Tuesday, December 03, 2013

ဖခင်ကို ထောင်ချလိုက်သည့်အတွက် သမီးဖြစ်သူအဆိပ်သောက်

Tuesday, December 03, 2013

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဖခင်ဖြစ်သူကို လူသတ်မှုဖြင့် ထောင်ဒဏ်ချလိုက်သည့်အတွက် အ သက် ၁၆ နှစ်အရွယ်သမီးဖြစ်သူက စိတ်ဓာတ်ကျကာ ကြွက်သတ်ဆေးသောက်၊ သေကြောင်းကြံ စည်ခဲ့ သည်ဟု ကောလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အဆိပ်သောက်ခဲ့သည့်ဆယ်တန်းကျောင်းသူကို ကောလင်းမြို့န ယ် ပြည်သူ့ဆေးရုံကြီး တွင်ေ ဆးကုသမှုခံယူလျက်ရှိပြီး ဆေးရုံကြီးမှ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာမှတစ်ဆင့် ရဲဌာနမှသိရှိ ခဲ့ခြ င်း ဖြစ်သည်။
ရဲဌာန၏ စစ်ဆေးမေးမြန်းချက်များအရ အဆိပ်သောက်၍မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သူ မှာေ ကာလင်းမြို့နယ်၊ ကျောက်ပြင်သာကျေးရွာနေ အသက် ၁၆နှစ်အရွယ်ရှိ ဆယ်တန်းကျောင်းသူ မအိသ ဇင် လှိုင်ဆိုသူဖြစ်သည်။

သူမ၏ ဖခင်ဖြစ်သူ ဦးကျော်လင်းဆိုသူမှာ လူသတ်မှုဖြင့် ထောင်ကျသွားပြီး အဆိုပါသတင်းကိုကြားသိ ရ သဖြင့် စိတ်ဓာတ်ကျကာ ကြွက်သတ်ဆေးထုပ်ဝယ်ယူသောက်သုံးခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကအတည် ပြု သည်။

ထို့ကြောင့် ဒု-ရဲအုပ် လှကျော်ဦးမှ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့သူအား အရေးယူပေးရန် တိုင် တန်း သဖြင့် ကောလင်းမြို့မ ရဲစခန်းက(ပ) ၄၀၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၉ အရ အမှုဖွင့် ဆောင်ရွက် လျက်ရှိ သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List