တာဝန္ယူခဲ့သည္။ သို႔ေသာ္ ေဒၚ ေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က် ေနသည့္ ကာလမ်ားတြင္ ဦးေအာင္ေရႊက ပါတီဥကၠ႒အျဖစ္ တာဝန္ယူခဲ့သည္။
၂၀၁၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲက်င္းပၿပီးခ်ိန္တြင္ ေနအိမ္အက်ယ္ခ်ဳပ္မွ ေဒၚေအာင္ဆန္းစုၾကည္ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ NLD ပါတီကို ျပန္လည္ဦးေဆာင္ခဲ့သည္။
ထို႔ေနာက္ ၂၀၁၂  ခုႏွစ္ ၾကားျဖတ္ေရြး ေကာက္ပြဲတြင္ NLD ပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၄၅ ေနရာ ရွိသည့္အနက္ ၄၃ ေနရာအထိ NLD ပါတီက အနိုင္ရခဲ့သည္။
၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲသည္ NLD ပါတီအတြက္ ၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲသို႔ပင္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ေသာင္ၿပိဳကမ္းၿပိဳ အနိုင္ရခဲ့သည္။
ျမန္မာနိုင္ငံ၌ ၂၀၁၆ ခုႏွစ္ ဧၿပီတြင္ ျပည္သူလူထုက ေရြးေကာက္တင္ေျမႇာက္သည့္ အရပ္သားအစိုးရ (သို႔မဟုတ္) NLD အစိုးရ ေပၚေပါက္လာသည္။
၂၀၁၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲအၿပီး ဦးသိန္းစိန္ဦးေဆာင္သည့္ အစိုးရတစ္ရပ္ ရွိခဲ့ေသာ္လည္း ျပည္သူလူထုက စစ္တစ္ပိုင္းအစိုးရအျဖစ္ သတ္မွတ္ထားေသာေၾကာင့္ ၂၀၁၅ ေရြးေကာက္ပြဲၿပီးမွသာ ထြက္ေပၚလာသည့္ NLDအစိုးရကို အရပ္သားအစိုးရအျဖစ္ ျပည္သူမ်ားက ရွုျမင္ၾကသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ဦးသိန္းစိန္ ေခါင္းေဆာင္ေသာ အစိုးရအဖြဲ႕တြင္ ယခင္ ဗိုလ္ခ်ဳပ္ႀကီးမ်ားက အရပ္ဝတ္လဲ၍ ပါဝင္လာေသာေၾကာင့္ ျပည္သူမ်ားမွာ စစ္တစ္ပိုင္း အစိုးရဟု ရွုျမင္ၾကျခင္းျဖစ္သည္။
ကမၻာေပၚတြင္ ျမန္မာနိုင္ငံသည္ ဒီမိုကေရစီတိုက္ပြဲကို ဆင္ႏႊဲခဲ့ရသည့္ နိုင္ငံတစ္နိုင္ငံအျဖစ္ ပါဝင္ခဲ့သည္။ ၁၉၈၈ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ စတင္တည္ေဆာင္ခ်ိန္မွစ၍ NLDပါတီသည္ ျမန္မာနိုင္ငံ၏ ဒီမိုကေရစီခရီးလမ္းတြင္ ျပည္သူမ်ားႏွင့္အတူ ခက္ခဲၾကမ္းတမ္းစြာ ျဖတ္သန္းခဲ့ရသည္။
NLD ပါတီသည္ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ဒီမိုကေရစီတိုက္ပြဲ ဆင္ႏႊဲၿပီးခ်ိန္တြင္ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲ၌ ေသာင္ၿပိဳ ကမ္းၿပိဳ အနိုင္ရရွိခဲ့ၿပီး အစိုးရအာဏာကို ရယူနိုင္ခဲ့သည္မွာ ယခုဆိုလၽွင္ အစိုးရသက္တမ္း သုံးႏွစ္ေက်ာ္သို႔ ေရာက္ရွိခဲ့ၿပီ ျဖစ္သည္။
၁၉၈၈ ပါတီတည္ေထာင္ခ်ိန္မွစ၍ NLD အေပၚ၌ လူထုက ေမၽွာ္လင့္ခ်က္ႀကီးမားစြာျဖင့္ ေထာက္ခံခဲ့ၾကေသာ္လည္း အစိုးရျဖစ္ၿပီး သက္တမ္း သုံးႏွစ္ေက်ာ္ေရာက္ရွိလာခ်ိန္တြင္ ျပည္သူမ်ားအေနျဖင့္ ေထာက္ခံမွုမ်ားအစား ေဝဖန္မွုမ်ားကပို၍ က်ယ္ေလာင္လာခဲ့သည္။
NLD အစိုးရ၏ သက္တမ္းသုံးႏွစ္ေက်ာ္ကာလအတြင္း ဆုတ္ယုတ္လာသည့္ စီးပြားေရးအေျခအေန၊ တိုးတက္မွုေႏွးေကြးသည့္ ၿငိမ္းခ်မ္းေရး၊ အစိုးရအဖြဲ႕ဝင္မ်ား၏ စြမ္းေဆာင္ရည္မ်ား၊ ရခိုင္အေရးေၾကာင့္ ျဖစ္ေပၚလာသည့္ နိုင္ငံတကာဖိအား၊ အရပ္သား အစိုးရလက္ထက္ျဖစ္ေသာ္လည္း ေမးခြန္းထုတ္ရမည့္ လြတ္လပ္စြာေျပာဆိုေရးသားခြင့္ႏွင့္ ေရြးေကာက္ပြဲကတိကဝတ္မ်ားကို အေကာင္အထည္ ေဖာ္ေဆာင္နိုင္မွု စသည့္ အေၾကာင္းအရာမ်ားသည္ NLD အစိုးရအေပၚ လူထု၏ယုံၾကည္မွုက ေလ်ာ့ပါးေစခဲ့သည္။
ယခုကဲ့သို႔ေသာ အေျခအေနမ်ားေၾကာင့္ NLD အစိုးရ၏ သက္တမ္းသုံးႏွစ္ေက်ာ္အတြင္း လူထုက ခ်ီးက်ဴးေထာက္ခံမွုမ်ားအစား ေဝဖန္မွုမ်ားကသာ ပိုမ်ားလာခဲ့ျခင္းလည္း ျဖစ္သည္။
မၾကာမီကာလျဖစ္သည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ အေထြေထြေရြးေကာက္ပြဲ က်င္းပေတာ့မည္ျဖစ္သည္။ NLDအစိုးရ သက္တမ္း ငါးႏွစ္သည္လည္း တစ္ႏွစ္ေက်ာ္သာ က်န္ေတာ့သည့္ အေျခအေနတြင္ ရွိေနသည္။  ၿပီးခဲ့သည့္ NLDအစိုးရ၏ သုံးႏွစ္ေက်ာ္ သက္တမ္းအတြင္း ျမန္မာ့နိုင္ငံေရးသည္ ထင္သေလာက္ခရီးမေပါက္ခဲ့ေၾကာင္း နိုင္ငံေရးေလ့လာသူမ်ားက သုံးသပ္ၾကသည္။
ယခုဆိုလၽွင္ NLDအစိုးရအေနျဖင့္ လက္က်န္သက္တမ္း တစ္ႏွစ္ေက်ာ္ရွိေနခ်ိန္တြင္ ျမန္မာ့နိုင္ငံေရး၌ အစမ္းသပ္ခံေျဖဆိုရမည့္ စာေမးပြဲမ်ားက ေစာင့္ႀကိဳ၍ေနသည္။
■ တိုင္းရင္းသားအေရး
NLD ပါတီ၏ ၂၀၁၅ ေရြးေကာက္ပြဲ ေၾကညာစာတမ္းတြင္ တိုင္းရင္းသားအေရး သည္ နံပါတ္ (၁)  ဦးစားေပးေနရာတြင္ ပါဝင္သည္။
NLD ေရြးေကာက္ပြဲေၾကညာ စာတမ္းတြင္ တိုင္းရင္းသားအေရးႏွင့္ ပတ္သက္ၿပီး အခ်က္ေျခာက္ခ်က္ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ယင္းအခ်က္မ်ားအနက္ နံပါတ္ (၃) အခ်က္ျဖစ္သည့္ လြတ္လပ္ျခင္း၊ တူညီေသာအခြင့္အေရးရရွိျခင္းႏွင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရွိျခင္းတို႔ႏွင့္ ျပည့္စုံေသာ စစ္မွန္သည့္ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာင္ေရးကို ဦးတည္ေဆာင္ရြက္မည္ဆိုသည့္အခ်က္ကို NLD အစိုးရအေနျဖင့္ သက္တမ္း သုံးႏွစ္ေက်ာ္အတြင္း ေဖာ္ေဆာင္နိုင္ျခင္း ရွိ မရွိ ျပန္လည္ဆန္းစစ္ရန္ လိုေပသည္။
ထိုသို႔ ျပန္လည္ဆန္းစစ္မည္ဆိုပါက NLD အစိုးရသက္တမ္း သုံးႏွစ္ေက်ာ္အတြင္း တိုင္းရင္းသားမ်ား အေနျဖင့္ လြတ္လပ္ျခင္း၊ တူညီေသာ အခြင့္အေရးရရွိျခင္းႏွင့္ ကိုယ့့္ၾကမၼာ ကိုယ္ဖန္တီး နိုင္ခြင့္ရွိၿပီလားဆိုသည္ကို ေမးခြန္းထုတ္ရဖြယ္ရွိသည္။
၂၀၁၅ ေရြးေကာက္ပြဲအၿပီးတြင္ NLD ပါတီအေနျဖင့္ ျပည္ေထာင္စုအစိုးရဖြဲ႕နိုင္ရန္ အနိုင္ရလဒ္ ရရွိခဲ့ေသာ္လည္း ရွမ္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ စသည့္တိုင္းရင္းသား မဲဆႏၵနယ္မ်ားတြင္ ရွုံးနိမ့္ခဲ့သည္။ ရွမ္းႏွင့္ ရခိုင္တြင္ တိုင္းရင္းသားပါတီမ်ားက ကိုယ္စားလွယ္အမ်ားစု အနိုင္ရခဲ့ေသာ္လည္း ျပည္ နယ္ဝန္ႀကီးခ်ဳပ္ ေနရာအတြက္ ေရြးခ်ယ္ျခင္း မခံခဲ့ရေပ။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ သမၼတက ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို ခန႔္အပ္ရာတြင္ NLD ပါတီအေနျဖင့္ ကိုယ္စားလွယ္ေနရာ အမ်ားစု အနိုင္ရသည့္ တိုင္းရင္းသားပါတီမ်ားမွ ကိုယ္စားလွယ္ကို ဝန္ႀကီးခ်ဳပ္ မခန႔္အပ္ဘဲ ၎ပါတီမွ ကိုယ္စားလွယ္ကိုသာ ဝန္ႀကီး ခ်ဳပ္ခန႔္အပ္ခဲ့သည္။ ထို႔ေၾကာင့္ NLD ပါတီ ၏ ၂၀၁၅ ေရြးေကာက္ပြဲ ေၾကညာစာတမ္းပါ တိုင္းရင္းသားမ်ား ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ဆိုသည့္အခ်က္မွာ ေလထဲတြင္ တိုက္အိမ္ေဆာက္သကဲ့သို႔ ျဖစ္ခဲ့ရသည္။
