Tuesday, July 23, 2013

ဖိလစ်ပိုင်တွင် အလုပ်ကောင်း ရရှိရေးအတွက် ပြည်သူ ထောင်ပေါင်းများစွာ ဆန္ဒပြ

Tuesday, 23 July 2013
ဖိလစ်ပိုင်နိုင်ငံတွင် အလုပ်အကိုင်ကောင်းများ ရရှိရေး၊ နိုင်ငံသားအားလုံး အကျိုးအမြတ် ခံစားရမည့် တိုးတက်မှုပေါ်ထွန်းရေးအစရှိသည်တို့အတွက် ထောင်ပေါင်းများစွာသောပြည်သူများက မနီလာမြို့ တော်ရှိ လမ်းမများပေါ်တွင် ချီတက် ဆန္ဒပြကြကြောင်း AP သတင်းဌာနက ရေး သား ဖော်ပြသည်။

Photo: ဖိလစ်ပိုင်တွင် အလုပ်ကောင်း ရရှိရေးအတွက် ပြည်သူ ထောင်ပေါင်းများစွာ ဆန္ဒပြ
Tuesday, 23 July 2013

ဖိလစ်ပိုင်နိုင်ငံတွင် အလုပ်အကိုင်ကောင်းများ ရရှိရေး၊ နိုင်ငံသားအားလုံး အကျိုးအမြတ် ခံစားရမည့် တိုးတက်မှု ပေါ်ထွန်းရေး အစရှိသည်တို့ အတွက် ထောင်ပေါင်းများစွာသော ပြည်သူများက မနီလာမြို့ တော်ရှိ လမ်းမများပေါ်တွင် ချီတက် ဆန္ဒပြကြကြောင်း AP သတင်းဌာနက ရေး သား ဖော်ပြသည်။

အဆိုပါ ဆန္ဒပြ ပြည်သူများသည် သမ္မတ ဘန်နီနို အကွီနို ယခု ရက်သတ္တတစ်ပတ်အတွင်း နိုင်ငံတော် အခြေပြ မိန့်ခွန်း မပြောမီ ယခုကဲ့သို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း စီးပွားရေး တိုးတက်မှု မြင့်တက်လာသော် လည်း အလုပ်လက်မဲ့ ဖြစ်မှုများ များပြားလာခြင်းကို ပြည်သူများက မကျေမနပ်ဖြစ်လျက် ရှိသလို လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုနှင့် ပတ်သက်၍လည်း မကျေနပ်ကြကြောင်း မနီလာမြို့တော် အခြေစိုက် BBC သတင်းထောက်က ဆိုသည်။

ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သူ လူအုပ်ကြီးမှာ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လွှတ်တော် အဆောက်အအုံအနီး ၂ ကီလိုမီတာခန့် အကွာအထိ နေရာ ယူထားကြောင်း၊ လွှတ်တော် အနီးတွင်မူ ရဲတပ်ဖွဲ့ဝင် များနှင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များက စောင့်ကြပ်လျက်ရှိကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ပြောကြားသည်။

‘ဆန္ဒပြသူတွေက သမ္မတ အကွီနိုရဲ့ ပုံစံတူ ရုပ်တုကို မီးရှို့ကြတယ်၊ ရဲတပ်ဖွဲ့ဝင်တွေကို ကြက်ဥတွေနဲ့ ပစ်ပေါက်ကြတယ်’ ဟု လုံခြုံရေး တပ်ဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

အခြားသော ဆန္ဒပြသူများကလည်း ဖိလစ်ပိုင် နိုင်ငံတွင် လက်နက်ကိုင် သောင်းကျန်းသူများကို တန်ပြန် နှိမ်နင်းသည့် စစ်ဆင်ရေး တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟူသော စွပ်စွဲချက် များ ရေးသား ဖော်ပြထားသည့် စာတန်းများ ကိုင်ဆောင်ထားကြသည်။

ဖိလစ်ပိုင် ပြည်သူ ထောင်ပေါင်းများစွာ ပါဝင်သော်လည်း ဆန္ဒပြမှုမှာ ညနေပိုင်း ရောက်လုနီး အချိန် အထိ အဓိကရုဏ်း အသွင်သို့ ကူးပြောင်း သွားခြင်း မရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်မှုများလည်း မရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသည်။

