Tuesday, December 03, 2013

ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းအပြင် လျော်ကြေးငွေ ကျပ် ၃၀၇ ဘီလီယံပေးရန် ကျန်ဟုဆို

Tuesday, December 03, 2013
ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းအပြင် သတ်မှတ်ဧရိယာ အတွင်းရှိ ဒေသခံများနှင့် လယ်မြေ စိုက်ခင်း များ အတွက် လျော်ကြေးငွေများ ပေးလျက်ရှိရာ ခန့်မှန်းငွေကျပ် ၃၀၇ ဘီလီယံခန့် ပေးရန် ကျန်သေးကြော င်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန် ကြီး ဦးဘုန်းဆွေက ပြောကြားသည်။
ယင်းလျော်ကြေးငွေ များကို အီတာလျံ-ထိုင်းကုမ္ပဏီ (ITD) က အစိုးရ၏ ညှိနှိုင်းမှုဖြင့် ပေးအပ်ခြင်း ဖြစ်ပြီး ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း နယ်မြေ အတွင်းအပြင်အတွက် လျော်ကြေးငွေ ကျပ် ၃၃ ဘီလီယံ ပေးထားပြီး ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်း လုပ်ငန်းများ ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းကဆိုသည်။

“အခုချပြတဲ့ ကိန်းဂဏန်းတွေက အနီးစပ်ဆုံး ပြောပြတာပါ။ ဒီနေ့မှာကို လျော်ကြေး ပေးထားတာေ တွလည်း ရှိသေးတယ်။ အဲဒါတွေတော့ မပါဝင်သေးဘူး” ဟု ၎င်းကရှင်းပြသည်။

ITD ကုမ္ပဏီက ပေးသော လျော်ကြေးသည် နည်းပါးသည့် အတွက် တောင်းဆိုထားသည့် လျော်ကြေးရရန် ယခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တင်ပြထားမှုများ ရှိသော်လည်း ယခုအချိန်ထိ မသိရသေးကြောင်း အစိုး ရနှင့် ဒေသခံများအကြား ညှိနှိုင်းပေးသည့် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ နဘုလယ် ညှိနှိုင်းရေးမှူး ဦး လေးလွင်က The Voice သို့ ပြောကြားသည်။

“ဒီမှာ ဖြစ်နေတာက လျော်ကြေးပေးတယ် ဆိုပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကုမ္ပဏီက ဘယ်ေ နရာမှာ ဘာလုပ်တော့မယ်လို့ သိတာနဲ့ အဲဒီ ဝန်းကျင်က နေရာတွေကို ဝယ်ထားပြီး ဒေသခံ အမည်ခံပြီး လျော်ကြေးယူတာတွေ အထောက်အထားတွေ ရှိတယ်။ ဒီလျော်ကြေးပေးတဲ့ ကိစ္စကို သေသေချာချာ Res earch လုပ်ဖို့ ကောင်းတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စီမံကိန်းဇုန် အတွင်းအပြင်ရှိ ဒေသခံ ၁၅၇၅ ဦး၊ မြေဧက စုစုပေါင်း ၇၉၉၇ ဒသမ ၄၉ ဧကအတွ က် လျော်ကြေးငွေ ကျပ် ၃၄၁၅၀ ဒသမ ၉၄ သန်းကို ITD ကုမ္ပဏီက လျော်ကြေး ပေးထားပြီး ဖြစ်ကာ စီမံကိ န်းဇုန် အတွင်းအပြင် အတွက် ကုန်ကျစရိတ် စုစုပေါင်းမှာ ခန့်မှန်းခြေအားဖြင့် ကျပ် ၃၄၀ ဘီလီယံကျော် ရှိ ကြောင်း ဦးဘုန်းဆွေက The Voice သို့ ပြောကြားသည်။

ဒေသခံများကို လယ်ယာဥယျာဉ် ခြံမြေ ထိခိုက်မှု အတွက် နောက်ထပ် လျော်ကြေးပေးရန် မရှိသေး ကြော င်း ဦးဘုန်းဆွေက နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထားဝယ်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြား ထား သည်။ 

ယခင်က ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်သူ ITD ကုမ္ပဏီတစ်ခုတည်း ဆောင်ရွက်ရာမှ ယခု အခါ နိုင်ငံတကာ ရင်းနှီး တည်ဆောက်သူများ ပါဝင်လာရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများ ကို ခေတ္တ ရပ်ဆိုင်းထားကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်း လုပ်ငန်းများ ဥပေ ဒနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း ရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်ေ အာင် က ပြောကြား သည်။

ITD ကုမ္ပဏီသည် လက်ရှိ တည်ဆောက်ဆဲ ဆိပ်ကမ်းငယ်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်မှ ထီးခီးအထိ (ထိုင်းနယ်စပ်) ဖောက်လုပ် ထားသော မြေသားလမ်းကို ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို ဆက်လ က် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥ က္ကဋ္ဌ ဦးအေးမြင့်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List