Tuesday, December 03, 2013

အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ လွှတ်တော်သို့တင်ပြမည်ဟု သမ္မတကတိပြု

Tuesday, December 03, 2013
မြန်မာနိုင်ငံအတွင်း ပဋိပက်္ခ များဖြစ်ပွားခဲ့သည့် ဒေသများ၌ အမျိုးသမီးများကို ကာကွယ် စောင့်ရှောက်ခြင်း သည်လုပ်ဆောင် သင့်သည့်အချက်တစ်ခုဖြစ်သည့် အတွက် အမျိုးသမီးများကို ကာ ကွယ်စော င့်ရှော က် ရေးဥပဒေကို လွှတ်တော်သို့တင်ပြပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပြုပြောဆိုခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်၊ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ကျင်းပ ခဲ့သော တည်ငြိမ်အေးချမ်း သည့် နိုင် ငံ တော်တည်ဆောက်ရေးတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုသည့် အရပ်ဘက် လူ မှုအဖွဲ့အ စည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ အမျိုးသမီးကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် ကျား/မရေး ရာ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစံပယ်ဖြူ၏ ဆွေးနွေးချက်များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြန်လည် ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။
““အမျိုးသမီးများ ကာကွယ် စောင့်ရှောက်ရေးဥပဒေက အင် မတန်မှ လိုအပ်တဲ့ဥပဒေဖြစ်ပါ တယ်။ ဒီဥ ပဒေပေါ်ပေါက်ရေး အတွက် အကြံပြုသွားတာကို ကျွန်တော်တို့အမြန်ဆုံးလုပ်ဆောင် ရမယ့်လုပ်ငန်း တစ် ခုဖြစ်တဲ့အတွက် ကြောင့် ဒီဟာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုတင်ပြပေးသွားမှာ ဖြစ်တယ်”” ဟု သမ္မတ ဦး သိန်းစိန် က ပြောသည်။

အမျိုးသမီးများ၏အခွင့် အရေးကို ကာကွယ်ရန်၊ ကျန်းမာ ရေးအရေ စောင့်ရှောက်မှုများပေး ရန်နှင့် အမျိုး သမီးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရား ၀င်အဖွဲ့ ၅ဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ပြည်တွင်းပြည် ပမှ NGO  အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မှုများလည်းရှိကြောင်း၊ လူမှု ၀န်ထမ်းကယ် ဆယ်ေ ရးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတော်အနေဖြင့် ဆော င်ရွက် လျက်ရှိနေကြောင်းသမ္မတဦးသိန်း စိန်က ဆက်လက်ပြောဆိုသည်။

““အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေး၊ အထူးသဖြင့် ပဋိ ပက္ခဖြစ်ပွားတဲ့ဒေသတွေကအမျိုး သမီးတွေကို ကာကွယ်စောင့် ရှောက်ရေးစတဲ့အချက်တွေက အင်မတန်မှလုပ်ဆောင်သင့်တဲ့ အချက်တွေဖြစ်သလို တစ် ဖက်က လည်း မြန်မြန်ဆန်ဆန်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် ကြဖို့လိုအပ်တဲ့အကြောင်းကို အခု လိုထောက်ပြသွားတဲ့အတွက် ကြိုးပမ်းပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”” ဟု နိုင်ငံတော် သမ္မတက ကတိပြုပြောကြား သည်။

ကချင်ဒေသ စစ်ဘေးသင့်ခဲ့ သည့် ဒုက္ခသည်စခန်းများမှ အမျိုးသမီးများ၏ အကြမ်းဖက် ခွဲခြားခံရမှု များ ကို ကောက်ယူ ထားသည့် စစ်တမ်းများအရလုံခြုံ မှုမရှိခြင်း၊ ဒုက္ခသည်စခန်း၌ မီးဖွား နေရခြင်းနှင့် အကြမ်း ဖက်ခံနေရ ခြင်းများကို နေ့စဉ်တွေ့မြင်နေရ ကြောင်း အဆိုပါဆွေးနွေးပွဲ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ ကို ပါဝင်ဆွေးနွေးခဲ့သည့် ကျား/ မရေးရာတန်းတူညီမျှရေးကွန်ရက် မှ ဒေါ်မေစံပယ်ဖြူကဆိုသည်။

အဆိုပါကွန်ရက်မှ သမ္မတ ကြီးအနေဖြင့် အခြားကဏ္ဍများ၌ အကြံပေးများထားရှိသော်လည်း ကျား/မရေး ရာ အခွင့်အရေးများ ဆောင်ရွက်ရန်အကြံပေး မထား ရှိသေးသည့်အတွက် အောက်ခြေ အဆင့်အထိ အမျိုး သမီးအခွင့် အရေးများ ဆောင်ရွက်နိုင်ရေး အတွက်ွနညိနမ အကြံပေးခန့် အပ်ထားသင့် ကြောင်း၊အမျိုး သမီး များအခွင့်အရေးဆောင်ရွက်ရာ တွင် အခက်အခဲများရှိနေသည့် အတွက် အခမ်းအနားများ၊ အစည်း အဝေးများကျင်းပနိုင်ရန် နိုင်ငံတော်ပိုင် အဆောက်အဦ များကို ငှားရမ်းအသုံးပြုခွင့်ပေး စေလိုကြောင်းကို လည်း သမ်္မတ အား တောင်းဆိုခဲ့သည်ဟု သိရ သည်။    

Hot News Journal

No comments:

Post a Comment

My Blog List