Thursday, July 25, 2013

ဇင်းကျိုက်ရေတံခွန်သို့ လူဦးရေ သိန်းဂဏန်းခန့် လာရောက်အပန်းဖြေခဲ့ကြ

Thursday, July 25, 2013
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာရှိ ကျောက်သဘောင်္ ဇင်းကျိုက်ရေတံခွန်သို့ ၀ါဆိုလပြည့်နေ့ နှင့် လပြည့်ကျော် တစ်ရက်နေ့များတွင် လူဦးရေ သိန်းနှင့်ချီ၍ လာရောက်အပန်းဖြေ ခဲ့ကြသည်။
Photo: ဇင်းကျိုက်ရေတံခွန်သို့ လူဦးရေ သိန်းဂဏန်းခန့် လာရောက်အပန်းဖြေခဲ့ကြ
Thursday, July 25, 2013

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာရှိ ကျောက်သဘောင်္ ဇင်းကျိုက်ရေတံခွန်သို့ ၀ါဆိုလပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့များတွင် လူဦးရေ သိန်းနှင့်ချီ၍ လာရောက်အပန်းဖြေ ခဲ့ကြသည်။

"ဒီကျောက်သဘောင်္စေတီ ရှိတဲ့နေရာမှာ ရှေးအရင်က သဘောင်္ဆိပ်ကမ်း ဖြစ်ခဲ့ဖူးတဲ့ အထောက်အထားတွေ ဦးတို့ငယ်ငယ်က တွေ့ဖူးတယ်။ လုံးပတ် ၁၂ လက်မလောက်ရှိတဲ့ သံလုံးတွေ သဘောင်္ချီတဲ့ ကြိုးတွေတွေ့ဖူးပါတယ်" ဟု ဇင်းကျိုက်တောင် ကျောက်သဘောင်္ စေတီတော်ဥက္ကဋ္ဌ အသက် (၈၀) အရွယ် ဦးကြီးနံမှ ပြောပါသည်။

"ဒီဇင်းကျိုက်ရေတံခွန်က သင်္ကြန်ကာလရယ်၊ အခုလို မိုးတွင်းရေတံခွန်က ရေအများကြီး ကျတဲ့အချိန်တွေဆိုရင် ဧည့်သည်တွေလာပြီး အပန်းဖြေ ရေကစားကြပါတယ်။ ဒီနှစ်မှာ ကားလမ်းမကနေ ဇင်းကျိုက်တောင်ခြေအထိ ကွန်ကရစ်လမ်းကို ဆရာတော်ကြီးတွေရယ်၊ ကျောက်သဘောင်္ စေတီတော် ဂေါပအဖွဲ့ရယ်၊ ဒီမှာဆိုင်ခန်းတွေ၊ ယာဉ်ရပ်နားခွင့် ကန်ထရိုက်စွဲတဲ့လူရယ်၊ ဒေသခံတွေရယ်
စုပေါင်းပြီး လမ်းခင်းခဲ့ပါတယ်။ အာဇာနည်နေ့ကနေ ၀ါဆိုလပြည့်၊ လပြည့်ကျော် တစ်ရက်နေ့အထိ ပိတ်ရက်ရှည်တော့ လူပိုများပါတယ်။ သိန်းဂဏန်းလောက် ရှိပါတယ်" ဟု ကျောက်သဘောင်္ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်စီက ပြောကြားသည်။

"အရင်နှစ်တွေကလည်း ၀ါဆိုပန်း ခူးလာတယ်။ ဒီနှစ် လူပိုများတယ်။ အပြင်မှာ ကားလမ်းပိတ်တဲ့အထိ ဖြစ်သွားတယ်။ ခါတိုင်းလို ထိခိုက်သေကြေ ဒဏ်ရာရတဲ့ သတင်းတွေ မကြားရတော့ စိတ်ချမ်းသာပါတယ်" ဟု မော်လမြိုင်မြို့ မှ လာရောက်အပန်းဖြေ ရေကစားသူ တစ်ဦးမှ ပြောပါသည်။