ေနာက္ပိုင္းတြင္ NLD အစိုးရႏွင့္ ျပည္နယ္မ်ားရွိ ေဒသခံတိုင္းရင္းသားမ်ားအၾကား ပြတ္တိုက္မွုအခ်ိဳ႕က ႀကီးႀကီးမားမားရွိခဲ့သည္။
ထင္ရွားသည့္ ျဖစ္စဥ္အခ်ိဳ႕ကို ျပရလၽွင္ မြန္ျပည္နယ္တြင္ ေဒသခံတိုင္းရင္းသားမ်ား ကန႔္ကြက္ဆႏၵျပေနသည့္ၾကားက ေခ်ာင္းဆုံတံတားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတား အမည္ေျပာင္း၍ ဖြင့္လွစ္ခဲ့ျခင္း၊ ရခိုင္ျပည္နယ္ တြင္ ၂၀၁၄ ခုႏွစ္မွ စတင္၍ က်င္းပလာသည့္ ရခိုင္ဘုရင့္နိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာ က်ဆုံးမွုအထိမ္းအမွတ္ စာေပေဟာေျပာပြဲ တားျမစ္မွုအေပၚ ေဒသခံျပည္သူမ်ားက မေက်နပ္သည့္အတြက္ လူစုလူေဝး ျဖစ္ေပၚခဲ့ျခင္း(ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံတိုင္းရင္း သား လူစုလူေဝးအၾကား ပဋိပကၡအခ်ိဳ႕ျဖစ္ ေပၚခဲ့ၿပီး ရဲတပ္ဖြဲ႕က ပစ္ခတ္ႏွိမ္နင္းမွုေၾကာင့္ လူခုနစ္ဦး ေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရရွိ)၊ ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တု ျပည္နယ္အစိုးရက စိုက္ထူသည့္ အ ေပၚတြင္ ေဒသခံတိုင္းရင္းသားမ်ားက သေဘာမတူသည့္အတြက္ ဆႏၵထုတ္ေဖာ္မွုမ်ားရွိလာျခင္း၊ ကရင္အာဇာနည္ေန႔အခမ္းအနား က်င္းပသည္ကို အာဇာနည္ စကားရပ္မသုံးရန္ တိုင္းအစိုးရ ပိတ္ပင္ထားေသာ္လည္း ရန္ကုန္ၿမိဳ႕တြင္ ကရင္အာဇာနည္ေန႔ဆိုၿပီး အခမ္းအနား က်င္းပခဲ့သည့္အတြက္ ေဒၚေနာ္အုန္းလွ အပါအဝင္ သုံးဦးကိုတရားစြဲသည့္အေပၚ ကရင္တိုင္းရင္းသားမ်ားက ကန႔္ ကြက္ေတာင္းဆိုမွုမ်ား ရွိလာျခင္း စသည့္ ျဖစ္စဥ္မ်ားက NLDအစိုးရႏွင့္ ျပည္နယ္မ်ား ရွိ ေဒသခံတိုင္း ရင္းသားမ်ားအၾကား ပြတ္တိုက္မွုသဖြယ္ ျဖစ္ပြားခဲ့သည္။ ထို႔ေၾကာင့္ NLD ပါတီ၏ ၂၀၁၅ ေရြးေကာက္ပြဲ ေၾကညာစာတမ္းတြင္ပါဝင္သည့္ လြတ္လပ္ျခင္းႏွင့္ တူညီေသာအခြင့္အေရးရရွိျခင္းကို တိုင္းရင္းသားမ်ား လက္ေတြ႕မခံစားရေသးေၾကာင္း ယင္းျဖစ္စဥ္မ်ားက ခိုင္လုံေသာသက္ေသ ပင္ျဖစ္သည္။
ထိုသို႔ေသာအေျခအေနမ်ားေၾကာင့္ ၂၀၁၇ ႏွင့္ ၂၀၁၈ တြင္ က်င္းပသည့္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ားတြင္ NLD ပါတီအေနျဖင့္ တိုင္းေဒသႀကီး မဲဆႏၵနယ္အမ်ားစု၌ အနိုင္ရခဲ့ေသာ္လည္း ရွမ္း၊ ရခိုင္၊ မြန္၊ ခ်င္း စသည့္ တိုင္းရင္းသားျပည္နယ္မ်ားရွိ မဲဆႏၵနယ္အခ်ိဳ႕တြင္ အေရးနိမ့္ခဲ့ၿပီး ဝန္ထမ္းအမ်ားစုရွိရာ ရန္ကုန္ၿမိဳ႕ ဆိပ္ကမ္းမဲဆႏၵနယ္တြင္လည္း အနိုင္ရခဲ့ျခင္းမရွိခဲ့ေပ။
၂၀၂၀ ေရြးေကာက္ပြဲတြင္လည္း တိုင္းရင္းသားျပည္နယ္အခ်ိဳ႕တြင္ NLD ပါတီ အနိုင္ရရွိနိုင္ေျခနည္း ပါးသည္ဟု တိုင္းရင္းသားအေရးႏွင့္ နိုင္ငံေရးေလ့လာသူမ်ားက သုံးသပ္ထားၾကသည္။
ထို႔ျပင္ ၁၉၉၀ ေရြးေကာက္ပြဲကတည္းက NLD ပါတီႏွင့္အတူ ဒီမိုကေရစီအေရးကို တိုက္ပြဲဝင္လာသည့္ တိုင္းရင္းသားပါတီမ်ားႏွင့္လည္း ယခုအခါတြင္ မဟာမိတ္ပုံစံအေနအထားမွာ ယိုယြင္းလာသည့္အေျခအေန ေရာက္ရွိေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ NLD အစိုးရ ေႂကြးေၾကာ္ထားသည့္ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာင္ေရးသည္ တိုင္းရင္းသားအခ်င္းခ်င္းအၾကားတြင္ စည္းလုံးညီညြတ္မွု၊ တန္းတူညီမၽွမွုကို မတည္ေဆာက္နိုင္ပါက လက္ေတြ႕ျဖစ္လာဖြယ္ မရွိေၾကာင္း တိုင္းရင္းသားပါတီမ်ားႏွင့္ နိုင္ငံေရးေလ့လာသူမ်ားက သုံးသပ္မွုမ်ား ရွိေနသည္။
■ ၿငိမ္းခ်မ္းေရးအရွိန္
ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ပတ္သက္ၿပီး NLD အစိုးရအေနျဖင့္ ဦးသိန္းစိန္ အစိုးရထားခဲ့သည့္ တစ္နိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မွု ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လမ္းေၾကာင္းအေမြကို ဆက္ခံခဲ့သည္။
ၿငိမ္းခ်မ္းေရးသည္ NLD အစိုးရ၏ ေရြးေကာက္ပြဲ ေၾကညာစာတမ္းတြင္ ပါဝင္သည့္ အဓိက အခ်က္တစ္ခ်က္ျဖစ္သည္။ ထို႔ျပင္ အစိုးရသက္တမ္း သုံးႏွစ္ေက်ာ္ကာလအတြင္း နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ၿငိမ္းခ်မ္းေရးကိုသာ ဦးစားေပးလုပ္ေဆာင္ခဲ့သည္။
NLD အစိုးရသက္တမ္း သုံးႏွစ္ေက်ာ္ ကာလအတြင္း  ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လုံအစည္းအေဝးကို သုံးႀကိမ္က်င္းပနိုင္ခဲ့ၿပီး  NCA စာခ်ဳပ္တြင္ မြန္ႏွင့္ လားဟူအဖြဲ႕တို႔ လက္မွတ္ေရး ထိုးနိုင္ခဲ့ေသာ္လည္း က်န္ရွိေနသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကိုမူ NCA တြင္ ပါဝင္လာရန္ စည္း႐ုံးနိုင္ျခင္း မရွိေသးေပ။
ထို႔ျပင္  ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစုပင္လုံ ဒုတိယအႀကိမ္ အစည္းအေဝးက သေဘာတူညီခ်က္ ၃၇ ခ်က္ႏွင့္ တတိယအႀကိမ္ အစည္းအေဝးက သေဘာတူညီခ်က္ ၁၄ ခ်က္ စုစုေပါင္း သေဘာတူညီခ်က္ ၅၁ ခ်က္ ရရွိခဲ့ေသာ္လည္း အေရးႀကီးသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ ဆိုင္ရာ အေျခခံမူမ်ားမွာ ပါဝင္လာျခင္း မရွိသည့္အေပၚ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက ေထာက္ျပၾကသည္။
သို႔ေသာ္ ၂၀၁၈ အတြင္း ညီလာခံတစ္ႀကိမ္ႏွင့္ ၂၀၁၉ တြင္ ညီလာခံႏွစ္ႀကိမ္ က်င္းပသြားမည္ျဖစ္ၿပီး ယင္းညီလာခံသုံးႀကိမ္တြင္ အေရးႀကီးသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ဆိုင္ရာ အေျခခံမူမ်ား အၿပီးအျပတ္ခ်မွတ္၍ အနာဂတ္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုအတြက္ အေျခခံအုတ္ျမစ္ ခိုင္ခိုင္မာမာ တည္ေဆာက္ေပးရန္ ေမၽွာ္မွန္းထားေၾကာင္းကို ေဒၚေအာင္ဆန္းစုၾကည္က ျပည္ေထာင္ စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာ စုပင္လုံ တတိယအစည္းအေဝး ဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားထားသည္။
ထိုသို႔ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ေသာ္လည္း ၂၀၁၈ ခုႏွစ္တြင္ ညီလာခံတစ္ႀကိမ္ က်င္းပမည္ဆိုသည္မွာ ျဖစ္မလာသကဲ့သို႔ ယခုႏွစ္ ၂၀၁၉ တြင္လည္း ညီလာခံႏွစ္ႀကိမ္ က်င္းပမည္ဆိုသည္မွာ ျဖစ္နိုင္ဖြယ္နည္း ပါးေနသည္။
