Monday, December 09, 2013

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပမည်ဟု ၀န်ကြီးချုပ် ယင်လပ်ပြော

ဆန္ဒပြသူများ၏ တောင်းဆိုချက်အတိုင်း ထိုင်းလွတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ကပွဲကို ဖြစ်နိုင်သမျှ
အမြန်ဆုံး ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာက ယနေ့တွင် တိုင်းပြည်သို့ ရုပ်သံ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ပြီးစီးကာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာသည် အထိ သူမက ကြားဖြတ်အစိုးရ အကြီးအ ကဲ အဖြစ် တာဝန်ယူမည် ဟုလည်း ပြောကြားခဲ့သည် ။
အခြေအနေတွေက ဆူပူမှုဆီကို ဦးတည်နေတာကြောင့် အစိုးရက လူထုဆန္ဒအတိုင်း ရွေးကောက်ပွဲကနေ ဆုံးဖြတ်စေနိုင်ဖို့ပါ ဟု သူမက ပြောသည်ယမန်နေ့က အတိုက်အခံဒီမိုကရက်တစ်ပါတီ မှ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘီဆစ်အပါအ၀င်လွတ်တော်ကိုယ်စားလှယ် ၁၅၃ ဦး စလုံးက လွတ်တော် မှ နုတ် ထွက်ပြီး ဆန္ဒပြသမားများနှင့် ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့သည် ။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List