Thursday, July 25, 2013

စိမ်းလန်းမြေ ဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် အင်းလျားကန် ပတ်ဝန်းကျင်တွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့် ကန့်သတ်ရန် အဆိုပြုထား

Thursday, July 25, 2013
ရန်ကုန်မြို့၏ စိမ်းလန်းမြေဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် အင်းလျားကန်ပတ်ဝန်းကျင်တွင် အဆောက်အအုံများထပ်မံဆောက်လုပ်ခွင့်ကန့်သတ်ချက် ထုတ်ပြန်ရန်အတွက် အဆိုပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
ကန်တော်ကြီး၊ အင်းလျားကန်စသော စိမ်းလန်းမြေ ဧရိယာများပတ်လည်တွင် အဆောက်အအုံများစွာ တည်ရှိနေပြီး နောင်တွင်စိမ်းလန်းမြေ ဧရိယာများ ထပ်မံလျော့ကျသွားခြင်း မရှိစေရန် ရည်ရွယ်၍ အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့်ကို ကန့်သတ်ရန် အဆိုပြုထားခြင်း ဖြစ်သည်။ "ကန်တော်ကြီး၊ အင်းလျားကန်ပတ်လည်မှာ အဆောက်အအုံတွေ ထပ်မဆောက်ရတော့ဘူး။ ဆောက်ခွင့် ကို ကန့်သတ်ချက်ထုတ်ပြန်ဖို့အတွက် အဆိုပြု တင်ပြထားပါတယ်။ အရင်က အဲဒီနေရာ ပတ်ဝန်းကျင် မှာ ဆောက်ခဲ့တဲ့အဆောက်အအုံကလိုအပ်ချက်အရဆောက်ခဲ့တာတွေဖြစ်တယ်။ အခုတော့ ထပ်ဆောက် ခွင့်ကို ကန့်သတ်မယ့်သဘောပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထို့ပြင် ကန်တော်ကြီးအတွင်းရှိပျော်ရွှင်စရာငွေနှင်းကမ္ဘာစသည့်အဆောက်အအုံမျိုးမှာလည်း ကန်တော်ကြီး ၏ အလှအပမြင်ကွင်းကိုကွယ်ပျောက်နေ၍ ယင်းကိုလည်းထောက်ပြထားပြီး ယခုအခါအဆိုပါ အဆောက် အအုံမှာ ဖွင့်လှစ်ခွင့် သက်တမ်းကာလ ပြည့်သွားသောကြောင့် ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်အား ရေရှည်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲတွင် ယင်သို့ စိမ်းလန်းမြေ ဧရိယာများပတ်လည်တွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့် ကန့်သတ်ချက်ကို အဆိုပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားသည်ဟု သိရသည်။
Photo: စိမ်းလန်းမြေ ဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် အင်းလျားကန် ပတ်ဝန်းကျင်တွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့် ကန့်သတ်ရန် အဆိုပြုထား
Thursday, July 25, 2013

ရန်ကုန်မြို့၏ စိမ်းလန်းမြေ ဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် အင်းလျားကန် ပတ်ဝန်းကျင်တွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့် ကန့်သတ်ချက် ထုတ်ပြန်ရန်အတွက် အဆိုပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

ကန်တော်ကြီး၊ အင်းလျားကန်စသော စိမ်းလန်းမြေ ဧရိယာများပတ်လည်တွင် အဆောက်အအုံများစွာ တည်ရှိနေပြီး နောင်တွင်စိမ်းလန်းမြေ ဧရိယာများ ထပ်မံလျော့ကျသွားခြင်း မရှိစေရန် ရည်ရွယ်၍ အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့်ကို ကန့်သတ်ရန် အဆိုပြုထားခြင်း ဖြစ်သည်။

"ကန်တော်ကြီး၊ အင်းလျားကန်ပတ်လည်မှာ အဆောက်အအုံတွေ ထပ်မဆောက်ရတော့ဘူး။ ဆောက်ခွင့်ကို ကန့်သတ်ချက် ထုတ်ပြန်ဖို့အတွက် အဆိုပြု တင်ပြထားပါတယ်။ အရင်က အဲဒီနေရာ ပတ်ဝန်းကျင်မှာ ဆောက်ခဲ့တဲ့ အဆောက်အအုံက လိုအပ်ချက်အရ ဆောက်ခဲ့တာတွေ ဖြစ်တယ်။ အခုတော့ ထပ်ဆောက်ခွင့်ကို ကန့်သတ်မယ့် သဘောပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထို့ပြင် ကန်တော်ကြီး အတွင်းရှိ ပျော်ရွှင်စရာ ငွေနှင်းကမ္ဘာ စသည့်အဆောက်အအုံမျိုးမှာလည်း ကန်တော်ကြီး၏ အလှအပမြင်ကွင်းကို ကွယ်ပျောက်နေ၍ ယင်းကိုလည်း ထောက်ပြထားပြီး ယခုအခါ အဆိုပါ အဆောက်အအုံမှာ ဖွင့်လှစ်ခွင့် သက်တမ်းကာလ ပြည့်သွားသောကြောင့် ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်အား ရေရှည်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲတွင် ယင်သို့ စိမ်းလန်းမြေ ဧရိယာများပတ်လည်တွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့် ကန့်သတ်ချက်ကို အဆိုပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားသည်ဟု သိရသည်။

Eleven Media Group

ရန်ကုန်မြို့ ကန်တော်ကြီး ပတ်ဝန်းကျင်တွင် ဆောက်လုပ်ထားသည့် အထပ်မြင့် အဆောက်အအုံအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Eleven Media Group

No comments:

Post a Comment

My Blog List