Tuesday, December 24, 2013

အချစ်ထက် အနုပညာကိုပဲဦးစားပေးနေတဲ့ သဉ္ဇာနွယ်ဝင်း

24-12-2013
‘ငွေလမင်းရဲ့ အနီးဆုံးလူ’ ဇာတ်ကား ကို သဉ္ဇာနွယ်ဝင်းက ဟိန်းဝေယံနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီ ဇာတ်ကားထဲ မှာ သဉ္ဇာနွယ်ဝင်း က တက္ကသိုလ် ကျောင်း သူအဖြစ် ပါဝင်သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားလေးက အချစ် ဖန်စီဇာတ်ကားလေးဖြစ်တယ် လို့လည်း သိရပါတယ်။

“သရုပ်ဆောင် တစ် ယောက်ဖြစ် တဲ့အတွက် ပရိ သတ်ကို ကာရိုက်တာ တစ်ခု နဲ့တစ်ခုမတူအောင် ရိုက်ပြ ချင်တယ်။ သဉ္ဇာက များ သောအားဖြင့် အငိုဇာတ်ရုပ် လေးတွေ ရိုက်ဖြစ်တာ များ တယ်။ အခုနောက် ပိုင်းမှာ တော့ ဖန်စီဇာတ် ကားလေး တွေလည်း ရိုက်ဖြစ်တယ်။ အငိုဇာတ်ကားလေး တွေ လည်း ရိုက်ဖြစ်တယ်၊ ရိုက်ရတာတော့ မျှပါ တယ်။ အခုနောက်ပိုင်းမှာ သဉ္ဇာဆီ လာတဲ့ဇာတ် တွေက သဉ္ဇာလုပ်နိုင်တဲ့ ဇာတ်မျိုးတွေဖြစ်တော့ သရုပ်ဆောင်ရတာ ပိုပြီး အဆင်ပြေလာတယ်။ အရင်တုန်းက ကိုယ်ရိုက် ခဲ့တဲ့ ဇာတ်ကားတွေပြန်ပြီး ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် အားမရတာ ဖြစ်မိ တယ်။ အခုနောက်ပိုင်းမှာတော့ ဘယ်လိုလေးဝတ်စားလိုက်ရင် ကာ ရိုက်တာနဲ့ ပိုလိုက်ဖက်မှုရှိ မယ်ဆိုတာ ကို ပိုသိလာတဲ့အတွက် အရင်က ထက်စာရင် တော့ ကိုယ့်ဇာတ်ကားလေးတွေကို ကြည့်ရတာပိုပြီး အားရလာတယ်။ ပရိသတ်တွေက လည်း အရင်ကထက် ပိုပြီး ကိုယ့်ကို လက်ခံ အားပေးတဲ့အတွက် သဉ္ဇာအနေနဲ့ အနုပညာ အလုပ်လုပ်ရတာ ပိုပြီးပျော်လာသလို ခွန် အားတွေလည်း ရလာပါတယ်” လို့ ပြော ပါတယ်။

အခုချိန်မှာတော့ အနုပညာ အလုပ်တွေ ကိုပဲ အချိန်ပေးဖြစ်နေပြီး အချစ်ရေးကိုတော့ မစဉ်းစားချင် သေးဘူးလို့ သဉ္ဇာနွယ်ဝင်းက ပြော ပါတယ်။ “ရည်စားလည်း မထားချင်သေးဘူး။ အိမ်ထောင်ပြုဖို့ဆိုတာ အဝေး ကြီးလိုပါသေးတယ်။ အိမ်ထောင်ပြုဖို့ ကို စိတ်ကူးလည်းမရှိသေးပါဘူး။ အဓိကကတော့ အိမ်ထောင်တစ်ခုရဲ့ တာဝန်ကို မနိုင်သေးတာလည်း ပါပါတယ်။ အခုလောလော ဆယ်မှာတော့ သူများ မင်္ဂလာဆောင် တွေကြည့်ပြီး အားကျတာမျိုးတော့ မရှိပါဘူး။ အရင်တုန်းကတော့ သူများ မင်္ဂလာ ဆောင်တာကြည့်ပြီး အားကျ လိုက် တာ။ ငါလည်း အဲဒီလိုမျိုး ဆောင် ချင်လိုက်တာဆိုတဲ့ စိတ်လေး ဖြစ်မိတယ်။ အခုနောက် ပိုင်းကျ တော့ သဉ္ဇာစဉ်းစားမိတာတော့ အသက် သုံးဆယ်လောက်မှပဲ အိမ် ထောင်ရေးကို စဉ်းစားတာ ကောင်း မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ အခုအနုပညာလုပ်ရတာ လည်း ပျော်တယ်။ ပြီးတော့ လွတ် လွတ်လပ်လပ် နေရတာကိုလည်း ပိုပြီးတော့ ပျော် စရာကောင်းတယ်။ ကံကောင်းတယ်လို့လည်း အခုချိန် မှာ မြင်မိတယ်။ ရည်းစားလည်း မထားဘူး။ အနုပညာ အလုပ်ကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်နေပါတယ်”လို့ ဆိုပါတယ်။

Popular Journal

No comments:

Post a Comment

My Blog List