Wednesday, December 04, 2013

ချက်စ်ပြိုင်ပွဲတွင် ဆူညံပါက ဒေါ်လာ ၅၀၀ ပေးရမည်

Wednesday, December 04, 2013 

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွင်း ထည့်သွင်းကျင်းပမည့် စစ်တုရင်အား ကစားနည်း ပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပနေသည့် အချိန်အတွင်း ဆူညံမှုများပြုလုပ်ပါက ဒဏ်ငွေ ဒေါ်လာ ၅၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်ကပြောသည်။
ဦးမောင်မောင်လွင်က စစ်တုရင် ကစားနည်းသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို အခြေခံထားသည့် ကစားနည်းဖြစ်သောကြောင့် ကစားသမားများကို အနှောင့်အယှက်အဖြစ်စေရန်အတွက် တင်းကြပ်သည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်ဟုလည်း ပြောသည်။ ၎င်းက “ပြိုင်ပွဲကျင်းပနေချိန် အတွင်းမှာ ကစားသမားတွေကို အနှောက်အယှက်ဖြစ်စေမယ့် ဆူညံမှုမျိုးပြုလုပ်ခွင့် မပြုပါဘူး။ ပြိုင်ပွဲဝင် ကစား
သမားတွေအနေနဲ့ ဖုန်းကို ပိတ်ထားရပါမယ်။ ကစားနေတဲ့အချိန်မှာ ဖုန်းသံမြည်လာမယ်ဆိုရင်တော့ ဖုန်းဖွင့်ထားတဲ့ ကစားသမားက အရှုံးပေးရပါမယ်။ ကစားသမားတွေသာမက ဒိုင်လူကြီး၊ ပရိသတ်၊ မည်သူ မဆို ဆူညံမှုပြုလုပ်မယ်ဆိုရင် ဒဏ်ငွေ ဒေါ်လာ ၅၀၀ ပေးဆောင်ရပါမယ်”ဟု ပြောဆိုခဲ့သည်။

စစ်တုရင်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော် ဇဗ္ဗူသိရိ ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List