Thursday, July 25, 2013

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

Thursday, July 25, 2013
ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲကို ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ E.SUN Bank သည် လက်ရှိအချိန်တွင် ၀န်ဆောင်မှု လုပ်ငန်းနှစ်မျိုးဖြစ်သော မြန်မာနိုင်ငံ တွင် ရှိ သည့် ထိုင်ဝမ်ကုန်သည်များအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ငွေကြေးအခက်အခဲ များစသည့်ဖြင့်သတင်းများကိုလျင်မြန်စွာစုစည်းပေးမည်ဖြစ်ပြီးဒုတိယအချက်မှာ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံလိုသော ထိုင်ဝမ်စီးပွားရေး ကုန်သည်များအတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဥပဒေ၊ လူမှုရေး၊ နိုင်ငံရေး စသည့်သတင်းအချက်အလက်များ စုစည်းပေးမည်ဖြစ်ကြောင်း အဆိုပါ ၀န်ဆောင်မှု များကို ထိုင်ဝမ်နိုင်ငံသားများအတွက် ဖြန့်ဝေပေးမည်ဖြစ်သည်။ "မြန်မာနိုင်ငံသည် ယခုအချိန်တွင် စီးပွားရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲခြင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အလုံးအရင်းဖိတ်ခေါ်နေပါတယ်။ နိုင်ငံခြား ကုမ္ပဏီများမှလည်း မြန်မာနိုင်ငံကို လာရောက် လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာပါက မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက် မှုကို အထောက်အကူ ပြုမှာပါ။ မြန်မာနိုင်ငံ အစိုးရက အများလက်ခံနိုင်စေရန် နိုင်ငံခြားငွေ လဲလှယ်မှု တည်ငြိမ်အောင် သတ်မှတ်ပေးထားသည့် အချက်က လက်ခံစရာ ဖြစ်ပါတယ်" ဟု E.SUN Bank မှ Chairman Mr.Gary Tseng က ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အနေဖြင့် အဆင့် သုံးဆင့်ပိုင်းခြားထားကြောင်း ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံသားဘဏ်နှင့် နိုင်ငံခြားဘဏ်ဖက်စပ် လုပ်ကိုင်ခြင်း၊ ဒုတိယအနေဖြင့် ရာနှုန်းပြည့် နိုင်ငံဘဏ်မှ ပိုင်ဆိုင်သော ကုမ္ပဏီခွဲ ဖွင့်လှစ်ခွင့်နှင့် တတိယ အနေဖြင့် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ကို မကြာခင်အချိန်တွင် ခွင့်ပြုမည် ဟု မျှော်လင့် ထားကြောင်း ထိုကဲ့သို့ခွင့်ပြုပါကသင့်တော်သည့်အဆင့်ကို စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား သည်။ "မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး ခြေလှမ်းတွေ မှန်ကန်စွာ တိုးတက်ပြောင်းလဲ နေပါတယ်။ ကျွန်တော်တို့ဘဏ်ဟာ ထိုင်ဝမ်မှာ အကောင်းဆုံးဘဏ်ထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုနှင့်အတူ တစ်ဖက်တစ်လမ်းက ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု E.SUN Bank မှ ဥက္ကဋ္ဌ Mr.Joseph Huang က ပြောကြားသည်။
အဆိုပါ E.SUN Bank သည် ထိုင်ဝမ်နိုင်ငံတွင် အသေးစား စက်မှုလုပ်ငန်းရှင်များ အား ချေးငွေ ထုတ်ပေးခြင်း၊ ကတ်စနစ် ငွေပေးချေမှုနှင့် ပိုင်ဆိုင်မှုအား အသုံးချ၍ တိုးတက်အောင်ဆောင်ရွက်ခြင်း စသည့် ၀န်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည်ဖြင့် နိုင်ငံများတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment

My Blog List