ၿငိမ္းခ်မ္းေရးအတြက္ အေရးႀကီးေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ဆိုင္ရာ အေျခခံမ်ား ရရွိေရး ေဆာင္ရြက္ရာတြင္ အဆင္ေျပေစရန္ရည္ရြယ္၍ ႏွစ္ဖက္ေခါင္းေဆာင္မ်ား သီးသန႔္အစည္းအေဝးကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္က ေနျပည္ေတာ္၌ က်င္းပခဲ့သည္။ ယင္းထိပ္သီး အစည္းအေဝးသို႔ အစိုးရဘက္မွ နိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ဘက္မွ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီးမင္းေအာင္လွိုင္ႏွင့္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ ေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ၾကသည္။
ေနျပည္ေတာ္ ေရႊစံအိမ္ဟိုတယ္တြင္ ေအာက္တိုဘာ ၁၅ ရက္မွ ၁၆ ရက္ အထိ ႏွစ္ရက္ၾကာ အစိုးရ၊ တပ္မေတာ္ႏွင့္ NCA-SEAO ေခါင္းေဆာင္မ်ားက သီးသန႔္အစည္းအေဝး ျပဳလုပ္ခဲ့ၿပီးေနာက္ သေဘာတူညီခ်က္မ်ား ခ်မွတ္ခဲ့သည္။
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ ရာစုပင္လုံ တတိယအစည္းအေဝး၏ ထုတ္ျပန္ေၾကညာခ်က္ပါ၂၀၂၀ ျပည့္ႏွစ္ မတိုင္မီက်င္းပရန္ ေမၽွာ္မွန္းထားသည့္ ညီလာခံ သုံးႀကိမ္တြင္ အေရးႀကီးသည့္ ဒီမိုကေရ စီႏွင့္ ဖက္ဒရယ္ဆိုင္ရာအေျခခံမူမ်ား ခ်မွတ္နိုင္ေရးအတြက္ လိုအပ္သည့္ အခ်ိန္ဇယားႏွင့္ ဦးစားေပးလုပ္ငန္းစဥ္မ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ နိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ သေဘာတူညီမွုရရွိရန္လိုအပ္ေနသည့္ ကိစၥရပ္မ်ားအား ေျဖရွင္းေက်ာ္လႊားနိုင္ေရး၊ လက္ရွိ နိုင္ငံေရး ေဆြးေႏြးမွုပုံစံကို ပိုမိုရွင္းလင္းလြယ္ကူေအာင္ ေဆာင္ရြက္ေရး၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္ ေခါင္းေဆာင္မ်ားအၾကား သေဘာ တူညီခ်က္မ်ားရယူၿပီး ယင္းသေဘာတူညီ ခ်က္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ ရြက္ေရး၊ NCA အခန္း (၅)၊ နိုင္ငံေရးလမ္း ျပေျမပုံခ်မွတ္ျခင္း အပိုဒ္ ၂၀ (ဂ) ပါ လုံျခဳံေရး ဆိုင္ရာ ျပန္လည္ ေပါင္းစည္းျခင္းကိစၥရပ္မ်ား၊ လုပ္ငန္းစဥ္မ်ားကို ညႇိႏွိုင္းေဆြးေႏြးမွုမ်ား စတင္ျပဳလုပ္ေရး၊ NCA လက္မွတ္မထိုးရ ေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းမ်ား အားလုံးပါဝင္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေရး၊ ပစ္ခတ္တိုက္ခိုက္မွုရပ္စဲေရး ပိုမိုခိုင္မာေအာင္ ေဆာင္ရြက္ရာတြင္ NCA ပါ သေဘာတူညီခ်က္မ်ားအတိုင္း ဆက္လက္ေဆြးေႏြးညႇိႏွိုင္းေဆာင္ရြက္ေရးစသည့္ အခ်က္မ်ားကိုလည္း သေဘာတူညီမွု ရရွိခဲ့သည္။
ထို႔ျပင္ အစိုးရ၊ တပ္မေတာ္ႏွင့္ NCA-SEAO ေခါင္းေဆာင္မ်ား အစည္းအေဝးကို နိုဝင္ဘာမကုန္မီ ထပ္မံ ေတြ႕ဆုံေဆြးေႏြးရန္ ညႇိႏွိုင္းထားေသာ္လည္း လက္ရွိအခ်ိန္အထိ ေတြ႕ဆုံနို္င္ျခင္း မရွိေတာ့ေပ။
ထိုသို႔ေသာအေျခအေနတြင္ ရခိုင္ျပည္ နယ္တြင္ ရခိုင္အဖြဲ႕ (AA) ၏ အၾကမ္းဖက္ဝင္ ေရာက္တိုက္ခိုက္မွု၊ ရွမ္းျပည္နယ္တြင္ ေျမာက္ပိုင္း မဟာမိတ္သုံးဖြဲ႕ျဖစ္သည့္ တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန႔္ အဖြဲ႕(MNDAA)ႏွင့္ ရခိုင္ အဖြဲ႕ (AA) တို႔၏ အၾကမ္းဖက္ တိုက္ခိုက္မွုမ်ားေၾကာင့္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္တြင္ အားလုံးပါဝင္ေရးမူမွာ တစ္စထက္တစ္စ ပိုမိုေဝ၀ါးလာသည့္အေျခအေန ေရာက္လာ ခဲ့သည္။ 
■ ဖြဲ႕စည္းပုံျပင္ဆင္ေရးခရီး
ၿငိမ္းခ်မ္းေရးဟုေျပာလၽွင္ ၂၀၀၈ ဖြဲ႕ စည္းပုံျပင္ဆင္ေရးက ေနာက္တြင္ပါလာသည္။ NLD အစိုးရ၏ ေရြးေကာက္ပြဲ ေၾကညာစာတမ္းတြင္ ဖြဲ႕စည္းပုံျပင္ဆင္ေရးကိုလည္း အဓိကက်သည့္ အခ်က္အျဖစ္ ေဖာ္ၿပ ထားသည္။
၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲအၿပီး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ NLD လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအေနျဖင့္ လႊတ္ေတာ္တြင္း ေရာက္ရွိခ်ိန္တြင္ ဖြဲ႕စည္းပုံကို  ျပင္ဆင္ရန္အတြက္ နည္းမ်ိဳးစုံျဖင့္ ႀကိဳးပမ္းခဲ့သည္။ ေလးပြင့္ဆိုင္ေတြ႕ဆုံမွုမွ ဖြဲ႕စည္းပုံျပင္ဆင္ရန္ ႀကိဳးစားရာတြင္ ေအာင္ျမင္မွု မရွိခဲ့သည့္အျပင္ NLD ပါတီႏွင့္ ၈၈ ၿငိမ္းပြင့္တို႔ ပူးေပါင္းၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၃၆ ျပင္ဆင္ေရးအတြက္ လူထုဆႏၵေကာက္ခံရာတြင္ လက္မွတ္ ငါးသန္းေက်ာ္ရရွိခဲ့ေသာ္လည္း အခ်ည္းႏွီးသာ ျဖစ္ခဲ့သည္။
ေနာက္ဆုံးတြင္ သူရဦးေရႊမန္းႏွင့္ ပူးေပါင္းၿပီး ႏွစ္ႏွစ္ေက်ာ္အခ်ိန္ယူကာ လႊတ္ေတာ္တြင္း ဖြဲ႕စည္း ပုံျပင္ဆင္ရန္ ႀကိဳးပမ္းရာ၌ သမၼတအရည္အခ်င္းျပ႒ာန္းခ်က္တြင္ စစ္ေရးအျမင္အစား ကာကြယ္ေရးအျမင္ဆိုသည့္ စကားလုံးတစ္လုံးကိုသာ ေျပာင္းလဲနိုင္ခဲ့ၿပီး အဆုံးသတ္ခဲ့သည္။
ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းတြင္ လႊတ္ေတာ္တြင္း ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ႀကိဳးပမ္းခဲ့ရာတြင္ မေအာင္ျမင္သည့္အတြက္ NLD အစိုးရက ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမွုမွ တစ္ဆင့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္မည့္လမ္းကို ေရြးခဲ့သည္။
သို႔ေသာ္ ၿငိမ္းခ်မ္းေရးမွတစ္ဆင့္ ဖြဲ႕စည္းပုံျပင္ဆင္ရန္ႀကိဳးပမ္းမွုသည္ NLD အစိုးရ သက္တမ္းအတြင္း ျဖစ္နိုင္ေျခနည္းပါးသည့္ အေနအထားျဖစ္ေနသည္ဟု နိုင္ငံေရးေလ့လာသူမ်ားက သုံးသပ္ၾကသည္။
ထိုသို႔ေသာအေျခအေနတြင္ NLD အေနျဖင့္ လႊတ္ေတာ္တြင္ ဖြဲ႕စည္းပုံဥပေဒျပင္ဆင္ရန္ ႀကိဳးပမ္းလာခဲ့သည္။ အစိုးရလက္ က်န္သက္တမ္းတစ္ႏွစ္ေက်ာ္သာ က်န္ရွိခ်ိန္တြင္ ထိုသို႔ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို NLD အေနျဖင့္ ႀကိဳးပမ္းလာျခင္းသည္ ၂၀၁၅ ေရြးေကာက္ပြဲ ကတိကဝတ္ကို လုပ္ေဆာင္ခဲ့ သည္ဆိုသည့္ အဓိပၸာယ္ထက္ မပိုနိုင္ေၾကာင္း နိုင္ငံေရးေလ့လာသူမ်ားက ဆိုသည္။
လက္ရွိတြင္ ၄၅ ဦးပါ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို ဖြဲ႕ စည္းထားၿပီး ေကာ္မ တီက တင္ျပထားသည့္ အခ်က္ေပါင္း ၃၇၆၅ ခ်က္ကို ဥပေဒၾကမ္းအျဖစ္ တင္သြင္းနိုင္ရန္ အစည္းအေဝးမ်ား ဆက္လက္က်င္းပလ်က္ရွိသည္။ သို႔ေသာ္ ပူးေပါင္းေကာ္မတီတြင္ ပါဝင္သည့္ အမ်ိဳး သားညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးႏွင့္ ရခိုင္အမ်ိဳးသား ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးမွာ ေကာ္မတီမွ ႏုတ္ထြက္စာတင္ခဲ့သည္။
