Wednesday, December 25, 2013

NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒများ ကောက်ယူထားမှု ဆုံးဖြတ်မည်

25-12-2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ပြည်သူ့ဆန္ဒ ခံယူထားမှုများကို အတည်ပြု ဆုံးဖြတ်မည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး တက်ရောက်လာသော ဗဟိုကော်မတီဝင်များက အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒကို ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခြေခံဥပဒေကို ပြင်မှာလား၊ အသစ်ရေးမလား နောက်ဆုံး အကြိမ် ဆွေးနွေး ဆုံးဖြတ်မယ်” ဟု ၎င်းကဆိုသည်။

“NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒကို မြို့နယ်ပေါင်း ၂၇၀ ကျော်မှ ကောက်ယူထားပြီး ယင်းရလဒ်များကို အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယင်းနောက် ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

ထို့အပြင် ဒေသအသီးသီးမှ တက်ရောက်လာသော ဗဟိုကော်မတီဝင်များက ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ပါတီတွင်း လိုအပ်ချက်များကို တင်ပြ ဆွေးနွေးမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သော အကြံပြုလွှာများကို အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန် ကြေညာထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်မည် ဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များကို ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရ သည်။

The Voice Weekly

No comments:

Post a Comment

My Blog List