Monday, December 02, 2013

ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်မှ ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုကို အမျိုးသား ကွန်ယက် (မြန်မာ) ကန့်ကွက်ပွဲ အခမ်းအနား ပြုလုပ်

Monday, December 02, 2013 

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှ ဘင်္ဂါလီများကို တိုင်းရင်းသား မျိုးနွယ်စုအဖြစ် သတ်မှတ်ေ ပးရန် တောင်းဆိုမှုအား ကန့်ကွက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် M3 ခန်းမ အနီး ဦးဝိစာရလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းထောင့်ရှိ ဘောလုံးကွင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။
အဆိုပါပွဲကို ပြည်သူလူထု ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်း ကြည်၊ မတူကွဲပြား ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေ၊ အမျိုးသားရေး ကွန်ရက်မှ ကိုဇေယျဝင်းတို့က ကုလသ မဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြော င်း ဟေြာေ ပာမှု များ ပြုလုပ်ခဲ့ကြောင်း သိ ရသည်။

ယင်းပွဲတွင် အမျိုးသား ကွန်ရက်နှင့်အတူ ပွဲတက်ရောက်သည့် ပြည်သူ ၄၀၀ ကျော်မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တို့ ပြော ကြား ခဲ့သည့် မြ န်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများတွင် ရိုဟင်ဂျာဟူသည့် လူမျိုး မည်သည့်အခါမှ မရှိခဲ့သော အဆိုကို လုံးဝထောက်ခံကြကြောင်း သိရသည်။

ထို့အပြင် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ တတိယ ကော်မတီတွင် တင်သွင်းအတ ည်ပြု ခဲ့သော မြန်မာနိုင်ငံထဲမှ လူ့အခွင့်အရေး အခြေအနေ အမည်ရှိ ဆုံးဖြတ်ချက် စာတမ်း၏ အပိုဒ် ၁၀ ပါ "ရိုဟင်ဂျာ များအား နိုင်ငံသား ပြုခွင့်ပေးရန်" ဟူသည့် အချက်ကို ပြည်သူလူထုမှ လုံးဝကန့်ကွ က်ကြော င်း၊ မြန်မာနိုင်ငံ အတွင်းရှိ ၁၃၅ မျိုးသော တိုင်းရင်းသား မျိုးနွယ်စု၏ ကိုယ်ပိုင်အခွင့် အရေး ကိုေ လး စားရန်နှင့် ချိုးဖော က် ခြင်း မပြုသင့်ကြောင်းတို့ကို တောင်းဆိုခဲ့ကြသည်။

အဆိုပါပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမျိုးသား ကွန်ရက် (မြန်မာ) မှ ကိုဇေယျာဝင်းက "အခု ကုလသမ ဂ္ဂ တောင်းဆိုချက်ဖြစ်တဲ့ ခိုးဝင်ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုချက်က ကုလ သမဂ္ဂအဖွဲ့ အစည်းရဲ့ စည်းကမ်းချက်ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မ စွက်ဖက်ဘူး ဆိုတဲ့ အချက်ကို ချိုးဖောက်နေပါတယ်။ အခု ရခိုင်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီ အရေးဟာ ရခိုင်တစ်မျိုးသားလုံး အတွက်တင် မဟုတ်ပါဘူး။ ပြည်ထောင်စု တိုင်းရင်းသား အရေးဘဲ ဖြစ်ပါတယ်။ သူတို့ကို နိုင်ငံသားအဖြစ် ခွင့်ပြုပေးလိုက်ရင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ပြန့်နှံ့သွားနိုင်ပြီး တိုင်းရင်းသားတွေ ပျောက်ကွယ်သွား နိုင် တ ယ်" ဟု ပြောကြားသည်။

ဆက်လက်၍ နိုင်ငံသားဖြစ်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ ခရီးသွားလာခွင့် အစရှိသည်တို့မှာ အချုပ် အချာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီသာ စီရင်ဆုံးဖြတ်ရမ ည့် ပြည်တွင်းရေး ဖြစ်သဖြင့် ကုလသမဂ္ဂ အပါအ၀င် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းများ၏ တိုက်တွ န်း မှု၊ စွက်ဖက်မှုကိုမဆို ပြည်သူလူထုမှ ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း တောင်းဆိုခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List