Monday, September 30, 2019

ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ႏိုင္ေရး ၂၀၂၀ ေ႐ြးေကာက္ပြဲက အဆုံးအျဖတ္ေပးမည္ဟုဆို


Image may contain: 6 people
ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ႏိုင္ျခင္း၊ မေပၚေပါက္ႏိုင္ျခင္းသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲက အဆုံးအျဖတ္ ေပးမည္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က စက္တင္ဘာ ၂၉ ရက္တြင္ ေျပာၾကားသည္။

မႏၲေလးၿမိဳ႕ ၂၆ လမ္းရွိ ပဒုမၼာ ခန္းမတြင္ စက္တင္ဘာ ၂၉ ရက္ နံနက္ ၉ နာရီကျပဳလုပ္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ မႏၲေလးတိုင္း နာယက ႀကီးမ်ားအား ပူေဇာ္ကန္ေတာ့ပြဲ အခမ္းအနားတြင္ NLD ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ျမင့္ ေမာင္က ယင္းကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
'ကၽြန္ေတာ္တို႔ေျပာခ်င္တာ တိုင္းရင္းသားေတြကို NLD က နဂိုကတည္းကို က အေရးေပးထားတာ။ ဦးစားေပးထားတာ။ ဘာမွျငင္းစရာမရွိဘူး။ သူတို႔ ဘာသာသူတို႔ ဘယ္လိုေျပာေျပာ။ NLD ဆိုတာ တိုင္းရင္းသားအားလုံးနဲ႔ တည္ေဆာက္ထားတယ္ဆိုတဲ့ ပုလဲကုံးတစ္ခု။ ဒါေၾကာင့္မို႔လို႔ ကၽြန္ေတာ္တို႔ အေရးႀကီးတဲ့အခ်ိန္ေရာက္ၿပီ။ ဆရာေက်ာ္ေအာင္ေရးတဲ့ အေရးႀကီးၿပီ ေသြးစည္းၾကစို႔ေပါ့ေနာ္။ အဲဒီေတာ့ ေအာင္ျမင္ျခင္း၊ က်႐ႈံးျခင္း လူငယ္ေတြအတြက္ အေမြေကာင္းခ်န္ျခင္း၊ မခ်န္ျခင္း၊ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုေပၚေပါက္ႏိုင္ျခင္း၊ မေပၚေပါက္ႏိုင္ျခင္းဟာ ၂၀၂၀ မွာ အဆုံးအျဖတ္ ေပးမွာေနာ္။အဲဒီေတာ့ ဒီဟာေလးတစ္ခုကို သိထားရင္အားလုံး စုစုစည္းစည္းႀကိဳးပမ္းေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္'ဟု ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာဆိုသည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ စည္းမ်ဥ္းထဲတြင္ပါရွိၿပီးျဖစ္သည့္ ပုဂၢိဳလ္စြဲ၊ ဝါဒစြဲမထားၾကရန္ႏွင့္ သင္ပုန္းေခ်ရန္ လိုအပ္ေၾကာင္း၊၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာသည္ႏွင့္အမၽွ ပါတီတြင္းတိုင္ၾကားမႈမ်ားပိုမိုမ်ားျပားလာၿပီး ယင္းတိုင္ၾကား မႈမ်ားတြင္ အဂတိလိုက္စားမႈ ရွိ၊ မရွိ၊ ပါတီပုံရိပ္အား ထိခိုက္မႈရွိ၊ မရွိ စိစစ္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာဆိုသည္။
'ကၽြန္ေတာ္တို႔ NLD ရဲ႕ စည္းမ်ဥ္းထဲမွာပါၿပီးသား။ ပုဂၢိဳလ္စြဲ၊ ဝါဒစြဲ မလုပ္ၾကနဲ႔ လို႔မွာၿပီးသား။ အဲဒါကိုက ဘာလဲဆိုလို႔ရွိ ရင္ တစ္ေန႔ခ်မ္းသာလာတဲ့ဒဏ္ကို မခံ ႏိုင္မွာစိုးလို႔ ထည့္ထားတဲ့ဟာေလ။ အဲဒီေတာ့ အကုန္ သင္ပုန္းေခ်လိုက္ပါ။ ၂၀၂၀ ႏိုင္ဖို႔က ပြင့္ပြင့္လင္းလင္းေျပာမယ္ေနာ္။လႊတ္ေတာ္ကိုယ္စားလွယ္ ေတြလည္း ႀကိဳးစားလို႔မရဘူး။ ေနရာတိုင္းမေရာက္ႏိုင္ဘူး။ ကၽြန္ေတာ္လည္း တတ္ႏိုင္သမၽွေနရာတိုင္း ေရာက္ေအာင္သြားေတာင္မွ ကၽြန္ေတာ္လည္း မစြမ္းေဆာင္ႏိုင္ဘူး။ ဘယ္သူစြမ္းေဆာင္မွာလဲ ဆိုေတာ့ NLD အဖြဲ႕ဝင္ေတြ လုပ္မွာ။ အဲဒီေတာ့ ကိုယ့္တာဝန္က တအားအေရးႀကီးတယ္။ အဲဒီေတာ့ ပြင့္ပြင့္လင္းလင္းေျပာရင္ ေ႐ြးေကာက္ပြဲနီးလာေလ တိုင္စာေတြ တအားမ်ားတယ္ဗ်ာ။ စိတ္ပ်က္ဖို႔ေကာင္းေလာက္ေအာင္မ်ားတယ္။ တိုင္တဲ့အေၾကာင္းအရာေတြ ၾကည့္လိုက္ ေတာ့လည္း တခ်ိဳ႕ကလည္း ဘာမွမခိုင္လုံဘူး။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ဆုံးျဖတ္ထားတာ ရွိတယ္။ NLD ရဲ႕ပုံရိပ္ကို ထိခိုက္မယ့္ တိုင္ၾကားမႈမ်ိဳးစိစစ္ေပးမယ္။ အဂတိနဲ႔ မကင္းရင္ စိစစ္ေပးမယ္။ ပုဂၢိဳလ္ေရးအရ တိုင္တာေတြေတာ့ ကၽြန္ေတာ္တို႔ ေတာ္ေတာ္စဥ္းစားရလိမ့္မယ္။ ဘာလို႔လဲ ေနာက္ဆုံးကေတာ့ ဘာေကာက္ခ်က္ စြဲလို႔ရလဲဆိုေတာ့ ေ႐ြးေကာက္ပြဲ နားနီးလာေတာ့ကိုယ္စားလွယ္ျဖစ္ခ်င္ၾကတယ္။ အဲဒီေတာ့ငါ့လူတင္မယ္။ သူ႕လူတင္မယ္။ အျငင္းမပြားၾကပါနဲ႔။ဘာလဲဆိုလို႔ရွိရင္ အေတာ္ဆုံး လူကိုတင္ေပးမယ္။ ေတာ္တဲ့သူက သူ႕ဘာသာသူေဖာက္ ထြက္သြားမွာပဲ။ အရည္အခ်င္းရွိတဲ့သူက သူ႕ဟာသူေဖာက္ ထြက္သြားမယ္။ကိုယ္က အဲဒီလိုလူမ်ိဳးကို တင္ေပးႏိုင္တာက ႏိုင္ငံ့အတြက္၊ တိုင္းျပည္ အတြက္ဆိုတာကို သိထားေစခ်င္ပါတယ္ေနာ္'ဟု ၎က ေျပာဆိုသည္။
