Thursday, December 05, 2013

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုဗန်းကိုင်ဆောင် ရန်အတွက်အမျိုးသမီး(အိမ်ထောင်မရှိ)သူများ လျှောက်ထားနိုင်

Thursday, December 05, 2013

လျှောက်လွှာခေါ်ယူခြင်း

၁။ ၂ဝ၁၂ ခုနှစ်အတွက် ရန်ကုန်မြို့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုဗန်းကိုင်ဆောင်ရန်အတွက် အောက်ပါအရည်အချင်းနှင့်ကိုက်ညီသော အမျိုးသမီး(အိမ်ထောင်မရှိ) သူများ လျှောက်ထားနိုင်ပါသည်-

(က) ၂ဝ၁၃ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူနှင့်အသက်(၂ဝ)မကျော်လွန်သူ

(ခ) အရပ်အမြင့်(ဖိနပ်မပါ) (၅)ပေ(၄)လက်မ မှ (၅)ပေ(၅)လက်မ အတွင်းဖြစ်ရမည်
(ဂ) ကျန်းမာရေးကောင်းမွန်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းနှင့် ကိုယ်ခန္ဓာအချိုးအစား ပြေပြစ် သူ ဖြစ်ရမည်

၂။ လျှောက်လွှာများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းတွင် (၂၉-၁၁-၂ဝ၁၃) ရက်တွင် စတင်ထုတ်ယူနိုင်ပြီး (၇-၁၂-၂ဝ၁၃)ရက် ညနေ(၅)နာရီ မတိုင်မီနောက်ဆုံး ထား လျှောက် ထားနိုင်ပါသည်။

၃။ ထူးချွန်ဆုချီးမြှင့်ပွဲတွင် ပါဝင်မည့်ဆုဗန်းကိုင်များနှင့် အစီအစဉ်ကြေငြာသူများအတွက် မိတ်ကပ် ဆံပင်အလှပြင်ခြင်း၊ လက်ဝတ်ရတနာဆင်မြန်းခြင်း၊ ဝတ်စုံ(ဒီဇိုင်နာအပါအဝင်) ဆင်မြန်းခြင်း၊ ဖိနပ်ဆ င်မြန်းခြင်းတို့အား

 ပါဝင်ဆောင်ရွက်လိုသူများအနေဖြင့် မိမိဆောင်ရွက်လိုသော လုပ်ငန်းအမည်နှင့် ထည့်ဝင်ပေးနိုင်မ ည့် ငွေပမာဏကိုပါဖော်ပြ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းသို့ (၇-၁၂-၂ဝ၁၃) ရက်ညနေ(၅)နာရီမတိုင်မီ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်း

No comments:

Post a Comment

My Blog List