Tuesday, July 23, 2013

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပင်လုံစိတ်ဓာတ် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပင်လုံစိတ်ဓာတ် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, July 23, 2013

တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက နှစ်ပေါင်း ၆၀ ကျော် တောင်းဆိုလာ သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် လွတ်လပ်ရေး အရယူခဲ့သည့် ပင်လုံ စိတ်ဓာတ်မျိုး ထားရှိ ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော တိုင်းရင်းသား သက်ကြီး၊ ဝါရင့် နိုင်ငံရေး ခေါင်းဆောင် ကြီးများ ဂါရဝပြုပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသား များကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ 

“ပင်လုံ စာချုပ်ထက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ချမှတ်ခဲ့တဲ့ ပင်လုံ စိတ်ဓာတ်မျိုးနဲ့ တိုင်းရင်းသား အားလုံး လက်တွဲ လုပ်ဆောင်သင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ကျင့်သုံးပါက တိုင်းရင်းသား ညီညွတ်ရေးနှင့် ယခုလက်ရှိ ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းသွား မည်ဟု ယုံကြည်ကြောင်း ကချင် အမျိုးသမီးရေးရာ အတိုင်ပင်ခံ ကောင်စီမှ သဘာပတိ ဒေါ်အင်ဖန်းဂျာလာက ဆိုသည်။

ယင်းစနစ်ကသာ ငြိမ်းချမ်းရေး တည်ဆောက်မှုများအတွက် အပြုသဘော ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေးအတွက် အကြိမ်ကြိမ် လက်မှတ် ရေးထိုးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသားများ၏ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် မရှိခြင်းကြောင့်ဖြစ်ပြီး ပြည်နယ်များအပေါ် လုပ်ပိုင်ခွင့် အာဏာ ပိုမို ပေးအပ်ထားပါက ယင်းပြဿနာ အချို့ ပြေလည်သွား မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၏ နာယကကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် က ထောက်ပြ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဇွန်လအတွင်း ပြုလုပ်သည့် တိုင်းရင်းသားပါတီ ငါးခုနှင့် တွေ့ဆုံပွဲတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အချိန်ယူ ကာ အခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ 

ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရန် လိုအပ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS နှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့က ဇူလိုင်လ ၁၇ ရက်တွင် တိုက်တွန်း တောင်းဆို ခဲ့သည်။

ယင်းသို့ တောင်းဆို့ပြီး များမကြာမီ ဇူလိုင်လ ၂၁ ရက်နေ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ (Myanmar Peace Centre) တွင် ကျင်းပသော ငြိမ်းချမ်းရေးဆိုင်ရာ တံခါးပိတ် အစည်းအဝေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြသည်။

ဟိန်းသွင်ထက်
The Voice Weekly တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက နှစ်ပေါင်း ၆၀ ကျော် တောင်းဆိုလာ သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် လွတ်လပ်ရေး အရယူခဲ့သည့် ပင်လုံ စိတ်ဓာတ်မျိုး ထားရှိ ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော တိုင်းရင်းသား သက်ကြီး၊ ဝါရင့် နိုင်ငံရေး ခေါင်းဆောင် ကြီးများ ဂါရဝပြုပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသား များကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“ပင်လုံ စာချုပ်ထက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ချမှတ်ခဲ့တဲ့ ပင်လုံ စိတ်ဓာတ်မျိုးနဲ့ တိုင်းရင်းသား အားလုံး လက်တွဲ လုပ်ဆောင်သင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ကျင့်သုံးပါက တိုင်းရင်းသား ညီညွတ်ရေးနှင့် ယခုလက်ရှိ ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းသွား မည်ဟု ယုံကြည်ကြောင်း ကချင် အမျိုးသမီးရေးရာ အတိုင်ပင်ခံ ကောင်စီမှ သဘာပတိ ဒေါ်အင်ဖန်းဂျာလာက ဆိုသည်။
ယင်းစနစ်ကသာ ငြိမ်းချမ်းရေး တည်ဆောက်မှုများအတွက် အပြုသဘော ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေးအတွက် အကြိမ်ကြိမ် လက်မှတ် ရေးထိုးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသားများ၏ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် မရှိခြင်းကြောင့်ဖြစ်ပြီး ပြည်နယ်များအပေါ် လုပ်ပိုင်ခွင့် အာဏာ ပိုမို ပေးအပ်ထားပါက ယင်းပြဿနာ အချို့ ပြေလည်သွား မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၏ နာယကကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် က ထောက်ပြ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ဇွန်လအတွင်း ပြုလုပ်သည့် တိုင်းရင်းသားပါတီ ငါးခုနှင့် တွေ့ဆုံပွဲတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အချိန်ယူ ကာ အခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရန် လိုအပ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS နှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့က ဇူလိုင်လ ၁၇ ရက်တွင် တိုက်တွန်း တောင်းဆို ခဲ့သည်။
ယင်းသို့ တောင်းဆို့ပြီး များမကြာမီ ဇူလိုင်လ ၂၁ ရက်နေ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ (Myanmar Peace Centre) တွင် ကျင်းပသော ငြိမ်းချမ်းရေးဆိုင်ရာ တံခါးပိတ် အစည်းအဝေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြသည်။

ဟိန်းသွင်ထက်
Tuesday, July 23, 2013

No comments:

Post a Comment

My Blog List