Monday, September 30, 2019

ကိုေဆြဝင္းအမႈ ဆက္လက္စစ္ေဆးရန္ ခ႐ိုင္တရား႐ုံး အမိန႔္ခ်


Image may contain: 4 people, people standing and outdoor
မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးမွ ပလပ္ခဲ့သည့္ Myanmar Now သတင္းဌာနမွ ကိုေဆြဝင္းႏွင့္ ကိုေက်ာ္မ်ိဳး‌ေ႐ႊ တို႔အမႈကို မူလတရား႐ုံးတြင္ ဆက္လက္စစ္ေဆးရန္ မႏၲေလးခ႐ိုင္တရား႐ုံးက ယေန႔ အမိန႔္ခ်မွတ္လိုက္သည္။

"ကိုေဆြဝင္းကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၂၅၃ (၂) အရ လႊတ္လိုက္တဲ့အေပၚမွာ ဥပေဒအရ မမွန္ဘူးဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔က ျပင္ဆင္မႈ တက္ခဲ့တာပါ။ ဒီအေပၚမွာ ႏွစ္ဖက္ေရွ႕ေနေတြရဲ႕ ေလွ်ာက္လဲခ်က္ေတြကို ၾကားနာၿပီးေတာ့မွ အမိန႔္ခ်ခဲ့တာပါ။ ဒီအမႈမွာ ဆရာေတာ္ ဦးဝီရသူက သက္ေသအေနနဲ႔ အစစ္ခံရမယ္ဆိုေပမယ့္လည္း အမႈတြဲေပၚေပါက္ခ်က္အရ ေဆြဝင္းဟာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ကို က်ဴးလြန္ေနတာကို ေတြ႕ရွိရတဲ့အတြက္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၂၅၃ (၂) အရ လႊတ္လိုက္တာ မွန္ကန္မႈမရွိဘူးေပါ့။ မူလၿမိဳ႕နယ္တရား႐ုံးရဲ႕ အမိန႔္ကို ပယ္ဖ်က္ၿပီးေတာ့ မူလ႐ုံးမွာ
အမႈကို ေရာက္တဲ့ေနရာကေန ျပန္စစ္ေဆးဖို႔ အမိန႔္ခ်လိုက္တာပါ" ဟု ကိုေက်ာ္မ်ိဳးေ႐ႊ၏ ေရွ႕ေန ဦးေဇာ္ဝိတ္က ရွင္းျပသည္။

ကိုေဆြဝင္းသည္ လူမႈကြန္ရက္ကို အသုံးျပဳ၍ ဆရာေတာ္ဦးဝီရသူ၏ ဂုဏ္သိကၡာညႇိဳးႏြမ္းေအာင္ လုပ္ေဆာင္သည္ဟုဆိုကာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ အေရးယူေပးရန္ ဆရာေတာ္၏ ၫႊန္ၾကားခ်က္အရ တပည့္ျဖစ္သူ က်ဴရွင္ဆရာ ဦးေက်ာ္မ်ိဳးေ႐ႊက ၂၀၁၇ ခုႏွစ္ မတ္လအတြင္းက မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးသို႔ ဦးတိုက္ေလွ်ာက္ထားခဲ့ျခင္း ျဖစ္သည္။
ယင္းအမႈကို ႏွစ္ႏွစ္ေက်ာ္ၾကာ စစ္ေဆးၿပီးေနာက္ အမႈကို ပလပ္ခဲ့ျခင္း ျဖစ္သည္။
အမႈတြင္ တရားလိုျပသက္ေသေပါင္း ၃၀ ဦးေက်ာ္ တင္ခဲ့ၿပီး ဆရာေတာ္ဦးဝီရသူ ၊ ေက်ာ္စြာထြန္း၊ ၿမိဳ႕နယ္သံဃနာယကဥကၠဌ ဆရာေတာ္၊ အမႈစစ္ ရဲအုပ္ေက်ာ္သူတို႔ ေလးဦးကို မစစ္ေဆးႏိုင္ဘဲ အမိန႔္ခ်မွတ္ခဲ့ကာ ယခု အမႈျပန္စစ္ေဆးလွ်င္ အဆိုပါ က်န္ရွိသက္‌ေသေလးဦးကို ဆက္လက္စစ္ေဆးရမည္ျဖစ္သည္။
အမႈျပန္လည္စစ္ေဆးမည့္ ေန႔ရက္ကိုမူ မသိရေသးေပ။
ကိုဆွေဝင်းအမှု ဆက်လက်စစ်ဆေးရန် ခရိုင်တရားရုံး အမိန့်ချ
မဟာအောင်မြေမြို့နယ်တရားရုံးမှ ပလပ်ခဲ့သည့် Myanmar Now သတင်းဌာနမှ ကိုဆွေဝင်းနှင့် ကိုကျော်မျိုး‌ရွှေတို့အမှုကို မူလတရားရုံးတွင် ဆက်လက်စစ်ဆေးရန် မန္တလေးခရိုင်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။
"ကိုဆွေဝင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ လွှတ်လိုက်တဲ့အပေါ်မှာ ဥပဒေအရ မမှန်ဘူးဆိုပြီးတော့ ကျွန်တော်တို့က ပြင်ဆင်မှု တက်ခဲ့တာပါ။ ဒီအပေါ်မှာ နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာပြီးတော့မှ အမိန့်ချခဲ့တာပါ။ ဒီအမှုမှာ ဆရာတော် ဦးဝီရသူက သက်သေအနေနဲ့ အစစ်ခံရမယ်ဆိုပေမယ့်လည်း အမှုတွဲပေါ်ပေါက်ချက်အရ ဆွေဝင်းဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ကျူးလွန်နေတာကို တွေ့ရှိရတဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ လွှတ်လိုက်တာ မှန်ကန်မှုမရှိဘူးပေါ့။ မူလမြို့နယ်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပြီးတော့ မူလရုံးမှာ
အမှုကို ရောက်တဲ့နေရာကနေ ပြန်စစ်ဆေးဖို့ အမိန့်ချလိုက်တာပါ" ဟု ကိုကျော်မျိုးရွှေ၏ ရှေ့နေ ဦးဇော်ဝိတ်က ရှင်းပြသည်။
ကိုဆွေဝင်းသည် လူမှုကွန်ရက်ကို အသုံးပြု၍ ဆရာတော်ဦးဝီရသူ၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဆောင်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် ဆရာတော်၏ ညွှန်ကြားချက်အရ တပည့်ဖြစ်သူ ကျူရှင်ဆရာ ဦးကျော်မျိုးရွှေက ၂၀၁၇ ခုနှစ် မတ်လအတွင်းက မဟာအောင်မြေမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို နှစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် အမှုကို ပလပ်ခဲ့ခြင်း ဖြစ်သည်။
အမှုတွင် တရားလိုပြသက်သေပေါင်း ၃၀ ဦးကျော် တင်ခဲ့ပြီး ဆရာတော်ဦးဝီရသူ ၊ ကျော်စွာထွန်း၊ မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော်၊ အမှုစစ် ရဲအုပ်ကျော်သူတို့ လေးဦးကို မစစ်ဆေးနိုင်ဘဲ အမိန့်ချမှတ်ခဲ့ကာ ယခု အမှုပြန်စစ်ဆေးလျှင် အဆိုပါ ကျန်ရှိသက်‌သေလေးဦးကို ဆက်လက်စစ်ဆေးရမည်ဖြစ်သည်။
အမှုပြန်လည်စစ်ဆေးမည့် နေ့ရက်ကိုမူ မသိရသေးပေ။  

No comments:

Post a Comment

My Blog List