Thursday, July 25, 2013

တုပ်ကွေးဖျားနာ ဖြစ်ပွား၍ ဆေးရုံတက် ကုသသည့်ကလေး များပြားသဖြင့် တောင်ငူဆေးရုံတွင် လှေကားအောက် နေရာ၌ပင်ထား၍ ကုသနေရ

Thursday, July 25, 2013
တောင်ငူဆေးရုံတွင် ဇူလိုင်လအတွင်း၌ တုပ်ကွေးဖျားနာဖြစ်ပွား၍ ဆေးရုံတက်ရောက်သည့် ကလေးငယ် များပြားနေပြီး နေရာအခက်အခဲများကြောင့် ဆေးရုံအပေါ်ထပ် သို့တက်သည့် လှေကားအောက် ဆင်ဝင်နေရာ၌ပင်ထား၍ ဆေးကုသနေရကြောင်း ဆေးရုံတက်သည့် ကလေးမိဘများထံမှ သိရှိရသည်။
"ကျွန်တော့်သမီးနဲ့ တူမကို ခုတင်တစ်လုံးတည်းထားပြီး ကုခဲ့ရတာ။ တချို့ဆို လူနာစောင့် ခုတင်တွေနဲ့ ထားပြီး ကုနေရတာ" ဟု အသက် ၆ နှစ်ခန့် ကလေးအား ဆေးရုံတင်ခဲ့ရသူ ၂၀ ရပ်ကွက်နေ ကလေးမိဘ တစ်ဦးက ဇူလိုင် ၂၀ ရက်က ပြောကြားသည်။
"ပထမပတ်နဲ့ ဒုတိယပတ်တုန်းကတော့ နည်းနည်းများတယ်။ တတိယပတ်မှာတော့ အရင်ထက် ရာခိုင်နှုန်း ၅၀ လောက် ကျသွားပါပြီ။ တစ်ခါတလေကျတော့လည်း ကလေးတွေဆိုတော့လည်း ခုတင်တစ်လုံး မှာ ခြေရင်းတစ်ဖက် ခေါင်းရင်းတစ်ဖက် နှစ်ဦးတွဲထား ရတာပေါ့လေ။ လူနာကို ခုတင်မရှိလို့ မထားရဘူး ဆိုတာမရှိဘူး။ အကုန်လုံး ခုတင်တွေနဲ့ နေရတာပဲ" ဟု တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးညွန့်ဝေက ဇူလိုင် ၂၃ ရက်က ပြောကြားသည်။
Photo: တုပ်ကွေးဖျားနာ ဖြစ်ပွား၍ ဆေးရုံတက် ကုသသည့်ကလေး များပြားသဖြင့် တောင်ငူဆေးရုံတွင် လှေကားအောက် နေရာ၌ပင်ထား၍ ကုသနေရ
Thursday, July 25, 2013

တောင်ငူဆေးရုံတွင် ဇူလိုင်လအတွင်း၌ တုပ်ကွေးဖျားနာဖြစ်ပွား၍ ဆေးရုံတက်ရောက်သည့် ကလေးငယ် များပြားနေပြီး နေရာအခက်အခဲများကြောင့် ဆေးရုံအပေါ်ထပ် သို့တက်သည့် လှေကားအောက် ဆင်ဝင်နေရာ၌ပင်ထား၍ ဆေးကုသနေရကြောင်း ဆေးရုံတက်သည့် ကလေးမိဘများထံမှ သိရှိရသည်။

"ကျွန်တော့်သမီးနဲ့ တူမကို ခုတင်တစ်လုံးတည်းထားပြီး ကုခဲ့ရတာ။ တချို့ဆို လူနာစောင့် ခုတင်တွေနဲ့ထားပြီး ကုနေရတာ" ဟု အသက် ၆ နှစ်ခန့် ကလေးအား ဆေးရုံတင်ခဲ့ရသူ ၂၀ ရပ်ကွက်နေ ကလေးမိဘ တစ်ဦးက ဇူလိုင် ၂၀ ရက်က ပြောကြားသည်။

"ပထမပတ်နဲ့ ဒုတိယပတ်တုန်းကတော့ နည်းနည်းများတယ်။ တတိယပတ်မှာတော့ အရင်ထက် ရာခိုင်နှုန်း ၅၀ လောက် ကျသွားပါပြီ။ တစ်ခါတလေကျတော့လည်း ကလေးတွေဆိုတော့လည်း ခုတင်တစ်လုံးမှာ ခြေရင်းတစ်ဖက် ခေါင်းရင်းတစ်ဖက် နှစ်ဦးတွဲထား ရတာပေါ့လေ။ လူနာကို ခုတင်မရှိလို့ မထားရဘူးဆိုတာ မရှိဘူး။ အကုန်လုံး ခုတင်တွေနဲ့ နေရတာပဲ" ဟု တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးညွန့်ဝေက ဇူလိုင် ၂၃ ရက်က ပြောကြားသည်။

တုပ်ကွေးဖျားနာ ဖြစ်ပွား၍ ဆေးရုံတက်ရောက် ကုသသည့် ကလေးမှာ ဇွန်လကုန်အထိ ရာဂဏန်းကျော်ရှိ ခဲ့ပြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသည့် ကလေးလေးဦး ၀န်းကျင်ခန့် ရှိခဲ့သည်။ ဇူလိုင်လအတွင်း ပထမအပတ်မှ စတင်ကာ သွေးလွန်တုပ်ကွေးနှင့် ရိုးရိုးတုပ်ကွေးဖျားနာ ဖြစ်ပွား၍ ဆေးရုံတက်သည့်ကလေး ပိုမိုမြင့်တက်လာခဲ့ရာ တုပ်ကွေးဖျားနာကြောင့် ဆေးရုံတက်သည့် ကလေးစာရင်းအား တောင်ငူမြို့ ဆေးရုံအုပ်ကြီးထံသို့ ဖုန်းဖြင့်ဆက်သွယ် တောင်းခံရာတွင် လောလောဆယ် တခြားအလုပ်များ ရှိနေသဖြင့် နောက်မှလာမေးပါရန်ဟုသာ ဖြေကြားခဲ့သည်။

Eleven Media Group

တောင်ငူပြည်သူ့ဆေးရုံတွင် လှေကားအောက်အ၀င်၌ ခုတင်များထား၍ ဆေးကုသနေစဉ်
တုပ်ကွေးဖျားနာ ဖြစ်ပွား၍ ဆေးရုံတက်ရောက် ကုသသည့် ကလေးမှာ ဇွန်လကုန်အထိ ရာဂဏန်းကျော်ရှိ ခဲ့ပြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသည့် ကလေးလေးဦး ၀န်းကျင်ခန့် ရှိခဲ့သည်။ ဇူလိုင်လအတွင်း ပထမအပတ်မှ စတင်ကာ သွေးလွန်တုပ်ကွေးနှင့် ရိုးရိုးတုပ်ကွေးဖျားနာ ဖြစ်ပွား၍ ဆေးရုံတက်သည့် ကလေး ပိုမိုမြင့်တက်လာခဲ့ရာ တုပ်ကွေးဖျားနာကြောင့် ဆေးရုံတက်သည့် ကလေးစာရင်းအား တောင်ငူ မြို့ ဆေးရုံအုပ်ကြီးထံသို့ ဖုန်းဖြင့်ဆက်သွယ် တောင်းခံရာတွင် လောလောဆယ် တခြားအလုပ်များ ရှိနေ သဖြင့် နောက်မှလာမေးပါရန်ဟုသာ ဖြေကြားခဲ့သည်။
Eleven Media Group

No comments:

Post a Comment

My Blog List