Thursday, November 01, 2012

မုံရွာတွင် နယ်စည်းမခြား အခမဲ့စာကြည့်တိုက် စတင်ဖွင့်လှစ်


မုံရွာမြို့ အဓိပတိစာပေ ကျောက်စိမ်းရတုမင်္ဂလာ အထိမ်းအမှတ်အဖြစ် နယ်စည်းမခြားအခမဲ့ စာကြည့် တိုက်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွေ့လျားစနစ်ဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ အခမဲ့ငှားရမ်းပေး သွားမည်ဖြစ်ကြောင်း စာပေတိုက်ပိုင်ရှင် ဦးတင်ဝင်းမြင့် ကပြောသည်။

"မုံရွာခရိုင်အတွင်နဲ့ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရွာငယ်လေးတွေအထိ ငှားရမ်းသွားမှာပါ။ မြန်မာ တစ်နိုင်ငံလုံး နေရာအနှံ့ငှားချင်ပါတယ်။ ဘယ်အသင်းအဖွဲ့အစည်းမဆို ဘယ်သူကို ကိုယ်စား ပြုမဆို ငှားနိုင်ပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက် (၃၅) နှစ်ပြည့် ကျောက်စိမ်းရတုမှာစတင်ပြီး ထူးခြားတဲ့ အစီအစဉ်အလှူလေးလုပ်ချင်လို့ စိတ်ကူးရလာတာပါ။ စာကြည့်တိုက်ရဲ့ ရည်ရွယ်ချက်ကတော့ ဘဝတိုး တက်ရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် စာဖတ်ရန်ဖြစ်ပါတယ်" ဟု အောက်တိုဘာ ၂၁ ရက်က စာကြည့်တိုက်မိတ်ဆက်ရှင်းလင်းပွဲ၌ ပြောသည်။
ရွေ့လျား နယ်စည်းမခြား အခမဲ့စာကြည့်တိုက်အတွက် သေတ္တာတစ်လုံးလျှင် စာအုပ် ၁ဝဝ၊ မဂ္ဂဇင်း ၁ဝဝ၊ ဂျာနယ် ၁ဝဝ ပါဝင်ပြီး သေတ္တာတစ်လုံး ကျပ်နှစ်သိန်းခွဲတန်ဖိုးရှိ သေတ္တာအလုံး ၄ဝ ထားရှိပြီး သေတ္တာ ၂၅ လုံးဖြင့်ငှားရမ်းလိုသော ဒေသအဖွဲ့အစည်းများမှ တာဝန်ခံလူနှစ်ဦးဖြင့် တစ်ကြိမ်လျှင် စာကြည့်တိုက်
သေတ္တာတစ်လုံးကို ဒေသအကွာအဝေးအပေါ်မူတည်၍ နှစ်လမှလေးလအထိငှားရမ်း နိုင်ပြီး တစ်ကြိမ်လျှင်   သေတ္တာတစ်လုံး အခမဲ့ငှားရမ်းနိုင်ကြောင်း သိရသည်။
ငှားရမ်းလိုသူများအတွက် အဆိုပြုလွှာများကို ယခုလ ၂၈ ရက်မှ စတင်လက်ခံဆောင်ရွက်သွားမည် ဖြစ်ပြီး ထပ်မံတိုးချဲ့ငှားရမ်းနိုင်ရန်အတွက် စာအုပ်စာပေများကမ္ပည်းထိုးရန် ပါဝင်လှူဒါန်းကူညီ နိုင်ကြောင်း၊ အသေးစိတ်သိလိုပါက ဖုန်း-ဝ၇၁-၂၁၃၅၇၊ ၂၁၇၅၃ တို့သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List