အမ်ိဳးသားညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီဥကၠ႒မအူပင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ဦးစိန္ဝင္းက သမိုင္းတရားခံ အျဖစ္မခံနိုင္ဟုဆိုကာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီမွ ႏုတ္ထြက္စာကို စက္တင္ဘာ ၂ ရက္တြင္ တင္ခဲ့သည္။
အလားတူ ရခိုင္အမ်ိဳးသားပါတီက လည္း တိုင္းရင္းသားမ်ားလိုလားေသာ ‘စစ္မွန္သည့္ ဖက္ဒရယ္ျပည္ေထာင္စု’ တည္ ေဆာက္ေရးအခန္းက႑မွာ ပီျပင္စြာပါဝင္နိုင္ရန္ အေျခအေနမရွိေတာ့သည့္အျပင္ ဗဟိုခ်ဳပ္ကိုင္မွုစနစ္က်င့္သုံးၿပီး လက္ရွိအာဏာရပါတီ၏ တည္ျမဲေရးကိုသာ ရည္ရြယ္ေနေၾကာင္း ေတြ႕ျမင္လာရသျဖင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦး ႏုတ္ထြက္ခဲ့ေၾကာင္း  ၾသဂုတ္ ၃ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။
တစ္ဖက္တြင္လည္း NLD ၏ ဖြဲ႕စည္း ပုံအေျခခံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႕ စည္းရန္ အဆိုတင္သြင္းခ်ိန္ကစ၍ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္ မညီဟုဆိုကာ ကန႔္ကြက္မွုမ်ားရွိခဲ့ၿပီး လႊတ္ေတာ္တြင္း NLD လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ တပ္ မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအၾကား ပြတ္တိုက္မွုက ႀကီးမားခဲ့သည္။ ထို႔ေၾကာင့္ NLD အေနျဖင့္ အစိုးရလက္က်န္သက္တမ္းအတြင္း အရပ္ဘက္-တပ္ဘက္ ဆက္ဆံေရးကို မထိခိုက္ေစရန္ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို မည္သို႔ဆက္လက္ လုပ္ေဆာင္သြားမည္ဆိုသည္မွာ စိတ္ဝင္စားစရာေကာင္းလွသည္။ 
■ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ အေျခအေန
ျမန္မာနိုင္ငံတြင္ တပ္မေတာ္အစိုးရလက္ထက္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အတည္ျပဳၿပီးေနာက္ပိုင္း ၂၀၁၀ တြင္ အေထြေထြေရြးေကာက္ပြဲ က်င္းပခဲ့သည္။ ယင္းေရြးေကာက္ပြဲတြင္ တပ္မေတာ္မွ အရပ္ဘက္ သို႔ ကူးေျပာင္းလာေသာ ဗိုလ္ခ်ဳပ္ႀကီး အမ်ားစုပါဝင္သည့္ ျပည္ခိုင္ၿဖိဳးပါတီမွာ မဲဆႏၵနယ္အမ်ားစုတြင္ အနိုင္ရရွိခဲ့ၿပီး သမၼတဦးသိန္းစိန္ ဦးေဆာင္သည့္ အစိုးရတစ္ရပ္ေပၚ ထြက္လာသည္။
ဒီမိုကေရစီကို ေဖာ္ေဆာင္ေပးမည္ဟု ေျပာၾကားခဲ့သည့္ သမၼတဦးသိန္းစိန္လက္ထက္တြင္ စာေပကင္ေပတိုင္အျဖစ္ လူသိမ်ားသည့္ စာေပစိစစ္ေရးကို ဖ်က္သိမ္းေပးျခင္း၊ ပုဂၢလိကသတင္းစာမ်ားကို ျပန္လည္ထုတ္ေဝခြင့္ေပးျခင္း၊ သံခ်ပ္မ်ားကို ျပန္လည္ခြင့္ျပဳေပးျခင္းႏွင့္ ဥပေဒတစ္ရပ္ေရးဆြဲ၍ ဆႏၵျပျခင္းကို ခြင့္ျပဳေပးခဲ့သည့္အတြက္ ယခင္ကထက္စာလၽွင္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္သည္ အနည္းငယ္လြတ္လပ္မွုရွိလာသည္ဟု သုံးသပ္မွုမ်ားရွိခဲ့သည္။
ထိုသို႔ေသာ အေျခအေနမ်ားမွ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲအၿပီး NLD အစိုးရ ျဖစ္လာခ်ိန္တြင္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္သည္ ဦးသိန္းစိန္အစိုးရ လက္ထက္ကထက္ ပို၍လြတ္လပ္လာ နိုင္သည္ဟု အမ်ားကယုံၾကည္ခဲ့ၾကသည္။
ထိုသို႔ ယုံၾကည္ရျခင္း၏ အေျခခံ အေၾကာင္းတရားမ်ားကလည္း ရွိခဲ့သည္။ NLD အစိုးရ စတင္တာဝန္ယူခ်ိန္တြင္ ဦးသိန္းစိန္လက္ထက္က အမ်ိဳးသားပညာေရးဥပေဒၾကမ္းကို ကန႔္ကြက္ဆႏၵ ထုတ္ေဖာ္ခဲ့သည့္အတြက္ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး တရားရင္ဆိုင္ေနရသည့္ ေက်ာင္းသားမ်ား၏ အမွု ကို သမၼတသစ္ ဦးထင္ေက်ာ္က ပိတ္သိမ္း၍ ျပန္လႊတ္ေပးခဲ့သည္။
ထို႔ျပင္ ဦးသိန္းစိန္လက္ထက္က အစိုးရကို ဆႏၵျပျခင္းေၾကာင့္ နိုင္ငံေရးပုဒ္မမ်ားျဖင့္ အက်ဥ္းက်ေနသည့္ နိုင္ငံေရးသမားမ်ား၊ တက္ႂကြလွုပ္ရွားသူမ်ား၊ အလုပ္သမားႏွင့္ လယ္သမားမ်ားကိုလည္း လြတ္ၿငိမ္းခ်မ္းသာ ခြင့္ ေပးခဲ့သည္။
ထိုသို႔ လုပ္ေဆာင္မွုမ်ားသည္ NLD အစိုးရလက္ထက္ ကနဦးအစတြင္ လြတ္လပ္စြာထုတ္ ေဖာ္ေျပာဆိုခြင့္အတြက္ ေကာင္းမြန္သည့္ ေျခလွမ္းမ်ားျဖစ္သည္ဟု သုံးသပ္မွုမ်ား ရွိခဲ့သည္။
သို႔ေသာ္ NLD ဦးေဆာင္ေသာ အရပ္သားအစိုးရလက္ထက္ သက္တမ္း သုံးႏွစ္ ေက်ာ္ေရာက္ရွိခ်ိန္တြင္ ျမန္မာနိုင္ငံ၏ လြတ္လပ္စြာထုတ္ေဖာ္ ေျပာဆိုခြင့္သည္ ယခင္အေျခအေနမ်ားထက္ ဆိုးရြားလာသည္ ဟု အရပ္ဘက္အဖြဲ႕အစည္းမ်ားက ထုတ္ျပန္ေသာ သုေတသနစာတမ္းမ်ားက ဆိုသည္။
၂၀၁၉ ၾသဂုတ္လကုန္အထိ ျမန္မာနိုင္ငံတြင္ နိုင္ငံေရးလွုပ္ရွားမွုမ်ားေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံရသူႏွင့္ ေထာင္ျပင္ပမွ တရားရင္ဆိုင္ေနရသူ စုစုေပါင္း ၆၃၀ ရွိ ေၾကာင္း နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ေရးအသင္း (AAPP) က သတင္းထုတ္ျပန္သည္။
လက္ရွိ အက်ဥ္းက်ခံ နိုင္ငံေရးအက်ဥ္း သား ၅၀ ရွိၿပီး တက္ႂကြလွုပ္ရွားသူ ၁၇၉ ဦး ေထာင္တြင္းမွ တရားရင္ဆိုင္ေနရကာ ၄၀၁ ဦးသည္ ေထာင္ျပင္ပမွ တရားရင္ဆိုင္ေနရ သည္ဟု AAPP အစီရင္ခံစာ အရ သိရသည္။
ၾသဂုတ္လအတြင္း တရားစြဲဆိုခံရသူ ၁၁၉ ဦးရွိရာတြင္ ရာဇသတ္ႀကီးဥပေဒ၊ အ ၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ၊  ၿငိမ္းစုစီဥပေဒ၊ ဆက္သြယ္ေရးဥပေဒ၊ ျပည္သူပိုင္ဖ်က္ဆီးမွု ဥပေဒ စသည့္ဥပေဒမ်ား ပါပုဒ္မမ်ားျဖင့္ စြဲဆိုခံရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိိသည္။
ၿငိမ္းစုစီဥပေဒ၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ  ၅၀၅ (က)၊ (ခ)၊ ဆက္သြယ္ေရးဥပေဒႏွင့္ နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လုံျခဳံမွုကို ကာကြယ္ေပးေရးဥပေဒတို႔သည္ တက္ႂကြလွုပ္ရွားသူမ်ားကို ကန႔္သတ္သည့္ ဥပေဒျဖစ္လာသည္ဟု AAPP က ဆိုသည္။
နိုင္ငံအတြင္း လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္၏ လက္ရွိအေျခအေနသည္ ပိုမိုတင္းက်ပ္သည့္ အေနအထားသို႔ ဦးတည္လ်က္ရွိၿပီး ထိုအျခင္းအရာကို ပုဒ္မ ၅၀၅ (က) ျဖင့္ ေထာင္တစ္ႏွစ္ခ် မွတ္ခံရသည့္ ဒါရိုက္တာမင္းထင္ကိုကိုႀကီး၊ 7 July ခ်ီတက္လမ္းေလၽွာက္မွုေၾကာင့္ ၿငိမ္းစုစီဥပေဒ ပုဒ္မ ၁၉ ျဖင့္ ေထာင္ဒဏ္၊ ေငြဒဏ္ခ်မွတ္ခံရသည့္ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား ျဖစ္စဥ္တို႔က ထင္ရွားစြာျပသလ်က္ရွိသည္ဟု AAPP အစီရင္ခံစာက ေဖာ္ျပသည္။
