Tuesday, December 03, 2013

ရိုဟင်ဂျာ/ဘင်္ဂါလီတို့ကို နိုင်ငံသားပြုရေးကို ရန်ကုန်မှာ ကန့်ကွက်

Tuesday, December 03, 2013 
ရိုဟင်ဂျာ/ဘင်္ဂါလီတို့ကို နိုင်ငံသားအဖြစ်သတ်မှတ်ပေးရေး ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်ကို ကန့်ကွက်တဲ့ ဟောပြောပွဲတခု တနင်္ဂနွေနေ့က ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ 

ဗဟန်းမြို့နယ်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း ပိုစ တာများ ချိတ်ဆွဲခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်သတင်းကို http://burma.irrawaddy.org/news /2013/11/20/51169.html မှာ ဖတ်နိုင်ပါတယ်။ 

မြန်မာအစိုးရက အဲဒီ တိုက်တွန်းမှုကို ပယ်ချထားပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့အခမ်းအနားမှာ - မြန်မာပြည်တိုင်းရင်းသား ၁၃၅ မျိုးပဲ ရှိတယ်၊ ထပ်တိုးဖို့ မကြိုး စားနဲ့၊ ဘယ်လူမျိုးမှ လက်မခံ ဆိုတဲ့ စာတန်းပါ တီရှပ် ၀တ်ဆင်သူ အများအပြား တွေ့ခဲ့ရပါတယ်။

The Irrawaddy (Burmese Version)

No comments:

Post a Comment

My Blog List