Tuesday, December 24, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ယနေ့ပြုလုပ်မည်

24-12-2013

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) တွင်ပြုလုပ်မည်ဟု သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာများကို ပါတီအလိုက်တင်သွင်းနိုင်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စများ ပါဝင်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်များက ပြောကြားခဲ့သည်။
လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာက လွှတ်တော်ကော်မတီကို မတင်ရသေးဘူး။ ဘာတွေတင်မယ်ဆိုတာ မသိရသေးဘူး . . .

"လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာက လွှတ်တော်ကော်မတီကို မတင်ရသေးဘူး။ ဘာတွေတင်မယ်ဆိုတာ မသိရသေးဘူး။ အခုအစည်းအဝေးမှာ အဲဒီကိစ္စတွေ ဆွေးနွေးနိုင်တယ်"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါပူးပေါင်းကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဌာန၊ အသင်းအဖွဲ့ပါတီများနှင့် ပြည်သူများထံမှ အကြံပြုချက်များ တောင်းခံထားသည်။ ထိုသို့တောင်းခံထားရာတွင် ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး အကြံပြုချက် ၂၅၁၂ ရရှိခဲ့သည်။

အကြံပြုစာများကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးပို့နိုင်ပြီး အဆိုပါပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List