Wednesday, December 04, 2013

မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည်ဟု ဦးဝီရသူ ထုတ်ပြန်ကြေညာ

Wednesday, December 04, 2013

မြန်မာနိုင်ငံတွင် နေထိုင်ပြီး တိုင်းတစ်ပါးကို ချစ်ခင်သော မွတ်ဆလင် များကို စောင့်ကြည့်၍ မိတ်ဆွေဖြ စ်အောင် စည်းရုံးသွားမည် ဖြစ်ကြောင်း အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်နေသည့် မစိုးရိမ် တို က်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

အစ္စလာမ်နှင့် ဗုဒ္ဓဘာသာကြား အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဒီဇင်ဘာလ ၃ ရက်နေ့က သင်္ဃန်း ကျွန်းမြို့နယ် ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက် တာဝန်ခံ အစ္စလာမ် ဘာသာဝင် ဦးရွှေကြည်တို့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပါ အချက် အပါအဝင် အချက်သုံးချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။
မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည့် အချက်အပြင် ယင်းကြေညာချ က်၌ မြန်မာနိုင်ငံ တွင် နေထိုင်ပြီး မြန်မာနိုင်ငံကို ချစ်ခင်သည့် မွတ်ဆလင် များကို မိတ်ဆွေကောင်း အဖြစ် သတ်မှတ် ကာ မေတ္တာပေးပြီး အကာအကွယ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံကို အစ္စ လာမ် နိုင်ငံ ပြုလုပ်နေသူများ၏ အန္တရာယ်ကို ဥပဒေ ဘောင်အတွင်းမှ ကာကွယ်သွားမည် ဆိုသည့် အချက်သုံး ချက်လည်း ပါဝင်သည်။

အင်တာနက် လူမှုစာမျက်နှာ များတွင် ပျံ့နှံ့နေသည့် အစ္စလာမ် ညီညွတ်ရေးအသင်း အမည်ခံ "မွတ်ဆလင် အဖွဲ့၏ ပြည်သိမ်း စီမံချက် မဟာဗျူဟာ ၁၀ ခုနှင့် နည်းဗျူဟာ" ဟူသည့် အချက်များသည် မြန်မာနိုင်ငံ တွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ဦးရွှေကြည်ခေါ် ဒိုင်းမွန်း ရွှေကြည်က ပြောကြားသည်။

ယင်းကိစ္စကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် သာသနာ အဖွဲ့ချုပ်ကြီးနှင့် မွတ်ဆလင် အဖွဲ့အစည်း များ က အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။

၉၆၉ အဖွဲ့နှင့် ၄င်းကို အကြမ်းဖက်သူများဟု ကမ္ဘာ့မျက်နှာစာတွင် စွပ်စွဲခံ ထားရသော်လ ည်း မြန် မာ နိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ၄င်း၏ ပယောဂ လုံးဝမရှိကြောင်း၊ အဓိကရုဏ်း များကို မလိုလားသူ ဖြစ်သဖြင့် အဓိကရုဏ်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို ရှာဖွေတားဆီး နိုင်ရန် စွမ်းနိုင် သမျှ ကြိုးပမ်းခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် လက်တွဲ၍ ရသည့် အစ္စလာမ် ဘာသာဝင်များနှင့် လက်တွဲသွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်သည် ဆိုခြင်းမှာ စိတ်ကူးထဲတွင်ပင် မရှိကြောင်း၊ အခြားလူများ ထင်သကဲ့ သို့ အစ္စလာမ်များတွင် လက်နက်လည်း မရှိဘဲ စိတ်ကူးယဉ်ပြီး ပြောခြင်းသာ ဖြစ်မည် ထင်ကြောင်း အစ္စ လာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment

My Blog List