NLD အစိုးရလက္ထက္တြင္ ဧည့္စာရင္း တိုင္ရမည့္ပုဒ္မမ်ားကို ဖ်က္သိမ္းျခင္း၊ နိုင္ငံေရးသမားမ်ားကို အခ်ိန္မေရြးဖမ္းဆီးေထာင္ခ်နိုင္သည့္ ပုဒ္မ ၅ (ည) လို ဥပေဒကို ဖ်က္သိမ္းျခင္းမ်ားရွိခဲ့ေသာ္လည္း ဆက္သြယ္ေရးဥပေဒ ျပင္ဆင္ရာ၌ ပုဒ္မ ၆၆ (ဃ)ကို မပယ္ဖ်က္ခဲ့ျခင္း၊ ၿငိမ္းခ်မ္းစြာ စုေဝးျခင္းႏွင့္ စီတန္းလွည့္လည္ျခင္းဆိုင္ရာဥပေဒကို ပိုမိုတင္းက်ပ္သည့္ အေျခအေနျဖစ္ရန္ ဖန္တီးျပင္ဆင္ျခင္း၊ ရန္ကုန္တိုင္းေဒသႀကီး ၁၁ ၿမိဳ႕နယ္တြင္ ဆႏၵထုတ္ေဖာ္ခြင့္ပိတ္ပင္ခဲ့ျခင္း၊ လူမွုကြန္ရက္မ်ားကို အစိုးရက ေစာင့္ၾကည့္ထိန္းေက်ာင္းျခင္း၊ နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္ခြင့္ႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံျခဳံ မွုကိုကာကြယ္ေပးေရးဥပေဒျဖင့္ တရားစြဲျခင္း၊ ေဆြးေႏြးပြဲ၊ ဆုေတာင္းပြဲမ်ားႏွင့္ ကဗ်ာရြတ္ဆိုပြဲမ်ားကိုပါ ပိတ္ပင္မွုရွိလာျခင္းႏွင့္ သတင္းသမားမ်ားကို တရားစြဲဆို ေထာင္ခ်ခံရမွုမ်ား မ်ားျပားလာျခင္း စသည့္အခ်က္မ်ားေၾကာင့္  ထိုသို႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ က်ဆင္းလာရျခင္းျဖစ္ေၾကာင္း အသံအဖြဲ႕က ထုတ္ေဝခဲ့သည့္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ (အစိုးရသက္တမ္းဝက္ အစီရင္ခံစာ)တြင္ ေဖာ္ျပထားသည္။           
Eleven Media Group
၂၀၂၀ မတိုင်မီ NLD အစိုးရ ဖြေဆိုရမည့် နိုင်ငံရေးစာမေးပွဲများ

၁၉၉၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ယခုဆိုလျှင် သက်တမ်း ၃၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

NLD ပါတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ ဟံသာဝတီဦးဝင်းတင်၊ သူရဦးတင်ဦးနှင့် ဦးအောင်ရွှေတို့က စတင်ဖွဲ့စည်းခဲ့သည်။
ယင်းကာလတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျ နေသည့် ကာလများတွင် ဦးအောင်ရွှေက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် NLD ပါတီကို ပြန်လည်ဦးဆောင်ခဲ့သည်။
ထို့နောက် ၂၀၁၂  ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၅ နေရာ ရှိသည့်အနက် ၄၃ နေရာအထိ NLD ပါတီက အနိုင်ရခဲ့သည်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲသည် NLD ပါတီအတွက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသို့ပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။
မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ် ဧပြီတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရ (သို့မဟုတ်) NLD အစိုးရ ပေါ်ပေါက်လာသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတစ်ရပ် ရှိခဲ့သော်လည်း ပြည်သူလူထုက စစ်တစ်ပိုင်းအစိုးရအဖြစ် သတ်မှတ်ထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ထွက်ပေါ်လာသည့် NLDအစိုးရကို အရပ်သားအစိုးရအဖြစ် ပြည်သူများက ရှုမြင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ယခင် ဗိုလ်ချုပ်ကြီးများက အရပ်ဝတ်လဲ၍ ပါဝင်လာသောကြောင့် ပြည်သူများမှာ စစ်တစ်ပိုင်း အစိုးရဟု ရှုမြင်ကြခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲခဲ့ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်တည်ဆောင်ချိန်မှစ၍ NLDပါတီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းတွင် ပြည်သူများနှင့်အတူ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည်။
NLD ပါတီသည် နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီတိုက်ပွဲ ဆင်နွှဲပြီးချိန်တွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်မှာ ယခုဆိုလျှင် အစိုးရသက်တမ်း သုံးနှစ်ကျော်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
၁၉၈၈ ပါတီတည်ထောင်ချိန်မှစ၍ NLD အပေါ်၌ လူထုက မျှော်လင့်ချက်ကြီးမားစွာဖြင့် ထောက်ခံခဲ့ကြသော်လည်း အစိုးရဖြစ်ပြီး သက်တမ်း သုံးနှစ်ကျော်ရောက်ရှိလာချိန်တွင် ပြည်သူများအနေဖြင့် ထောက်ခံမှုများအစား ဝေဖန်မှုများကပို၍ ကျယ်လောင်လာခဲ့သည်။
NLD အစိုးရ၏ သက်တမ်းသုံးနှစ်ကျော်ကာလအတွင်း ဆုတ်ယုတ်လာသည့် စီးပွားရေးအခြေအနေ၊ တိုးတက်မှုနှေးကွေးသည့် ငြိမ်းချမ်းရေး၊ အစိုးရအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များ၊ ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအား၊ အရပ်သား အစိုးရလက်ထက်ဖြစ်သော်လည်း မေးခွန်းထုတ်ရမည့် လွတ်လပ်စွာပြောဆိုရေးသားခွင့်နှင့် ရွေးကောက်ပွဲကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်နိုင်မှု စသည့် အကြောင်းအရာများသည် NLD အစိုးရအပေါ် လူထု၏ယုံကြည်မှုက လျော့ပါးစေခဲ့သည်။
ယခုကဲ့သို့သော အခြေအနေများကြောင့် NLD အစိုးရ၏ သက်တမ်းသုံးနှစ်ကျော်အတွင်း လူထုက ချီးကျူးထောက်ခံမှုများအစား ဝေဖန်မှုများကသာ ပိုများလာခဲ့ခြင်းလည်း ဖြစ်သည်။
မကြာမီကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ NLDအစိုးရ သက်တမ်း ငါးနှစ်သည်လည်း တစ်နှစ်ကျော်သာ ကျန်တော့သည့် အခြေအနေတွင် ရှိနေသည်။  ပြီးခဲ့သည့် NLDအစိုးရ၏ သုံးနှစ်ကျော် သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးသည် ထင်သလောက်ခရီးမပေါက်ခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ယခုဆိုလျှင် NLDအစိုးရအနေဖြင့် လက်ကျန်သက်တမ်း တစ်နှစ်ကျော်ရှိနေချိန်တွင် မြန်မာ့နိုင်ငံရေး၌ အစမ်းသပ်ခံဖြေဆိုရမည့် စာမေးပွဲများက စောင့်ကြို၍နေသည်။
■ တိုင်းရင်းသားအရေး
NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားအရေး သည် နံပါတ် (၁)  ဦးစားပေးနေရာတွင် ပါဝင်သည်။
NLD ရွေးကောက်ပွဲကြေညာ စာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး အချက်ခြောက်ချက်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအချက်များအနက် နံပါတ် (၃) အချက်ဖြစ်သည့် လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးကို ဦးတည်ဆောင်ရွက်မည်ဆိုသည့်အချက်ကို NLD အစိုးရအနေဖြင့် သက်တမ်း သုံးနှစ်ကျော်အတွင်း ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ ပြန်လည်ဆန်းစစ်ရန် လိုပေသည်။
