Monday, July 22, 2013

ဂျော့ဂ်ျကလူနီးနှင့် သတင်းအား အီဗာ လောင်ဂရီရာ ရယ်မောငြင်းဆို

Monday, July 22, 2013
ဟောလီးဝုဒ် နာမည်ကျော် ကြယ်ပွင့် မင်းသားကြီး ဂျော့ဂ်ျသည် မကြာသေးမီကမှ ၎င်း၏ချစ်သူ စတေစီ ကီဘလာနှင့် လမ်းခွဲခဲ့သည်။ ထို့နောက်ပိုင်းတွင် ကောလာဟလ သတင်းအချို့က ဂျော့ဂ်ျသည် အီဗာနှင့် ဇာတ်လမ်းသစ် စတင်နေပြီဟု ခန့်မှန်း ဖော်ပြလာ
ဂျော့ဂ်ျကလူနီးနှင့် ဇာတ်လမ်းဖြစ်နေကြောင်း သတင်းများကို မင်းသမီး အီဗာ လောင်ဂရီရာက ရယ်ရယ်မောမော ငြင်းဆိုသွားကြောင်း သိရှိရသည်။ ဟောလီးဝုဒ် နာမည်ကျော် ကြယ်ပွင့် မင်းသားကြီး ဂျော့ဂ်ျသည် မကြာသေးမီကမှ ၎င်း၏ချစ်သူ စတေစီ ကီဘလာနှင့် လမ်းခွဲခဲ့သည်။ ထို့နောက်ပိုင်းတွင် ကောလာဟလ သတင်းအချို့က ဂျော့ဂ်ျသည် အီဗာနှင့် ဇာတ်လမ်းသစ် စတင်နေပြီဟု ခန့်မှန်း ဖော်ပြလာသည်။ Desperate Housewivesစတား အီဗာသည် ကီဘလာနှင့် ဂျော့ဂ်ျတို့ လမ်းမခွဲခင် ကတည်းက ဂျော့ဂ်ျနှင့် ဆက်သွယ်နေကြောင်း သတင်းများက ရေးသားခဲ့သည်။

Photo: ဂျော့ဂ်ျကလူနီးနှင့် သတင်းအား အီဗာ လောင်ဂရီရာ ရယ်မောငြင်းဆို

ယင်းတို့နှစ်ဦးသည် မတ်လကတည်းက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် အတူရှိနေကြောင်းလည်း ဆိုသည်။ သို့သော်လည်း အီဗာက အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး Twitterတွင် ပြန်လည် ဖြေရှင်းခဲ့သည်။ ဂျော့ဂ်ျကလူနီးနဲ့ သတင်းတွေက စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ တစ်ခုမှ မမှန်ဘူး။ ကျွန်မနဲ့ ဂျော့ဂ်ျတို့က အကောင်းဆုံး သူငယ်ချင်းတွေ အနေနဲ့ နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါဟု အီဗာက Twitterတွင် ရေးသားသွားသည်။ အီဗာသည် လတ်တလောတွင် စီးပွားရေး သမားတစ်ဦးဖြစ်သည့် အာနက်စတို အာဂွယ်လိုနှင့် တွဲလျှက်ရှိသည်။ သူမသည် Reday For Love အစီအစဉ်တွင် အာနက်စတိုနှင့် စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

Planet Myanmar Network 

No comments:

Post a Comment

My Blog List