Monday, July 22, 2013
အာဏာပိုင်းများက သေဆုံး၊ ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ရေး
ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူ အရေအတွက်မှာ မြင့်တက် လာနိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများ
ယနေ့ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး အခြား လူ ၃၀၀ ခန့်အထိ
ဒဏ်ရာရရှိခဲ့သည်။ အာဏာပိုင်းများ က သေဆုံး၊ ဒဏ်ရာရရှိသူများကို
ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင် ရွက်နေပြီး သေဆုံးသူ အရေအတွက်မှာ
မြင့်တက်လာနိုင်ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုများမှာ တရုတ်နိုင်ငံGansu
ပြည်နယ်အလယ်ပိုင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် Gansu
ပြည်နယ်တွင်သာ သေဆုံး၊ ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက
အတည်ပြုသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ပထမဆုံး ငလျင်ကြီးတစ်ခု
လှုပ်ခတ်ခဲ့ပြီး ပြင်းအား ရစ်ခ်ျတာစကေး ၆.၆ ရှိကြောင်း သိရသည်။ ထိုငလျင်
လှုပ်ခတ်မှုမှာ တစ်မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ ထို့နောက်
နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ
ငလျင်တစ်ခုလည် လှုပ်ခတ်ခဲ့သည်။ ငလျင်သည် Gansu ပြည်နယ်ရှိ Dingxi
မြို့အနီးတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး အနီးအနားရှိ Longnan, Taianshui
နှင့် ပြည်နယ်မြို့တော် Lanzhou တို့တွင်လည် ငလျင်လှုပ်ခတ်ဒဏ်ကို ခံခဲ့ရသည်။
Planet Myanmar Network
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago
No comments:
Post a Comment