Monday, September 30, 2019

လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မွုႏွင့္ စပ္လ်ဥ္း၍ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ကြန္ဗင္းရွင္း၏ ေနာက္ဆက္တြဲ အေျခၿပ စာခ်ဳပ္သို႔ ျမန္မာနိုင္ငံ အတည္ျပဳပါဝင္


လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မွုႏွင့္ စပ္လ်ဥ္း၍ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ကြန္ဗင္းရွင္း၏ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္သို႔ ျမန္မာနိုင္ငံက အတည္ျပဳပါဝင္ေၾကာင္း စက္တင္ဘာ ၂၉ ရက္တြင္ နိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

(၇၄) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံသို႔ တက္ေရာက္ရန္ နယူးေယာက္ၿမိဳ႕သို႔ ေရာက္ရွိေနသည့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္သည္ စက္တင္ဘာ ၂၇ ရက္တြင္ နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္၌ က်င္းပေသာ ၂၀၁၉ ခုႏွစ္ အျပည္ျပည္ဆိုင္ရာ စာခ်ဳပ္စာတမ္းမ်ား ခ်ဳပ္ဆိုပြဲ အခမ္းအနား (Treaty Event 2019) သို႔ တက္ေရာက္ခဲ့သည္။                            
အဆိုပါ အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးသည္ လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မွုႏွင့္ စပ္လ်ဥ္း၍ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ကြန္ဗင္းရွင္း၏ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္ (CRC-OPAC) သို႔ အတည္ျပဳ ပါဝင္ေရး စာခၽြန္လႊာ (Instrument of Ratification) ကို စာခ်ဳပ္ထိန္းသိမ္းသူ ကုလသမဂၢ အတြင္းေရးမွူးခ်ဳပ္ထံသို႔ ကုလသမဂၢ ဥပေဒေရးရာဌာန အႀကီးအကဲမွတစ္ဆင့္ ေပးအပ္ခဲ့ေၾကာင္း နိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။
ျမန္မာနိုင္ငံသည္ အဆိုပါ ေနာက္ဆက္တြဲအေျချပစာခ်ဳပ္ကို အတည္ျပဳသည့္ (၁၆၉) နိုင္ငံေျမာက္ အဖြဲ႕ဝင္နိုင္ငံ ျဖစ္လာေၾကာင္း နိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။
ျမန္မာနိုင္ငံအေနျဖင့္ ေနာက္ဆက္တြဲ စာခ်ဳပ္ကို ျပည္တြင္းအေျခအေနမ်ားႏွင့္ ေလ်ာ္ညီစြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရန္ အာတီကယ္ ၃ (၂) အား “ေၾကညာခ်က္” ႏွင့္ အာတီကယ္ ၄ အား “အဓိပၸာယ္ ရွင္းလင္းေၾကညာခ်က္” တို႔ကို ထုတ္ျပန္လ်က္ အတည္ျပဳပါဝင္ခဲ့ေၾကာင္း နိုင္ငံျခားေရး ဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့သည္။
ျမန္မာနိုင္ငံအေနျဖင့္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လအတြင္း ကေလးသူငယ္ အခြင့္အေရးမ်ား ကာကြယ္ေရး ဥပေဒအသစ္ကို ျပည္တြင္း၌ အတည္ျပဳ ျပ႒ာန္းၿပီးေနာက္ ယခုအေျချပစာခ်ဳပ္ကို အတည္ျပဳပါဝင္နိုင္ခဲ့ျခင္းသည္ ကေလးသူငယ္မ်ား၏ အခြင့္အေရး ကာကြယ္ေရးအတြက္ သိသာထင္ရွားသည့္ ေနာက္ထပ္ေျခလွမ္းတစ္ရပ္ ျဖစ္ေၾကာင္း နိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

Eleven Media Group
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြ စာချုပ်သို့ မြန်မာနိုင်ငံ အတည်ပြုပါဝင်

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား (Treaty Event 2019) သို့ တက်ရောက်ခဲ့သည်။                            
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) သို့ အတည်ပြု ပါဝင်ရေး စာချွန်လွှာ (Instrument of Ratification) ကို စာချုပ်ထိန်းသိမ်းသူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ ကုလသမဂ္ဂ ဥပဒေရေးရာဌာန အကြီးအကဲမှတစ်ဆင့် ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် အဆိုပါ နောက်ဆက်တွဲအခြေပြစာချုပ်ကို အတည်ပြုသည့် (၁၆၉) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံအနေဖြင့် နောက်ဆက်တွဲ စာချုပ်ကို ပြည်တွင်းအခြေအနေများနှင့် လျော်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် အာတီကယ် ၃ (၂) အား “ကြေညာချက်” နှင့် အာတီကယ် ၄ အား “အဓိပ္ပာယ် ရှင်းလင်းကြေညာချက်” တို့ကို ထုတ်ပြန်လျက် အတည်ပြုပါဝင်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ကလေးသူငယ် အခွင့်အရေးများ ကာကွယ်ရေး ဥပဒေအသစ်ကို ပြည်တွင်း၌ အတည်ပြု ပြဋ္ဌာန်းပြီးနောက် ယခုအခြေပြစာချုပ်ကို အတည်ပြုပါဝင်နိုင်ခဲ့ခြင်းသည် ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်ရေးအတွက် သိသာထင်ရှားသည့် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List