Thursday, December 05, 2013

ဥရောပသို့ ဆန်တင်ပို့ရေး မြန်မာနှင့် ကမ္ဘောဒီးယား အပြိုင် ဖြစ်လာနိုင်

Thursday, December 05, 2013
ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ ဆန်တင်ပို့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအနက် ကမ္ဘောဒီးယား နိုင်ငံသည် မြန်မာနိုင်ငံနှင့် အပြိုင်ဆန် တင်ပို့သည့် နိုင်ငံ ဖြစ်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတိုးေ အာ င်မြင့် က ပြောကြားသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင်အတွင်း ဥရောပသမဂ္ဂ၏ အထူးအခွန် ကင်းလွတ်ခွင့်ကို ရရှိခဲ့ပြီး မြန်မာနည်းတူ ကမ္ဘောဒီးယား နိုင်ငံသည်လည်း ဥရောပ ပို့ကုန် အခွန်ကင်းလွတ်ခွင့် ရရှိခဲ့သောကြောင့် မြန်မာနိုင်ငံ ဆန်စပါးတင်ပို့မှု အခြေအနေကို စောင့်ကြည့်လျက် ရှိကြောင်းဟု ၎င်းကဆိုသည်။
“ဥရောပဈေးကွက်က လာမယ့်နှစ်အတွက် ဝယ်လိုအား ဆန်တန်ချိန် ရှစ်သိန်း ရှိတယ်။ ကမ္ဘောဒီးယားနိုင်ငံက မြန်မာထက်ပိုပြီး အခွင့်အရေး ကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနောက်ပိုင်း ၂ နှစ်အတွင်း ကမ္ဘောဒီးယားရဲ့ ပြည်ပကို ဆန်တင်ပို့မှုက မြန်မာထက် တော်တော် တိုးတက်လာတယ်။ သူတို့တွေက သေချာပြင်ဆင် ထားကြတယ်” ဟု ၎င်းကဆိုသည်။

အာဆီယံ ၁၀ နိုင်ငံအတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နှစ်နိုင်ငံသာ ဥရောပ နိုင်ငံများ၏ ပို့ကုန်အထူး အခွန်ကင်းလွတ်ခွင့် ရရှိသည့် နိုင်ငံများ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဥရောပ ဈေးကွက် အခြေအနေနှင့် ပက်သက်၍မှု မြန်မာလယ်ယာစီးပွား အများပိုင် ကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်ကမူ“ဈေးကွက်က စောင့်ကြည့်ရတယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တို့နိုင်ငံက သူတို့ထက် ဥရောပကို အရင်ပို့တဲ့အတွက် နည်းနည်း အားထုတ်လိုက်ရင် သူတို့ကို ကျော်သွားမှာပါ” ဟု ဆိုသည်။

ဥရောပ ဈေးကွက်သို့ မြန်မာ့ဆန် တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ လုပ်ငန်းရှင်များ စုစည်း ညီညွတ်ရန် လိုသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းက တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဆန်တန်ချိန် ၁၃၃၀,၀၀၀ ကျော်ကို တရုတ်နိုင်ငံနှင့် အာဖရိက နိုင်ငံများသို့ အဓိက တင်ပို့ထားခဲ့ပြီး အများစုမှာ တန်းနိမ့်ဆန်နှင့် တန်းလတ်ဆန်များ ဖြစ်သည်။

လက်ရှိ ကမ္ဘာ့ ဆန်ဈေးကွက်တွင်မူ ဗီယက်နမ် နိုင်ငံသည် ဆန်စပါး အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံကမူ ဒုတိယ ဆန်တင်ပို့မှု အများဆုံး နိုင်ငံအဖြစ် နေရာ ရရှိထားသည်။

ဥရောပ သမဂ္ဂသည် ၁၉၉၇ ခုနှစ်က ရုပ်သိမ်းခဲ့သော ပို့ကုန် အထူးအခွန်ကင်း လွတ်ခွင့်ကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ပေးအပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List