ထိုသို့ ပြန်လည်ဆန်းစစ်မည်ဆိုပါက NLD အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း တိုင်းရင်းသားများ အနေဖြင့် လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးရရှိခြင်းနှင့် ကိုယ့့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့်ရှိပြီလားဆိုသည်ကို မေးခွန်းထုတ်ရဖွယ်ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် NLD ပါတီအနေဖြင့် ပြည်ထောင်စုအစိုးရဖွဲ့နိုင်ရန် အနိုင်ရလဒ် ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့်တိုင်းရင်းသား မဲဆန္ဒနယ်များတွင် ရှုံးနိမ့်ခဲ့သည်။ ရှမ်းနှင့် ရခိုင်တွင် တိုင်းရင်းသားပါတီများက ကိုယ်စားလှယ်အများစု အနိုင်ရခဲ့သော်လည်း ပြည် နယ်ဝန်ကြီးချုပ် နေရာအတွက် ရွေးချယ်ခြင်း မခံခဲ့ရပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ရာတွင် NLD ပါတီအနေဖြင့် ကိုယ်စားလှယ်နေရာ အများစု အနိုင်ရသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်ကို ဝန်ကြီးချုပ် မခန့်အပ်ဘဲ ၎င်းပါတီမှ ကိုယ်စားလှယ်ကိုသာ ဝန်ကြီး ချုပ်ခန့်အပ်ခဲ့သည်။ ထို့ကြောင့် NLD ပါတီ ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ တိုင်းရင်းသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည့်အချက်မှာ လေထဲတွင် တိုက်အိမ်ဆောက်သကဲ့သို့ ဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် NLD အစိုးရနှင့် ပြည်နယ်များရှိ ဒေသခံတိုင်းရင်းသားများအကြား ပွတ်တိုက်မှုအချို့က ကြီးကြီးမားမားရှိခဲ့သည်။
ထင်ရှားသည့် ဖြစ်စဉ်အချို့ကို ပြရလျှင် မွန်ပြည်နယ်တွင် ဒေသခံတိုင်းရင်းသားများ ကန့်ကွက်ဆန္ဒပြနေသည့်ကြားက ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပြောင်း၍ ဖွင့်လှစ်ခဲ့ခြင်း၊ ရခိုင်ပြည်နယ် တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ကျင်းပလာသည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးမှုအထိမ်းအမှတ် စာပေဟောပြောပွဲ တားမြစ်မှုအပေါ် ဒေသခံပြည်သူများက မကျေနပ်သည့်အတွက် လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်း(ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်း သား လူစုလူဝေးအကြား ပဋိပက္ခအချို့ဖြစ် ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် လူခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ)၊ ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပြည်နယ်အစိုးရက စိုက်ထူသည့် အ ပေါ်တွင် ဒေသခံတိုင်းရင်းသားများက သဘောမတူသည့်အတွက် ဆန္ဒထုတ်ဖော်မှုများရှိလာခြင်း၊ ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပသည်ကို အာဇာနည် စကားရပ်မသုံးရန် တိုင်းအစိုးရ ပိတ်ပင်ထားသော်လည်း ရန်ကုန်မြို့တွင် ကရင်အာဇာနည်နေ့ဆိုပြီး အခမ်းအနား ကျင်းပခဲ့သည့်အတွက် ဒေါ်နော်အုန်းလှ အပါအဝင် သုံးဦးကိုတရားစွဲသည့်အပေါ် ကရင်တိုင်းရင်းသားများက ကန့် ကွက်တောင်းဆိုမှုများ ရှိလာခြင်း စသည့် ဖြစ်စဉ်များက NLDအစိုးရနှင့် ပြည်နယ်များ ရှိ ဒေသခံတိုင်း ရင်းသားများအကြား ပွတ်တိုက်မှုသဖွယ် ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်ပါဝင်သည့် လွတ်လပ်ခြင်းနှင့် တူညီသောအခွင့်အရေးရရှိခြင်းကို တိုင်းရင်းသားများ လက်တွေ့မခံစားရသေးကြောင်း ယင်းဖြစ်စဉ်များက ခိုင်လုံသောသက်သေ ပင်ဖြစ်သည်။
ထိုသို့သောအခြေအနေများကြောင့် ၂၀၁၇ နှင့် ၂၀၁၈ တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် NLD ပါတီအနေဖြင့် တိုင်းဒေသကြီး မဲဆန္ဒနယ်အများစု၌ အနိုင်ရခဲ့သော်လည်း ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း စသည့် တိုင်းရင်းသားပြည်နယ်များရှိ မဲဆန္ဒနယ်အချို့တွင် အရေးနိမ့်ခဲ့ပြီး ဝန်ထမ်းအများစုရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းမဲဆန္ဒနယ်တွင်လည်း အနိုင်ရခဲ့ခြင်းမရှိခဲ့ပေ။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တိုင်းရင်းသားပြည်နယ်အချို့တွင် NLD ပါတီ အနိုင်ရရှိနိုင်ခြေနည်း ပါးသည်ဟု တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲကတည်းက NLD ပါတီနှင့်အတူ ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်လာသည့် တိုင်းရင်းသားပါတီများနှင့်လည်း ယခုအခါတွင် မဟာမိတ်ပုံစံအနေအထားမှာ ယိုယွင်းလာသည့်အခြေအနေ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် NLD အစိုးရ ကြွေးကြော်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးသည် တိုင်းရင်းသားအချင်းချင်းအကြားတွင် စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှုကို မတည်ဆောက်နိုင်ပါက လက်တွေ့ဖြစ်လာဖွယ် မရှိကြောင်း တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်မှုများ ရှိနေသည်။
■ ငြိမ်းချမ်းရေးအရှိန်
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး NLD အစိုးရအနေဖြင့် ဦးသိန်းစိန် အစိုးရထားခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအမွေကို ဆက်ခံခဲ့သည်။
ငြိမ်းချမ်းရေးသည် NLD အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပါဝင်သည့် အဓိက အချက်တစ်ချက်ဖြစ်သည်။ ထို့ပြင် အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့သည်။
NLD အစိုးရသက်တမ်း သုံးနှစ်ကျော် ကာလအတွင်း  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး  NCA စာချုပ်တွင် မွန်နှင့် လားဟူအဖွဲ့တို့ လက်မှတ်ရေး ထိုးနိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုမူ NCA တွင် ပါဝင်လာရန် စည်းရုံးနိုင်ခြင်း မရှိသေးပေ။
ထို့ပြင်  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၃၇ ချက်နှင့် တတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၁၄ ချက် စုစုပေါင်း သဘောတူညီချက် ၅၁ ချက် ရရှိခဲ့သော်လည်း အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာ အခြေခံမူများမှာ ပါဝင်လာခြင်း မရှိသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ပြကြသည်။
သို့သော် ၂၀၁၈ အတွင်း ညီလာခံတစ်ကြိမ်နှင့် ၂၀၁၉ တွင် ညီလာခံနှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး ယင်းညီလာခံသုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ အခြေခံမူများ အပြီးအပြတ်ချမှတ်၍ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ တည်ဆောက်ပေးရန် မျှော်မှန်းထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာ စုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။
ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ညီလာခံတစ်ကြိမ် ကျင်းပမည်ဆိုသည်မှာ ဖြစ်မလာသကဲ့သို့ ယခုနှစ် ၂၀၁၉ တွင်လည်း ညီလာခံနှစ်ကြိမ် ကျင်းပမည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်နည်း ပါးနေသည်။
ငြိမ်းချမ်းရေးအတွက် အရေးကြီးသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံများ ရရှိရေး ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ နှစ်ဖက်ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။ ယင်းထိပ်သီး အစည်းအဝေးသို့ အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက် အထိ နှစ်ရက်ကြာ အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ခေါင်းဆောင်များက သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက်များ ချမှတ်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ၂၀၂၀ ပြည့်နှစ် မတိုင်မီကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံ သုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေ စီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန်လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိ နိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘော တူညီချက်များရယူပြီး ယင်းသဘောတူညီ ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်ရေး၊ NCA အခန်း (၅)၊ နိုင်ငံရေးလမ်း ပြမြေပုံချမှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံးပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရေးစသည့် အချက်များကိုလည်း သဘောတူညီမှု ရရှိခဲ့သည်။
ထို့ပြင် အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာမကုန်မီ ထပ်မံ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားသော်လည်း လက်ရှိအချိန်အထိ တွေ့ဆုံနို်င်ခြင်း မရှိတော့ပေ။
ထိုသို့သောအခြေအနေတွင် ရခိုင်ပြည် နယ်တွင် ရခိုင်အဖွဲ့ (AA) ၏ အကြမ်းဖက်ဝင် ရောက်တိုက်ခိုက်မှု၊ ရှမ်းပြည်နယ်တွင် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့(MNDAA)နှင့် ရခိုင် အဖွဲ့ (AA) တို့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးမူမှာ တစ်စထက်တစ်စ ပိုမိုဝေဝါးလာသည့်အခြေအနေ ရောက်လာ ခဲ့သည်။ 
■ ဖွဲ့စည်းပုံပြင်ဆင်ရေးခရီး
ငြိမ်းချမ်းရေးဟုပြောလျှင် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးက နောက်တွင်ပါလာသည်။ NLD အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း အဓိကကျသည့် အချက်အဖြစ် ဖော်ပြ ထားသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း ရောက်ရှိချိန်တွင် ဖွဲ့စည်းပုံကို  ပြင်ဆင်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ လေးပွင့်ဆိုင်တွေ့ဆုံမှုမှ ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးစားရာတွင် အောင်မြင်မှု မရှိခဲ့သည့်အပြင် NLD ပါတီနှင့် ၈၈ ငြိမ်းပွင့်တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒကောက်ခံရာတွင် လက်မှတ် ငါးသန်းကျော်ရရှိခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် သူရဦးရွှေမန်းနှင့် ပူးပေါင်းပြီး နှစ်နှစ်ကျော်အချိန်ယူကာ လွှတ်တော်တွင်း ဖွဲ့စည်း ပုံပြင်ဆင်ရန် ကြိုးပမ်းရာ၌ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်တွင် စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဆိုသည့် စကားလုံးတစ်လုံးကိုသာ ပြောင်းလဲနိုင်ခဲ့ပြီး အဆုံးသတ်ခဲ့သည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းခဲ့ရာတွင် မအောင်မြင်သည့်အတွက် NLD အစိုးရက ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှ တစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည့်လမ်းကို ရွေးခဲ့သည်။
သို့သော် ငြိမ်းချမ်းရေးမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရန်ကြိုးပမ်းမှုသည် NLD အစိုးရ သက်တမ်းအတွင်း ဖြစ်နိုင်ခြေနည်းပါးသည့် အနေအထားဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ထိုသို့သောအခြေအနေတွင် NLD အနေဖြင့် လွှတ်တော်တွင် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရန် ကြိုးပမ်းလာခဲ့သည်။ အစိုးရလက် ကျန်သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိချိန်တွင် ထိုသို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေဖြင့် ကြိုးပမ်းလာခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်ကို လုပ်ဆောင်ခဲ့ သည်ဆိုသည့် အဓိပ္ပာယ်ထက် မပိုနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။
လက်ရှိတွင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့ စည်းထားပြီး ကော်မ တီက တင်ပြထားသည့် အချက်ပေါင်း ၃၇၆၅ ချက်ကို ဥပဒေကြမ်းအဖြစ် တင်သွင်းနိုင်ရန် အစည်းအဝေးများ ဆက်လက်ကျင်းပလျက်ရှိသည်။ သို့သော် ပူးပေါင်းကော်မတီတွင် ပါဝင်သည့် အမျိုး သားညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ရခိုင်အမျိုးသား ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ကော်မတီမှ နုတ်ထွက်စာတင်ခဲ့သည်။
အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ဦးစိန်ဝင်းက သမိုင်းတရားခံ အဖြစ်မခံနိုင်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်စာကို စက်တင်ဘာ ၂ ရက်တွင် တင်ခဲ့သည်။
