Tuesday, December 03, 2013

ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်ရောင်းကောင်း

Tuesday, December 03, 2013

ရန်ကုန်မှာ ကန်မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အုပ်စု ခ ဘောလုံးပွဲစဉ် လက်မှ တ် တွေကို ဒီဇင်ဘာ ၂ ရက်နေ့ကစ ကြိုတင်ရောင်းချပေးခဲ့ရာမှာ အချိန်တိုအတွင်း လက်မှတ်ေ တွ ရောင်းကုန် သွားပြီး လူအများအပြား လက်မှတ် ၀ယ်မရကြဘူးလို့ ကိုယ်တိုင် သွားဝယ်သူေ တွ က ပြောပါတယ်။
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ လက်မှတ်တွေကို ရန်ကုန်မှာ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့ ပဒုမ္မာကွင်း စုစုပေါ င်း ၄ နေရာမှာ တနေရာစီကို လက်မှတ် ၁၀၀၀ စီ ရောင်းချပေးနေပါတယ်။

ဘောလုံးပွဲလက်မှတ် ဈေးနှုန်းတွေကတော့ အမျိုးသားအုပ်စုပွဲစဉ် ရိုးရိုးတန်း ကျပ် ၂ ထောင်နဲ့ အထူးတန်း ကျပ် ၄ ထောင်၊ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေကို ရိုးရိုးတန်း ကျပ် ၃ ထောင်နဲ့ အထူးတန်း ကျပ် ၅ ထော င်နှုန်းနဲ့ ရောင်းချပေးနေပြီး ဖိုင်နယ်အဆင့် လက်မှတ်တွေကိုတော့ ဒီဇင်ဘာ ၁၁ ရက်နေ့မှ ရောင်းပေးမယ် လို့ ကြေညာထားပါတယ်။

DVB TV News

No comments:

Post a Comment

My Blog List