Monday, December 02, 2013

HIV/AIDS အတွက် သီးခြားဘဏ္ဍာငွေ ထုတ်ပေးရန် လွှတ်တော်တင်မည်

Monday, December 02, 2013 

အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းစဉ်များအတွက် သီးခြား ဘက်ဂျက်တစ်ရပ်ကို လာမည့် ၂၀၁၄- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်သို့ တင်ပြတောင်းခံသွားမည်ဟု ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးတင်မောင်ဦးက ဒီဇင်ဘာလ ၁ ရက်တွင် ပြောသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “နိုင်ငံတကာမှာ အိတ်ခ်ျအိုင်ဗွီအတွက် သီးခြားဘက်ဂျက် ရှိတယ်။ ကျွန် တော်တို့နိုင်ငံမှာ အဲဒီလို သီးခြားမရှိသေးတဲ့အတွက် တင်ပြသွားမှာပါ” ဟု ပြောသည်။
လာမည့် ဇန်န၀ါရီလတွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဘက်ဂျက်ကိစ္စရပ်များကို ဆွေးနွေး ရာတွင် ထည့်သွင်းတင်ပြသွားမည်ဟု ဆိုခြင်း ဖြစ်သည်။ အဆိုပါဘက်ဂျက်ရရှိပါက ARV ဆေးရရှိ ရန်၊ေ ဆးကုသစရိတ် လုံလောက်ရန်၊ CD4 ကိုယ်ခံအားတိုင်းတာခြင်း၊ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်း များကို ပံ့ပိုးပေးနိုင်မည်ဟုလည်း ဆိုသည်။

“တခြား ကိုယ်စားလှယ်တွေကလည်း အခုလိုသီးခြား ဘက်ဂျက်တောင်းခံတာကို ထောက်ခံမှာပါ။ ရမယ် လို့လည်း ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရန် တစ်နှစ်လျှင် ဆေးကုသစရိတ် မည်မျှကုန်ကျနိုင်သည်၊ ဘက် ဂျက် မည်မျှရှိသင့်သည်တို့ကို အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေးအဖွဲ့အစည်းများက ပြုစုနေပြီး လာမည့် ဇန်န၀ါ ရီလ ၄ ရက်တွင် ရန်ကုန်မြို့တွင် တွေ့ဆုံပွဲပြုလုပ်ကာ တင်ပြကြမည် ဖြစ်သည်။

“တစ်နှစ်ကို ဘယ်လောက်ကုန်မယ်ဆိုတာ ခန့်မှန်းဖို့မလွယ်ပါဘူး။ ဆေးကုန်ကျ စရိတ်တင် မဟုတ်ပါဘူး။ ကျန်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက်ပါ ကုန်ကျပါတယ်။ ဥပမာ Home base လုပ်မလား။ ဘယ်လို ၀န် ဆောင်မှုတွေ ပေးမလဲ။ လူနာရဲ့ CD4 ကိုယ်ခံအား ဘယ်လောက်ရှိသလဲ။ အထူးကုနဲ့ပြဖို့ လိုသလား စတဲ့ အပေါ်မူတည်ပြီး လူနာ တစ်ဦးနဲ့တစ်ဦး ကုန်ကျစရိတ် မတူပါဘူး” ဟု အိတ်ခ်ျအိုင်ဗွီလူနာ ၁၆၀ ခန့် ကို စောင့်ရှောက်ပေးနေသော ကရုဏာလရိပ် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

အိတ်ခ်ျအိုင်ဗွီဖြင့် အသက်ရှင် နေထိုင်သူများသည် အခြားဝင်လာနိုင်သည့် တီဘီ၊ ၀မ်းလျှောဝမ်းပျက်၊ မှတ် ခရု စသည့် ရောဂါများပါ ကုသရပါက ကုန်ကျစရိတ်ပိုများသည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီဖြင့် အသက်ရှင်နေထိုင်သူ စုစုပေါင်း ၁၇၀,၀၀၀ မှ ၂၂၀,၀၀၀ ခန့်ရှိသည် ဟုUNAIDS ၏ စာရင်းများတွင် ဖော်ပြထားသည်။ ထိုအထဲတွင် အသက် ၁၅ နှစ်နှင့် အထက် အမျိုးသမီး ၅၅,၀၀၀ မှ ၇၁,၀၀၀ အထိ ရှိနိုင်သည်ဟုလည်း ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List