Monday, December 23, 2013

ဂျာမနီ၏ အကူအညီဖြင့် ရန်ကုန်မြို့တော် အတွင်းရှိ လေထုညစ်ညမ်းမှု များသောနေရာ ၁၅ ခုတွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက် တပ်ဆင်မည်

23-12-2013
ဂျာမနီ၏ အကူအညီဖြင့် ရန်ကုန်မြို့တော် အတွင်းရှိ လေထုညစ်ညမ်းမှု များနေသော အရေးကြီးနေရာ ၅၀ ထဲမှ ၁၅ နေရာတွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်၍ စမ်းသပ်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

အာဆီယံမြို့ကြီးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ GIZ (German International Co-operation) ဂျာမန်နည်းပညာ ပူးပေါင်းအဖွဲ့မှ ရန်ကုန်မြို့တော်၏ လေထုအရည်သွေး စောင့်ကြည့်လေ့လာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်း မှုများအပြင် လေထုအရည်အသွေး တိုင်းတာရေး စက်ကိရိယာများ တပ်ဆင်ရေး အတွက်ကိုလည်း ကူညီပေးခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ လူနေထူထပ်လာမှုကြောင့် လေထုညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များ ကြုံတွေ့နေရကြောင်း၊ ရန်ကုန်မြို့တော်အတွင်း လေထုညစ်ညမ်းမှုများအတွက် လေထုအရည်အသွေးစက်များ တပ်ဆင်ကာ စောင့်ကြည့်ရန် လိုအပ်သည့်နေရာ အများအပြား ရှိသော်လည်း ယင်းနေရာများထဲမှ ပိုအရေးကြီးဆုံးနေရာ ၁၅ ခုတွင် တပ်ဆင်မည်ဖြစ်ပြီး စက်မှုဇုန်များနှင့် နီးစပ်သည့်နေရာများ၊ ယာဉ်များအများဆုံး သွားလာသည့် အဓိက လမ်းဆုံနေရာများ၊ ပြည်သူများနေထိုင်ရာနှင့် နီးစပ်သည့် နေရာများ ပါဝင်ကြောင်း သိရသည်။

လေထုညစ်ညမ်းမှု အခြေအနေ များပြားနေပါက လေထုအတွင်း အမှုန်အမွှား လွင့်စဉ်မှု များပြားကာ လူများတွင် အသက်ရှူလမ်းကြောင်းပိုင်း ဆိုင်ရာများကို ဖြစ်ပွားစေနိုင်သည်ဟု သိရသည်။

လေထုညစ်ညမ်းမှုများကို အဓိကဖြစ်စေသည့် အကြောင်းရင်းများမှာ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော မီးခိုးများ၊ သက်တမ်းလွန် မော်တော်ယာဉ်များမှ ထွက်ရှိသော အိတ်ဇောမီးခိုးများကြောင့် ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ရန်ကုန်မြို့တော် အတွင်းရှိ နေ့စဉ်စွန့်ပစ်သော အမှိုက်များမှလည်း မီးသိန်းဓာတ်ငွေ့များ ထွက်ရှိကာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်နေစေနိုင်ပြီး နေ့စဉ်ထွက် အမှိုက်များကို လျော့နည်းစေမည့် နည်းလမ်းများကို ရှာဖွေနေပြီး အမှိုက်မီးရှို့စက်ထောင်၍ မီးရှို့ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List