ပါတီဝင္မ်ားအေနျဖင့္ ခ်စ္ခ်စ္ခင္ခင္ စည္းစည္းလုံးလုံးေနၾကရန္လိုၿပီး မည္သည့္ လုပ္ငန္းမဆို တစ္ဦးတစ္ေယာက္တည္း လုပ္ေဆာင္၍မရဘဲ ပူးေပါင္းလုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း၊ ၂၀၂၀ ေ႐ြးေကာက္ပြဲသာမက ၂၀၂၅ ေ႐ြးေကာက္ပြဲ ကို ျပတ္ျပတ္သားသား အႏိုင္ရရွိေအာင္ ႀကိဳးစားသြားရမည္ျဖစ္ေၾကာင္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာဆို သည္။
'၂၀၂၅ အထိ လုံး၀အျပတ္အသတ္ႏိုင္ဖို႔ကၽြန္ေတာ္တို႔ ခ်စ္ခ်စ္ခင္ခင္ေနပါ။ စည္းစည္းလုံးလုံးေနပါ။ တိုင္တိုင္ပင္ပင္ လုပ္ၾကပါ။ ဘယ္သူမွ တစ္ေယာက္တည္း လုပ္လို႔မရဘူး။ အခုျဖစ္ေနတာက ငါတစ္ေယာက္ တည္းလုပ္ရတယ္။ ငါခ်ည္းပဲလုပ္တယ္။ ငါလုပ္ႏိုင္တယ္။ ကမၻာႀကီးမွာ တစ္ေယာက္တည္း လုပ္ႏိုင္တာမရွိပါဘူး။ တစ္ဖြဲ႕တည္း လုပ္ႏိုင္တာ မရွိပါဘူး။ ဘယ္ေလာက္ေအာင္ျမင္တဲ့ ႏိုင္ငံျဖစ္ျဖစ္၊ ခ်မ္းသာတဲ့ႏိုင္ငံျဖစ္ျဖစ္ ပူးေပါင္းလုပ္ရတာ။ ကၽြန္ေတာ္တို႔ NLD ေတြ ပူးေပါင္းေပးၾကပါ။ အဲဒါေလးတစ္ခ်က္ ေမတၱာရပ္ခံခ်င္ပါတယ္။ က်န္းက်န္းမာမာေန ၾကပါ။ ၂၀၂၀ ႏိုင္ဖို႔တင္မကပါဘူး။ လူငယ္ေတြအမ်ားႀကီး၊ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြလည္း အမ်ားႀကီးပဲ။ ၂၀၂၅ အထိ လုံး၀အျပတ္အသတ္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ကၽြန္ေတာ္တို႔ဘယ္သူနဲ႔မွတြဲၿပီးၫြန္႔ေပါင္းအစိုးရမဖြဲ႕သင့္ဘူး။ ဒါအပြင့္လင္းဆုံးေျပာတာပါ။ ဘာေၾကာင့္မဖြဲ႕ခ်င္တုံးသိလား။ ဒီမိုကေရစီခိုင္မာသြားရင္ ျပႆနာဘာမွမရွိဘူး။ အခု ပုဒ္မ- ၂၆၁ လုပ္တာ ကၽြန္ေတာ္တို႔ ေတြရွိလို႔။ ပြင့္ပြင့္လင္းလင္းေျပာရင္ ပုဒ္မ-၂၆၁ ဘာလို႔ မျပင္ခ်င္တာလည္း NLD ကို ေမးေမးေနၾကတယ္။ စစ္တပ္ ၁၅ ရာခိုင္ႏႈန္းေလ်ာ့သြားရင္ ကၽြန္ေတာ္တို႔ ဒါလုပ္ေပးလို႔ရတယ္။ သေဘာေပါက္ လား။ ႏို႔မိုဆိုဝန္ႀကီးခ်ဳပ္ေတြ စစ္တပ္ကအကုန္ျဖစ္ကုန္မွာ။ ၂၅ ရာခိုင္ႏႈန္းဆို အဲဒီေတာ့ ဒီေလာက္ေလးေတာ့ ေတြး တတ္မွေပါ့ဗ်'ဟု ေျပာဆိုသည္။
သတင္း - ေနာင္ေလး
ဓာတ္ပုံ - The Mandalay News Journal
................................................................

