Thursday, December 05, 2013

ကလေးစစ်သား ပပျောက်ရေး သဘောတူစာချုပ် သက်တမ်း ထပ်တိုးမည်

Thursday, December 05, 2013
မြန်မာ့တပ်မတော်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ချုပ်ဆိုထားသော ယခုနှစ်ကုန်တွင် ကုန်ဆုံးမည့် ၁၈ လကြာ ကလေးစစ်သား ပပျောက်ရေး သဘောတူစာချုပ်ကို အစိုးရနှင့် ဆွေးနွေးပြီး သက်တမ်း ထပ်မံတိုးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Ms.Sylvie Lucas က ပြောကြားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လုပ်ငန်းအဖွဲ့ကိုယ်စားလှယ် ရှစ်ဦးသည် မြန်မာနို င်ငံသို့ နိုဝင်ဘာ လတွင် ရောက်ရှိခဲ့ပြီး ကလေးစစ်သား ပပျောက်ရေး သဘောတူစာချုပ် သက်တမ်းတိုးရေး အပါအ ဝင် မြန်မာ ကလေးသူငယ်များ၏ အခြေအနေကို အစိုးရအဖွဲ့၊ လွှတ်တော်တို့နှင့်လ ည်း ဆွေးနွေး ခဲ့ကြော င်း ဒီဇင်ဘာလ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကပြောဆိုသည်။
“ကလေးတွေဆိုတာ စစ်တပ်ထဲမှာ လုံးဝမရှိသင့်သလို တခြား ဘယ်နေရာမှာမှလည်း သူတို့ကို အသုံးချလို့ မသင့်ပါဘူး” ဟု Ms.Sylvie Lucas က ထပ်လောင်း ပြောကြားသည်။

သဘောတူစာချုပ် ချုပ်ဆိုခဲ့သော ကာလအတွင်း တပ်မတော်တွင်းက အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၇၆ ဦးကို တရားဝင် နုတ်ထွက်ခွင့် ပေးခဲ့သော်လည်း ကလေးသူငယ်များကို စစ်သား အဖြစ် စုဆောင်းမှုများ ရှိနေသေးကြောင်း အဆိုပါ အဖွဲ့၏ နိုဝင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
“အစိုးရက သက်တမ်းတိုးဖို့ အမြန်ဆုံး သဘောတူမယ်လို့ မျှော်လင့်တယ်” ဟု Ms.Sylvie Lucas က သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်း ပြောကြားသွားသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကလေးသူငယ်များကို အဆိုးရွားဆုံး ခိုင်းစေသော နိုင်ငံများ စာရင်းတွင် ၂၀၀၅ ခုနှစ် ကတည်းက ပါဝင်ခဲ့ပြီး ယခုအချိန်ထိ တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့ ခုနစ်ဖွဲ့ကို ကုလသမဂ္ဂ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ အစီရင်ခံစာတွင် မှတ်တမ်း သွင်းထားသေးသည်။

ယင်းကြောင့် ကုလသမဂ္ဂ ရန်ပုံငွေအဖွဲ့ ငါးဖွဲ့ အပါအဝင် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း လေးခုနှင့် ကလေးစစ်သား ပပျောက်ရေး သဘောတူ စာချုပ်ကို ၂၀၁၂ ခုနှစ် ဇွန်လတွင် တပ်မတော်က ချုပ်ဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List