မွန်ပြည်နယ်အတွင်း ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် တောပန်းများခူးကာ ဘုရားကျောင်းကန် ဇရပ်များရှိ စေတီတော်များ ရုပ်ပွားတော်များအား ၀ါဆိုပန်းကပ်လှူ ပူဇော်သည့် ရိုးရာဓလေ့ပွဲများကို ကျင်းပလေ့ရှိသည်။

Eleven Media Group
ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေ ကြသူများအား တွေ့ရစဉ် 
"ဒီကျောက်သဘောင်္စေတီ ရှိတဲ့နေရာမှာ ရှေးအရင်က သဘောင်္ဆိပ်ကမ်း ဖြစ်ခဲ့ဖူးတဲ့ အထောက်အ ထားတွေ ဦးတို့ငယ်ငယ်က တွေ့ဖူးတယ်။ လုံးပတ် ၁၂ လက်မလောက်ရှိတဲ့ သံလုံးတွေ သဘောင်္ချီတဲ့ ကြိုးတွေတွေ့ဖူးပါတယ်" ဟု ဇင်းကျိုက်တောင် ကျောက်သဘောင်္ စေတီတော်ဥက္ကဋ္ဌ အသက် (၈၀) အရွယ် ဦးကြီးနံမှ ပြောပါသည်။
"ဒီဇင်းကျိုက်ရေတံခွန်က သင်္ကြန်ကာလရယ်၊ အခုလို မိုးတွင်းရေတံခွန်က ရေအများကြီး ကျတဲ့အချိန်တွေ ဆိုရင်ဧည့်သည်တွေလာပြီး အပန်းဖြေရေကစားကြပါတယ်။ ဒီနှစ်မှာကားလမ်းမကနေဇင်းကျိုက်တောင်ခြေ အထိ ကွန်ကရစ်လမ်းကို ဆရာတော်ကြီးတွေရယ်၊ ကျောက်သဘောင်္ စေတီတော် ဂေါပအဖွဲ့ရယ်၊ ဒီမှာ ဆိုင်ခန်းတွေ၊ ယာဉ်ရပ်နားခွင့် ကန်ထရိုက်စွဲတဲ့လူရယ်၊ ဒေသခံတွေရယ်စုပေါင်းပြီး လမ်းခင်းခဲ့ပါတယ်။ အာဇာနည်နေ့ကနေ ၀ါဆိုလပြည့်၊ လပြည့်ကျော် တစ်ရက်နေ့အထိ ပိတ်ရက်ရှည်တော့ လူပိုများပါတယ်။ သိန်းဂဏန်းလောက်ရှိပါတယ်" ဟု ကျောက်သဘောင်္ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်စီက ပြောကြား သည်။"အရင်နှစ်တွေကလည်း ၀ါဆိုပန်း ခူးလာတယ်။ ဒီနှစ် လူပိုများတယ်။ အပြင်မှာ ကားလမ်းပိတ်တဲ့ အထိ ဖြစ်သွားတယ်။ ခါတိုင်းလို ထိခိုက်သေကြေဒဏ်ရာရတဲ့သတင်းတွေ မကြားရတော့ စိတ်ချမ်းသာ ပါတယ်" ဟု မော်လမြိုင်မြို့ မှ လာရောက်အပန်းဖြေ ရေကစားသူ တစ်ဦးမှ ပြောပါသည်။ မွန်ပြည်နယ် အတွင်းဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် တောပန်းများခူးကာ ဘုရားကျောင်းကန်ဇရပ်များရှိ စေတီတော် များ ရုပ်ပွားတော်များအား ၀ါဆိုပန်းကပ်လှူ ပူဇော်သည့် ရိုးရာဓလေ့ပွဲများကို ကျင်းပလေ့ ရှိသည်။
Eleven Media Group

No comments:

Post a Comment

My Blog List