Monday, September 30, 2019

ေအာင္လံၿမိဳ႕တြင္ မိုးသည္းထန္စြာ ရြာသြန္းမွုေၾကာင့္ ဆာပါေျမာက္ေခ်ာင္းေရႀကီးမွု ျဖစ္ပြားၿပီး ေခ်ာင္းအတြင္း ေျခာက္ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦး ေမ်ာပါေပ်ာက္ဆုံး


ချောင်းရေကြီးမှုကြောင့် မျောပါပျောက်ဆုံးခဲ့သည့် ကလေးငယ်ကို သက်ဆိုင်ရာ ရှာဖွေနေစဉ် (ဓာတ်ပုံ-အောင်လံမီးသတ်တပ်ဖွဲ့)
မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕တြင္ မိုးသည္းထန္စြာ ရြာသြန္းမွုေၾကာင့္ ဆာပါေျမာက္ေခ်ာင္း ေရႀကီးမွု ျဖစ္ပြားကာ ေခ်ာင္းအတြင္း အသက္ေျခာက္ႏွစ္အရြယ္ ပထမတန္းေက်ာင္းသားတစ္ဦး ေခ်ာင္းေရ ေနာက္ ေမ်ာပါေပ်ာက္ဆုံးေနေၾကာင္း သိရသည္။

စက္တင္ဘာ၂၈ ရက္ ညေနပိုင္းက မိုးသည္းထန္စြာ ရြာသြန္းမွုေၾကာင့္ ေအာင္လံၿမိဳ႕ စက္႐ုံရပ္ကြက္ရွိ ဆာပါေျမာက္ေခ်ာင္း ေရႀကီးမွုျဖစ္ေပၚခဲ့ကာ ေခ်ာင္းအတြင္း ေျခာက္ႏွစ္အရြယ္ ပထမတန္းေက်ာင္းသားတစ္ဦး ေမ်ာပါခဲ့၍ တာဝန္ရွိသူမ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား ခ်က္ခ်င္းေဆာင္ရြက္ ခဲ့ေသာ္လည္း စက္တင္ဘာ၂၉ ရက္ နံနက္ပိုင္းအထိ ေမ်ာပါေပ်ာက္ဆုံးေနေသာ ကေလးငယ္အား ရွာေဖြမေတြ႕ရွိေသးေၾကာင္း သိရသည္။

“ေခ်ာင္းက ေခ်ာင္းေျခာက္၊ မိုးမ်ားမွေရ စီးသန္သန္နဲ႔ ေရႀကီးတာ။ ေခ်ာင္းေရေနာက္ ပါသြားတဲ့ကေလးက ေခ်ာင္းကမ္းပါးမွာေနတာ။ အိမ္တိုင္ကို ေရတိုက္စားေနတာကို အေမျဖစ္သူနဲ႔ ၾကည့္ရင္းကေန ေရေနာက္ကို သူေရာသူ႔အေမပါ ေမ်ာသြားတာ။ အေမျဖစ္သူကို အနီးအနားကလူေတြက ကယ္နိုင္ခဲ့ေပမဲ့ ကေလးကိုေတာ့ ေရစီးသန္ေတာ့ ကယ္မရခဲ့ဘူး။ ၿမိဳ႕နယ္မီးသတ္ အဖြဲ႕ေတြကလည္း ရွာေဖြေရးေတြ လုပ္ခဲ့ေပမဲ့ ရွာမေတြ႕ခဲ့ဘူး” ဟု စက္႐ုံရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက ေျပာၾကားသည္။

ေခ်ာင္းေရေနာက္ ေမ်ာပါေပ်ာက္ဆုံးေနသည့္ ကေလးငယ္မွာ ေမာင္ေအာင္မင္းခန႔္ျဖစ္ၿပီး အထက (ရြာေထာင္) ေက်ာင္းတြင္ ပထမတန္း တက္ေရာက္ေနေသာ ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။

အဆိုပါေခ်ာင္းသည္ အက်ယ္ ၁၀ ေပခန႔္ရွိၿပီး ေရႀကီးစဥ္ေခ်ာင္း၏ အနက္မွာ ေျခာက္ေပခန႔္အထိရွိကာ ဧရာဝတီျမစ္အတြင္းသို႔ စီးဝင္ေသာေခ်ာင္းျဖစ္သည္။

Eleven Media Group
အောင်လံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆာပါမြောက်ချောင်းရေကြီးမှု ဖြစ်ပွားပြီး ချောင်းအတွင်း ခြောက်နှစ်အရွယ် ကျောင်းသားတစ်ဦး မျောပါပျောက်ဆုံး

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆာပါမြောက်ချောင်းရေကြီးမှု ဖြစ်ပွားကာ ချောင်းအတွင်း အသက်ခြောက်နှစ်အရွယ် ပထမတန်း ကျောင်းသားတစ်ဦး ချောင်းရေနောက် မျောပါပျောက်ဆုံးနေကြောင်း သိရသည်။

စက်တင်ဘာ၂၈ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောင်လံမြို့ စက်ရုံရပ်ကွက်ရှိ ဆာပါမြောက်ချောင်း ရေကြီးမှုဖြစ်ပေါ်ခဲ့ကာ ချောင်းအတွင်း ခြောက်နှစ်အရွယ် ပထမတန်းကျောင်းသားတစ်ဦး မျောပါခဲ့၍ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက် ခဲ့သော်လည်း စက်တင်ဘာ၂၉ ရက် နံနက်ပိုင်းအထိ မျောပါပျောက်ဆုံးနေသော ကလေးငယ်အား ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

“ချောင်းက ချောင်းခြောက်၊ မိုးများမှရေ စီးသန်သန်နဲ့ ရေကြီးတာ။ ချောင်းရေနောက် ပါသွားတဲ့ကလေးက ချောင်းကမ်းပါးမှာနေတာ။ အိမ်တိုင်ကို ရေတိုက်စားနေတာကို အမေဖြစ်သူနဲ့ ကြည့်ရင်းကနေ ရေနောက်ကို သူရောသူ့အမေပါ မျောသွားတာ။ အမေဖြစ်သူကို အနီးအနားကလူတွေက ကယ်နိုင်ခဲ့ပေမဲ့ ကလေးကိုတော့ ရေစီးသန်တော့ ကယ်မရခဲ့ဘူး။ မြို့နယ်မီးသတ် အဖွဲ့တွေကလည်း ရှာဖွေရေးတွေ လုပ်ခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူး” ဟု စက်ရုံရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ချောင်းရေနောက် မျောပါပျောက်ဆုံးနေသည့် ကလေးငယ်မှာ မောင်အောင်မင်းခန့်ဖြစ်ပြီး အထက (ရွာထောင်) ကျောင်းတွင် ပထမတန်း တက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါချောင်းသည် အကျယ် ၁၀ ပေခန့်ရှိပြီး ရေကြီးစဉ်ချောင်း၏ အနက်မှာ ခြောက်ပေခန့်အထိရှိကာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သောချောင်းဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List