Thursday, December 05, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်

Thursday, December 05, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံတော်သမ္မတရုံး ၀က် ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

သမ္မတ၏ ယခုခရီးစဉ်သည် ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာဘီနင်နိုဘတ်စ် အကွီနို(၃)၏ ဖိတ်ကြား ချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်ထိ သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဦး စိုးမောင်၊ ဦးမြင့်လှိုင်၊ ဦးဇေယျာအောင်၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြ ည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်၊ ဒေါက်တာဝင်းမြင့်၊ ဒေါက်တာသန်းေ အာင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာ တွင်ေ ဖ်ာပြထားသည်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး ကိစ္စများ၊ လယ်ယာစိုက်ပျိုးရေး ကိစ္စများ၊ စွမ်းအင်၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူး ရယူမည့်ကိစ္စရပ် အပါအ၀င် ဒေသတွင်း ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ တို့ သည် ဇွန် ၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပထမဆုံးအကြိ မ် တွေ့ဆုံ ဆွေးနွေးဖူးသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် သံတမန်ရေးရာ ဆက်ဆံမှုကို ၁၉၅၆ ခုနှစ်မှစတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှုစနစ် (၆၀) ပြည့်မြောက်မည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List