Monday, September 30, 2019

လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မႈႏွင့္ စပ္လ်ဥ္း၍ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ကြန္ဗင္းရွင္း၏ ေနာက္ဆက္တြဲအေျချပစာခ်ဳပ္သို႔ ျမန္မာႏိုင္ငံ အတည္ျပဳပါဝင္


Image may contain: 5 people, people smiling, people standing

(၇၄)ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံသို႔ တက္ေရာက္ရန္ နယူးေယာက္ၿမိဳ႕သို႔ ေရာက္ရွိေနသည့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္သည္ စက္တင္ဘာလ ၂၇ ရက္တြင္ နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္၌ က်င္းပေသာ ၂၀၁၉ ခုႏွစ္ အျပည္ျပည္ဆိုင္ရာစာခ်ဳပ္စာတမ္းမ်ား ခ်ဳပ္ဆိုပြဲအခမ္းအနား (Treaty Event 2019)သို႔ တက္ေရာက္ခဲ့ၿပီး၊ လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မႈႏွင့္ စပ္လ်ဥ္း၍ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ကြန္ဗင္းရွင္း၏ ေနာက္ဆက္တြဲအေျချပစာခ်ဳပ္ (CRC-OPAC) သို႔ အတည္ျပဳ ပါဝင္ေရးစာခြၽန္လႊာ (Instrument of Ratification)ကို စာခ်ဳပ္ ထိန္းသိမ္းသူ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ထံသို႔ ကုလသမဂၢ ဥပေဒေရးရာဌာန အႀကီးအကဲမွတစ္ဆင့္ ေပးအပ္ခဲ့သည္။

အခမ္းအနားသို႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ႏွင့္အတူ ကုလသမဂၢ ဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းႏွင့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၾကၿပီး၊ ကုလသမဂၢ ဘက္မွ ကုလသမဂၢဌာနခ်ဳပ္၊ ဥပေဒေရးရာဌာန Under Secretary-General ျဖစ္သူ Mr. Miguel de Serpa Soares ႏွင့္ ယင္းဌာန၏ အျပည္ျပည္ဆိုင္ရာစာခ်ဳပ္စာတမ္းမ်ားဌာနခြဲ၏ ေခတၱအႀကီးအကဲ Mr. David K. Nanopoulos တို႔အျပင္ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္၏ ကေလးသူငယ္ႏွင့္ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Virginia Gamba တို႔ တက္ေရာက္ခဲ့ၾကသည္။
ျမန္မာႏိုင္ငံသည္ အဆိုပါေနာက္ဆက္တြဲအေျချပစာခ်ဳပ္အား အတည္ျပဳ သည့္ (၁၆၉)ႏိုင္ငံေျမာက္ အဖြဲ႕ဝင္ႏိုင္ငံ ျဖစ္လာပါသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ေနာက္ဆက္တြဲစာခ်ဳပ္အား ျပည္တြင္းအေျခအေန မ်ားႏွင့္ေလ်ာ္ညီစြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ အာတီကယ္ ၃ (၂) အား "ေၾကညာခ်က္" ႏွင့္ အာတီကယ္ ၄ အား "အဓိပၸာယ္ ရွင္းလင္း ေၾကညာခ်က္" တို႔ကို ထုတ္ျပန္လ်က္ အတည္ျပဳပါဝင္ခဲ့သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း ကေလးသူငယ္ အခြင့္အေရးမ်ား ကာကြယ္ေရး ဥပေဒအသစ္ကို ျပည္တြင္း၌ အတည္ျပဳျပ႒ာန္းၿပီးေနာက္ ယခုအေျချပစာခ်ဳပ္ကို အတည္ျပဳ ပါဝင္ႏိုင္ခဲ့ျခင္းသည္ ကေလးသူငယ္မ်ား၏ အခြင့္အေရး ကာကြယ္ေရး အတြက္ သိသာထင္ရွားသည့္ ေနာက္ထပ္ေျခလွမ္းတစ္ရပ္ျဖစ္ေၾကာင္း သိရသည္။
Credit - ႏုိင္ငံျခားေရး၀န္ႀကီးဌာန
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံ အတည်ပြုပါဝင်
--- --- ---
(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာလ ၂၇ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ ချုပ်ဆိုပွဲအခမ်းအနား (Treaty Event 2019)သို့ တက်ရောက်ခဲ့ပြီး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC) သို့ အတည်ပြု ပါဝင်ရေးစာချွန်လွှာ (Instrument of Ratification)ကို စာချုပ် ထိန်းသိမ်းသူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ ကုလသမဂ္ဂ ဥပဒေရေးရာဌာန အကြီးအကဲမှတစ်ဆင့် ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်အတူ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ ကုလသမဂ္ဂ ဘက်မှ ကုလသမဂ္ဂဌာနချုပ်၊ ဥပဒေရေးရာဌာန Under Secretary-General ဖြစ်သူ Mr. Miguel de Serpa Soares နှင့် ယင်းဌာန၏ အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများဌာနခွဲ၏ ခေတ္တအကြီးအကဲ Mr. David K. Nanopoulos တို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba တို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံသည် အဆိုပါနောက်ဆက်တွဲအခြေပြစာချုပ်အား အတည်ပြု သည့် (၁၆၉)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါသည်။
မြန်မာနိုင်ငံအနေဖြင့် နောက်ဆက်တွဲစာချုပ်အား ပြည်တွင်းအခြေအနေ များနှင့်လျော်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အာတီကယ် ၃ (၂) အား "ကြေညာချက်" နှင့် အာတီကယ် ၄ အား "အဓိပ္ပာယ် ရှင်းလင်း ကြေညာချက်" တို့ကို ထုတ်ပြန်လျက် အတည်ပြုပါဝင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ကလေးသူငယ် အခွင့်အရေးများ ကာကွယ်ရေး ဥပဒေအသစ်ကို ပြည်တွင်း၌ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယခုအခြေပြစာချုပ်ကို အတည်ပြု ပါဝင်နိုင်ခဲ့ခြင်းသည် ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်ရေး အတွက် သိသာထင်ရှားသည့် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

Credit - နိုင်ငံခြားရေးဝန်ကြီးဌာန 

No comments:

Post a Comment

My Blog List