Wednesday, December 04, 2013

NLD နှင့် USDP ပါတီဝင်များ တရုတ်သို့ လေ့လာရေးသွားမည်

Wednesday, December 04, 2013 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့မှ ကိုယ် စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒီဇင်ဘာလဒုတိယပတ်အတွင်း လေ့လာရီးတော် စယ်းမယ်ရေ သွားရောက်မည်ဟု အဆိုပါ ပါတီတို့၏ တာဝန်ရှိသူများက မဇိ္ဈမကို ဒီဇင်ဘာ၂ရက်တွင် အတည်ပြု ပြော သည်။

NLD သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ် ကြားချက်အရ ဒီဇင်ဘာ ၈ ရက်တွင်သွား ရောက်မည်ဖြစ်ပြီး USDP သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြား ချက်အရ ဒီဇင်ဘာ ၅ ရက်တွင် ခရီးစဉ်စတင်မည်ဖြစ်သည်။
“ကျွန်တော့်အတွက် တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပထမဆုံးခရီးစဉ်ပါပဲ အဖွဲ့ချုပ်က အမျိုးသမီးတွေနဲ့ လူငယ် တွေကို ရွေးထည့်ထားပါတယ်။ ခုနှစ်ရက်ခရီစဉ်ပါ ကျွန်တော်တို့လို မတိုးတက်သေးတဲ့ နိုင်ငံ အနေနဲ့ တိုးတ က်နေတဲ့ တရုတ်နိုင်ငံ ကို သွားလေ့လာတာကောင်းတာပေါ့ဗျာ” ဟု အဖွဲ့ဝင်၁၀ဦးပါ NLD ပါတီဝင် အဖွဲ့ ကို ဦးဆောင်မည့် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကဆိုသည်။

၁၀ရက်ကြာ လေ့လာရေးသွားရောက်မည့် အဖွဲ့ဝင်၂၅ဦးပါ ပြည်ခိုင်ဖြိုးပါတီကိုမူ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဌေး ဦးက ဦးဆောင်သွားရောက်မည်ဟု သူ၏ ကိုယ်ရေးအရာရှိ ဦးသန်းနိုင်က ပြောသည်။ “ဦးဌေးဦး နဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်လှ၊ ဦးသန်းထွန်းနဲ့ ဒေါက်တာဌေးဝင်းတို့လဲ ပါကြ တယ်။ ကျ န်တဲ့သူတွေက ပြည်ခိုင်ဖြိုး ပါတီတိုင်းအတွင်းရေးမှူး တွဲဖက်အတွင်းရေးမှူးနဲ့ အီးစီအဖွဲ့ဝင် တချို့ဖြစ်ပါ တ ယ်” ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနှင့် နီးကပ်သည့် ဆက်ဆံမှုများရှိထား သ ည့် ပါတီတစ် ခုလည်းဖြစ်သည်။ ယမန်နှစ်အတွင်း၌ပင် ကွန်မြူနစ်ပါတီ၏ ပုဂ်္ဂိုလ်ရေးဖိတ်ကြားမှု ဖြင့် ပြည်ခို င်ဖြိုး ဒုတိယဥက်္ကဋ္ဌ ဦးဌေးဦး တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုမူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပထမ ဆုံးအကြိမ် ဖိတ်ကြားခြ င်းဖြစ်သည်။

ယင်းမတိုင်မီ တရုတ်နိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး (CAIFC)၏ ဖိတ်ကြား မှုဖြင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်တို့ လေ့လာရေးခရီးသွားရောက်ခဲ့စဉ်က ပါဝင်ခဲ့သည့် NLD မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့်CAIFC ဥက္ကဋ္ဌ လီဇောက်ရှင်းတို့ အောက်တိုဘာ ၂၉ ရက် ဘေဂျင်း၊ ပြည်သူ့လွှတ်တော်ကွန်ကရက်၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်လို သည်ဟု ကမ်းလှမ်းခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List