အလားတူ ရခိုင်အမျိုးသားပါတီက လည်း တိုင်းရင်းသားများလိုလားသော ‘စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု’ တည် ဆောက်ရေးအခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ရန် အခြေအနေမရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးပြီး လက်ရှိအာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်ခဲ့ကြောင်း  သြဂုတ် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တစ်ဖက်တွင်လည်း NLD ၏ ဖွဲ့စည်း ပုံအခြေခံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ စည်းရန် အဆိုတင်သွင်းချိန်ကစ၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီဟုဆိုကာ ကန့်ကွက်မှုများရှိခဲ့ပြီး လွှတ်တော်တွင်း NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြား ပွတ်တိုက်မှုက ကြီးမားခဲ့သည်။ ထို့ကြောင့် NLD အနေဖြင့် အစိုးရလက်ကျန်သက်တမ်းအတွင်း အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးကို မထိခိုက်စေရန် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မည်သို့ဆက်လက် လုပ်ဆောင်သွားမည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။ 
■ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ
မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက်ပိုင်း ၂၀၁၀ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် တပ်မတော်မှ အရပ်ဘက် သို့ ကူးပြောင်းလာသော ဗိုလ်ချုပ်ကြီး အများစုပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီမှာ မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတစ်ရပ်ပေါ် ထွက်လာသည်။
ဒီမိုကရေစီကို ဖော်ဆောင်ပေးမည်ဟု ပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက်တွင် စာပေကင်ပေတိုင်အဖြစ် လူသိများသည့် စာပေစိစစ်ရေးကို ဖျက်သိမ်းပေးခြင်း၊ ပုဂ္ဂလိကသတင်းစာများကို ပြန်လည်ထုတ်ဝေခွင့်ပေးခြင်း၊ သံချပ်များကို ပြန်လည်ခွင့်ပြုပေးခြင်းနှင့် ဥပဒေတစ်ရပ်ရေးဆွဲ၍ ဆန္ဒပြခြင်းကို ခွင့်ပြုပေးခဲ့သည့်အတွက် ယခင်ကထက်စာလျှင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် အနည်းငယ်လွတ်လပ်မှုရှိလာသည်ဟု သုံးသပ်မှုများရှိခဲ့သည်။
ထိုသို့သော အခြေအနေများမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး NLD အစိုးရ ဖြစ်လာချိန်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ပို၍လွတ်လပ်လာ နိုင်သည်ဟု အများကယုံကြည်ခဲ့ကြသည်။
ထိုသို့ ယုံကြည်ရခြင်း၏ အခြေခံ အကြောင်းတရားများကလည်း ရှိခဲ့သည်။ NLD အစိုးရ စတင်တာဝန်ယူချိန်တွင် ဦးသိန်းစိန်လက်ထက်က အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရသည့် ကျောင်းသားများ၏ အမှု ကို သမ္မတသစ် ဦးထင်ကျော်က ပိတ်သိမ်း၍ ပြန်လွှတ်ပေးခဲ့သည်။
ထို့ပြင် ဦးသိန်းစိန်လက်ထက်က အစိုးရကို ဆန္ဒပြခြင်းကြောင့် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျနေသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားနှင့် လယ်သမားများကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့သည်။
ထိုသို့ လုပ်ဆောင်မှုများသည် NLD အစိုးရလက်ထက် ကနဦးအစတွင် လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်အတွက် ကောင်းမွန်သည့် ခြေလှမ်းများဖြစ်သည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။
သို့သော် NLD ဦးဆောင်သော အရပ်သားအစိုးရလက်ထက် သက်တမ်း သုံးနှစ် ကျော်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်သည် ယခင်အခြေအနေများထက် ဆိုးရွားလာသည် ဟု အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်သော သုတေသနစာတမ်းများက ဆိုသည်။
၂၀၁၉ သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၆၃၀ ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်သည်။
လက်ရှိ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်း သား ၅၀ ရှိပြီး တက်ကြွလှုပ်ရှားသူ ၁၇၉ ဦး ထောင်တွင်းမှ တရားရင်ဆိုင်နေရကာ ၄၀၁ ဦးသည် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရ သည်ဟု AAPP အစီရင်ခံစာ အရ သိရသည်။
သြဂုတ်လအတွင်း တရားစွဲဆိုခံရသူ ၁၁၉ ဦးရှိရာတွင် ရာဇသတ်ကြီးဥပဒေ၊ အ ကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊  ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပြည်သူပိုင်ဖျက်ဆီးမှု ဥပဒေ စသည့်ဥပဒေများ ပါပုဒ်မများဖြင့် စွဲဆိုခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိိသည်။
ငြိမ်းစုစီဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ  ၅၀၅ (က)၊ (ခ)၊ ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေတို့သည် တက်ကြွလှုပ်ရှားသူများကို ကန့်သတ်သည့် ဥပဒေဖြစ်လာသည်ဟု AAPP က ဆိုသည်။
နိုင်ငံအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ လက်ရှိအခြေအနေသည် ပိုမိုတင်းကျပ်သည့် အနေအထားသို့ ဦးတည်လျက်ရှိပြီး ထိုအခြင်းအရာကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်တစ်နှစ်ချ မှတ်ခံရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ 7 July ချီတက်လမ်းလျှောက်မှုကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖြစ်စဉ်တို့က ထင်ရှားစွာပြသလျက်ရှိသည်ဟု AAPP အစီရင်ခံစာက ဖော်ပြသည်။
NLD အစိုးရလက်ထက်တွင် ဧည့်စာရင်း တိုင်ရမည့်ပုဒ်မများကို ဖျက်သိမ်းခြင်း၊ နိုင်ငံရေးသမားများကို အချိန်မရွေးဖမ်းဆီးထောင်ချနိုင်သည့် ပုဒ်မ ၅ (ည) လို ဥပဒေကို ဖျက်သိမ်းခြင်းများရှိခဲ့သော်လည်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရာ၌ ပုဒ်မ ၆၆ (ဃ)ကို မပယ်ဖျက်ခဲ့ခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပိုမိုတင်းကျပ်သည့် အခြေအနေဖြစ်ရန် ဖန်တီးပြင်ဆင်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ၁၁ မြို့နယ်တွင် ဆန္ဒထုတ်ဖော်ခွင့်ပိတ်ပင်ခဲ့ခြင်း၊ လူမှုကွန်ရက်များကို အစိုးရက စောင့်ကြည့်ထိန်းကျောင်းခြင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံ မှုကိုကာကွယ်ပေးရေးဥပဒေဖြင့် တရားစွဲခြင်း၊ ဆွေးနွေးပွဲ၊ ဆုတောင်းပွဲများနှင့် ကဗျာရွတ်ဆိုပွဲများကိုပါ ပိတ်ပင်မှုရှိလာခြင်းနှင့် သတင်းသမားများကို တရားစွဲဆို ထောင်ချခံရမှုများ များပြားလာခြင်း စသည့်အချက်များကြောင့်  ထိုသို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းလာရခြင်းဖြစ်ကြောင်း အသံအဖွဲ့က ထုတ်ဝေခဲ့သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (အစိုးရသက်တမ်းဝက် အစီရင်ခံစာ)တွင် ဖော်ပြထားသည်။           
Eleven Media Group 

No comments:

Post a Comment

My Blog List