Monday, July 22, 2013

မုတ္တမမြို့ဟောင်းနှင့် ပတ်သက်၍ ဗဟုသုတရစေမည့် စာတမ်းဖတ်ပွဲ လုပ်မည်

Monday, July 22, 2013
မွန်ပြည်နယ်ရှိ မုတ္တမမြို့ဟောင်း၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်၍ စာတမ်းဖတ်ပွဲတစ်ခု ကိုအောက်တိုဘာခန့်တွင် ကျင်းပမည်ဟု မွန်ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က ပြောသည်။
“ဖတ်ကြားမယ့် စာတမ်းရှင်တွေကိုလည်း ရွေးထားပြီးပြီ။ စာတမ်းကတော့ လေးငါးစောင်လောက်ကတော့ ဖတ်ဖြစ်အောင်တော့ လျာထားတယ်” ဟု သူကဆက်ပြောသည်။
ပြည်နယ်အစိုးရက မုတ္တမမြို့တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ဟိုတယ်ဇုန်၊ ဘာသာရေးဇုန်ဟူ၍ ဇုန်သုံးဇုန် သတ်မှတ်ဖော်ဆောင်နေသဖြင့် မကြာမီ ရှေးဟောင်းယဉ်ကျေးမှုဇုန်သည် ပေါ်ပေါက်လာတော့မည်ဖြစ်ရာ ထိုသို့ မပေါ်ပေါက်မီ လူစိတ်ဝင်စားမှု မြင့်တက်လာစေရေးအတွက် စာတမ်းဖတ်ပွဲကို ကျင်းပရခြင်းဖြစ်သည် ဟုလည်း သူက ရှင်းပြသည်။မုတ္တမမြို့အတွက် ရှေးဟောင်းစာတမ်းဖတ်ပွဲပြုလုပ်မည်ဖြစ်သော်လည်း မြို့ဟောင်း ပြန်လည်တူးဖော်ရေး အတွက် မသေချာသေးဘဲ ထိုသို့တူးဖော်ရန် သမိုင်းပညာရှင်တို့၏ အမြင်များ၊ သမိုင်းအထောက်အထား များနှင့် ငွေကြေးလိုအပ်ပြီး သမ္မတခွင့်ပြုချက်ပင် လိုအပ်သေးသည်ဟု မွန်ပြည်နယ် စီမံ/စီးပွားဝန်ကြီး က ပြောသည်။
မုတ္တမတွင် ဓညဝတီမြို့ဟောင်း၊ မဂဒူမင်းတည်ခဲ့သည့် မုတ္တမမြို့ဟောင်းနှင့် အလောင်းစည်သူမင်း တည်ခဲ့ သည့် မြို့ဟောင်းဟူ၍ ရှေးဟောင်းမြို့သုံးမြို့ရှိပြီး ယင်းရှေးဟောင်းမြို့များကို ဖော်ထုတ်ရန် ကော်မတီ ဖွဲ့စည်းနေသည်ဟု သမိုင်းသုတေသနဌာန၏ အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်း က ပြောသည်။
မွန်ပြည်နယ် မုတ္တမမြို့တွင် သိမှတ်ဖွယ်ရာများကို ပြသမည့် ဒေဆိုင်ရာပြတိုက်တစ်ခုကိုလည်း ပြသ ရန် ပြည်နယ် အစိုးရက စီစဉ်လျက်ရှိနေသည်။
အဆိုပါပြတိုက်တွင် မုတ္တမမြို့ဟောင်း၏ မြို့ရိုးများ၊ ဓညဝတီမြို့၊ ဆန်မာတကုန်မြို့နှင့် မုတ္တမမြို့ စသည့်မြို့များ၏ကောင်းကင်ဓာတ်ပုံများကို ဖော်ပြထားပြီး၊ အုတ်ခွက်ဘုရားများ၏ အုတ်ချပ်များ၊ ပုဂံခေတ်နှင့် မုတ္တမခေတ်၏ အထောက်အထားများကိုလည်း ပြသရန်စီစဉ်နေသည်။
ယဉ်စနိုင်း
မဇ္ဈိမ

No comments:

Post a Comment

My Blog List