Unicode ျဖင့္ဖတ္ရန္
 ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်နိုင်ရေး ၂၀၂၀ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဟုဆို
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်နိုင်ခြင်း၊ မပေါ်ပေါက်နိုင်ခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။
မန္တလေးမြို့ ၂၆ လမ်းရှိ ပဒုမ္မာ ခန်းမတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီကပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း နာယက ကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားတွင် NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် မောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ပြောချင်တာ တိုင်းရင်းသားတွေကို NLD က နဂိုကတည်းကို က အရေးပေးထားတာ။ ဦးစားပေးထားတာ။ ဘာမှငြင်းစရာမရှိဘူး။ သူတို့ ဘာသာသူတို့ ဘယ်လိုပြောပြော။ NLD ဆိုတာ တိုင်းရင်းသားအားလုံးနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ ပုလဲကုံးတစ်ခု။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အရေးကြီးတဲ့အချိန်ရောက်ပြီ။ ဆရာကျော်အောင်ရေးတဲ့ အရေးကြီးပြီ သွေးစည်းကြစို့ပေါ့နော်။ အဲဒီတော့ အောင်မြင်ခြင်း၊ ကျရှုံးခြင်း လူငယ်တွေအတွက် အမွေကောင်းချန်ခြင်း၊ မချန်ခြင်း၊ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်နိုင်ခြင်း၊ မပေါ်ပေါက်နိုင်ခြင်းဟာ ၂၀၂၀ မှာ အဆုံးအဖြတ် ပေးမှာနော်။အဲဒီတော့ ဒီဟာလေးတစ်ခုကို သိထားရင်အားလုံး စုစုစည်းစည်းကြိုးပမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်" ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စည်းမျဉ်းထဲတွင်ပါရှိပြီးဖြစ်သည့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲမထားကြရန်နှင့် သင်ပုန်းချေရန် လိုအပ်ကြောင်း၊၂၀၂၀ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပါတီတွင်းတိုင်ကြားမှုများပိုမိုများပြားလာပြီး ယင်းတိုင်ကြား မှုများတွင် အဂတိလိုက်စားမှု ရှိ၊ မရှိ၊ ပါတီပုံရိပ်အား ထိခိုက်မှုရှိ၊ မရှိ စိစစ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသည်။
"ကျွန်တော်တို့ NLD ရဲ့ စည်းမျဉ်းထဲမှာပါပြီးသား။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ မလုပ်ကြနဲ့ လို့မှာပြီးသား။အဲဒါကိုက ဘာလဲဆိုလို့ရှိ ရင် တစ်နေ့ချမ်းသာလာတဲ့ဒဏ်ကို မခံ နိုင်မှာစိုးလို့ ထည့်ထားတဲ့ဟာလေ။ အဲဒီတော့ အကုန် သင်ပုန်းချေလိုက်ပါ။ ၂၀၂၀ နိုင်ဖို့က ပွင့်ပွင့်လင်းလင်းပြောမယ်နော်။လွှတ်တော်ကိုယ်စားလှယ် တွေလည်း ကြိုးစားလို့မရဘူး။ နေရာတိုင်းမရောက်နိုင်ဘူး။ကျွန်တော်လည်း တတ်နိုင်သမျှနေရာတိုင်း ရောက်အောင်သွားတောင်မှ ကျွန်တော်လည်း မစွမ်းဆောင်နိုင်ဘူး။ ဘယ်သူစွမ်းဆောင်မှာလဲဆိုတော့ NLD အဖွဲ့ဝင်တွေ လုပ်မှာ။ အဲဒီတော့ ကိုယ့်တာဝန်က တအားအရေးကြီးတယ်။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောရင် ရွေးကောက်ပွဲနီးလာလေ တိုင်စာတွေ တအားများတယ်ဗျာ။စိတ်ပျက်ဖို့ကောင်းလောက်အောင်များတယ်။ တိုင်တဲ့အကြောင်းအရာတွေ ကြည့်လိုက် တော့လည်း တချို့ကလည်း ဘာမှမခိုင်လုံဘူး။ အဲဒီတော့ ကျွန်တော်တို့ဆုံးဖြတ်ထားတာ ရှိတယ်။ NLD ရဲ့ပုံရိပ်ကို ထိခိုက်မယ့် တိုင်ကြားမှုမျိုးစိစစ်ပေးမယ်။ အဂတိနဲ့ မကင်းရင် စိစစ်ပေးမယ်။ ပုဂ္ဂိုလ်ရေးအရ တိုင်တာတွေတော့ ကျွန်တော်တို့ တော်တော်စဉ်းစားရလိမ့်မယ်။ ဘာလို့လဲ နောက်ဆုံးကတော့ ဘာကောက်ချက် စွဲလို့ရလဲဆိုတော့ ရွေးကောက်ပွဲ နားနီးလာတော့ကိုယ်စားလှယ်ဖြစ်ချင်ကြတယ်။ အဲဒီတော့ငါ့လူတင်မယ်။ သူ့လူတင်မယ်။ အငြင်းမပွားကြပါနဲ့။ဘာလဲဆိုလို့ရှိရင် အတော်ဆုံး လူကိုတင်ပေးမယ်။ တော်တဲ့သူက သူ့ဘာသာသူဖောက် ထွက်သွားမှာပဲ။ အရည်အချင်းရှိတဲ့သူက သူ့ဟာသူဖောက် ထွက်သွားမယ်။ကိုယ်က အဲဒီလိုလူမျိုးကို တင်ပေးနိုင်တာက နိုင်ငံ့အတွက်၊ တိုင်းပြည် အတွက်ဆိုတာကို သိထားစေချင်ပါတယ်နော်"ဟု ၎င်းက ပြောဆိုသည်။
ပါတီဝင်များအနေဖြင့် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနေကြရန်လိုပြီး မည်သည့် လုပ်ငန်းမဆို တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍မရဘဲ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲသာမက ၂၀၂၅ ရွေးကောက်ပွဲ ကို ပြတ်ပြတ်သားသား အနိုင်ရရှိအောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောဆို သည်။
"၂၀၂၅ အထိ လုံး၀အပြတ်အသတ်နိုင်ဖို့ကျွန်တော်တို့ ချစ်ချစ်ခင်ခင်နေပါ။ စည်းစည်းလုံးလုံးနေပါ။ တိုင်တိုင်ပင်ပင် လုပ်ကြပါ။ ဘယ်သူမှ တစ်ယောက်တည်း လုပ်လို့မရဘူး။ အခုဖြစ်နေတာက ငါတစ်ယောက် တည်းလုပ်ရတယ်။ ငါချည်းပဲလုပ်တယ်။ ငါလုပ်နိုင်တယ်။ ကမ်ဘာကြီးမှာ တစ်ယောက်တည်း လုပ်နိုင်တာမရှိပါဘူး။တစ်ဖွဲ့တည်း လုပ်နိုင်တာ မရှိပါဘူး။ ဘယ်လောက်အောင်မြင်တဲ့ နိုင်ငံဖြစ်ဖြစ်၊ ချမ်းသာတဲ့နိုင်ငံဖြစ်ဖြစ် ပူးပေါင်းလုပ်ရတာ။ကျွန်တော်တို့ NLD တွေ ပူးပေါင်းပေးကြပါ။အဲဒါလေးတစ်ချက် မေတ္တာရပ်ခံချင်ပါတယ်။ ကျန်းကျန်းမာမာနေ ကြပါ။ ၂၀၂၀ နိုင်ဖို့တင်မကပါဘူး။ လူငယ်တွေအများကြီး၊ လွှတ်တော်ကိုယ်စားလှယ် တွေလည်း အများကြီးပဲ။ ၂၀၂၅ အထိ လုံး၀အပြတ်အသတ်နိုင်ဖို့ အရေးကြီးပါတယ်။ကျွန်တော်တို့ဘယ်သူနဲ့မှတွဲပြီးညွန့်ပေါင်းအစိုးရမဖွဲ့သင့်ဘူး။ ဒါအပွင့်လင်းဆုံးပြောတာပါ။ ဘာကြောင့်မဖွဲ့ချင်တုံးသိလား။ ဒီမိုကရေစီခိုင်မာသွားရင် ပြဿနာဘာမှမရှိဘူး။အခု ပုဒ်မ- ၂၆၁ လုပ်တာ ကျွန်တော်တို့ တွေရှိလို့။ ပွင့်ပွင့်လင်းလင်းပြောရင် ပုဒ်မ-၂၆၁ ဘာလို့ မပြင်ချင်တာလည်း NLD ကို မေးမေးနေကြတယ်။ စစ်တပ် ၁၅ ရာခိုင်နှုန်းလျော့သွားရင် ကျွန်တော်တို့ ဒါလုပ်ပေးလို့ရတယ်။ သဘောပေါက် လား။ နို့မိုဆိုဝန်ကြီးချုပ်တွေ စစ်တပ်ကအကုန်ဖြစ်ကုန်မှာ။ ၂၅ ရာခိုင်နှုန်းဆို အဲဒီတော့ ဒီလောက်လေးတော့ တွေး တတ်မှပေါ့ဗျ"ဟု ပြောဆိုသည်။
သတင်း - နောင်လေး
ဓာတ်ပုံ - The Mandalay News Journal

No comments:

Post a Comment

My Blog List