ဖိလစ်ပိုင် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ကြီးထွားမှု ခြေလှမ်းသည် အာရှတွင် အမြန်ဆုံးသော နိုင်ငံများ စာရင်းတွင် ပါဝင်လျက်ရှိပြီး ယခုအခါတွင်မူ တရုတ်နိုင်ငံထက်ပင် ပိုမို မြန်ဆန်လျက် ရှိသည်ဟု BBC သတင်းဌာနက ဆိုသည်။

ဖိလစ်ပိုင်၏ တိုးတက်မှုမှာ လူလတ်တန်းစားများ ကြီးထွားလာ မှုကြောင့်ဖြစ်သော မော်တော်ကား၊ အဝတ်အထည်နှင့် ဖျော်ဖြေရေး အစ ရှိသည် တို့ကို သုံးစွဲမှုများက ဦးဆောင်လျက် ရှိသည်။

သို့သော် စီးပွားရေး ပြဿနာများမှာ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်သလို အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ လည်း မြင့်တက်နေဆဲပင် ဖြစ်သည်။

The Voice Weekly 
အဆိုပါ ဆန္ဒပြ ပြည်သူများသည် သမ္မတ ဘန်နီနို အကွီနို ယခု ရက်သတ္တတစ်ပတ်အတွင်း နိုင်ငံတော် အခြေပြ မိန့်ခွန်း မပြောမီ ယခုကဲ့သို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း စီးပွားရေး တိုးတက်မှု မြင့်တက်လာသော် လည်း အလုပ်လက်မဲ့ ဖြစ် မှုများများပြားလာခြင်းကိုပြည်သူများကမကျေမနပ်ဖြစ်လျက်ရှိသလိုလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် မှုနှင့် ပတ်သက်၍လည်း မကျေနပ်ကြကြောင်း မနီလာမြို့တော် အခြေစိုက် BBC သတင်းထောက်က ဆိုသည်။
ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သူ လူအုပ်ကြီးမှာ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လွှတ်တော် အဆောက်အအုံအနီး ၂ ကီလိုမီတာခန့် အကွာအထိ နေရာ ယူထားကြောင်း၊ လွှတ်တော် အနီးတွင်မူ ရဲတပ်ဖွဲ့ဝင် များနှင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များက စောင့်ကြပ်လျက်ရှိကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ပြောကြားသည်။
‘ဆန္ဒပြသူတွေက သမ္မတ အကွီနိုရဲ့ ပုံစံတူ ရုပ်တုကို မီးရှို့ကြတယ်၊ ရဲတပ်ဖွဲ့ဝင်တွေကို ကြက်ဥတွေနဲ့ ပစ်ပေါက်ကြတယ်’ ဟု လုံခြုံရေး တပ်ဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။
အခြားသော ဆန္ဒပြသူများကလည်း ဖိလစ်ပိုင် နိုင်ငံတွင် လက်နက်ကိုင် သောင်းကျန်းသူများကို တန်ပြန် နှိမ်နင်းသည့် စစ်ဆင်ရေး တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟူသော စွပ်စွဲချက် များ ရေးသား ဖော်ပြထားသည့် စာတန်းများ ကိုင်ဆောင်ထားကြသည်။
ဖိလစ်ပိုင် ပြည်သူ ထောင်ပေါင်းများစွာ ပါဝင်သော်လည်း ဆန္ဒပြမှုမှာ ညနေပိုင်း ရောက်လုနီး အချိန် အထိ အဓိကရုဏ်း အသွင်သို့ ကူးပြောင်း သွားခြင်း မရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်မှုများလည်း မရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသည်။
ဖိလစ်ပိုင် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ကြီးထွားမှု ခြေလှမ်းသည် အာရှတွင် အမြန်ဆုံးသော နိုင်ငံများ စာရင်းတွင် ပါဝင်လျက်ရှိပြီး ယခုအခါတွင်မူ တရုတ်နိုင်ငံထက်ပင် ပိုမို မြန်ဆန်လျက် ရှိသည်ဟု BBC သတင်းဌာနက ဆိုသည်။
ဖိလစ်ပိုင်၏ တိုးတက်မှုမှာ လူလတ်တန်းစားများ ကြီးထွားလာ မှုကြောင့်ဖြစ်သော မော်တော်ကား၊ အဝတ်အထည်နှင့် ဖျော်ဖြေရေး အစ ရှိသည် တို့ကို သုံးစွဲမှုများက ဦးဆောင်လျက် ရှိသည်။
သို့သော် စီးပွားရေး ပြဿနာများမှာ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်သလို အလုပ်လက်မဲ့ဖြစ်မှုနှုန်းမှာ လည်း မြင့်တက်နေဆဲပင် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List