Monday, September 30, 2019

Myanmar Now အယ်ဒီတာချုပ် ကို မူလရုံးမှာ ဆက်လက်စစ်ဆေးရန် အမိန့်ချ


Image may contain: house and outdoor


သတင်း- အေးစုမွန်
Myanmar Now အယ််ဒီတာချုပ် ကို မူလရုံးမှာ ဆက်လက်စစ်ဆေးရန် အမိန့်ချ
---------------------------------------
မဟာအောင်မြေမြို့နယ်တရားရုံးက ပလပ်လိုက်တဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းရဲ့ အမှုကို အဲဒီတရားရုံးမှာပဲ ပြန်စစ်ဆေးမှာဖြစ်တယ်လို့ ကိုကျော်မျိုးရွှေရဲ့ ရှေ့နေ ဦးဇော်ဝိတ် ပြောပါတယ်။ အယ်ဒီတာချုပ် ကိုဆွေဝင်းကို
အမျိုးသားရေးလှုပ်ရှားသူ ကိုကျော်မျိုးရွှေက လွန်ခဲ့တဲ့ နှစ် နှစ်ကျော်ကတည်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အမှုကို မဟာအောင်မြေမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပြီးတဲ့နောက် ပြီးခဲ့ တဲ့ ဇူလိုင်လမှာ တရားရုံးမှာ အမှုကို ပလပ်လိုက်ပါတယ်။

မြို့နယ်တရားရုံးက ပလပ်ပေးလိုက်တဲ့အမှုကို ကိုကျော်မျိုးရွှေက မန္တလေးခရိုင်တရားရုံးမှာ ရာဇဝတ်ပြင်ဆင်မှုတက်ခဲ့ တာဖြစ်ပါတယ်။ အဲဒီပြင်ဆင်မှုတက်ခဲ့ပြီး စက်တင်ဘာလ (၃၀)ရက်မှာတော့ မူလရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပြီး မူလရုံးမှာ ဆက်လက်စစ်ဆေးဖို့ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း- အေးစုမွန်

No comments:

Post a Comment

My Blog List