Thursday, November 01, 2012

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ဆုံရန် ထိုင်းလူမျိုး ၁၀၀၀ ကျော် မြန်မာနိုင်ငံသွားမည်

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ဆုံကြမယ့် ထိုင်းလူမျိုး ၁၀၀၀ ကျော်ဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး တာချီလိတ်မြို့ကို သွားရောက်ဖို့ ပြင်ဆင်နေကြပါတယ်။

သူတို့ဟာ ရှပ်နီဝတ်အဖွဲ့တွေ၊ ဖွေ့ထိုင်းပါတီက နိုင်ငံရေးသမားတွေနဲ့ မစ္စတာ သက်ဆင်ကို ကြည်ညိုတဲ့ အစိုးရ၀န်ထမ်းတချို့ဖြစ်ပြီးအများစုကတော့ ချင်းရိုင်းခရိုင်သားတွေဖြစ်တယ်လို့ ရှပ်နီခေါင်းဆောင်တဦးဖြစ် သူ မစ္စက် ကျင်းနန်းဒါး ကျန်ထောင်းရဲ့ ပြောစကားကို မာတိချွန်းသတင်းမှာ ဖော်ပြပါတယ်။
သူတို့တွေဟာ ၀န်ကြီးချုပ်ဟောင်းကို အားပေးစကားပြောကြားဖို့ သွားကြတာသာဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟာ တာချီလိတ်မြို့ပေါ်က ကျောင်းတိုက်တခုမှာ အလှူပွဲတခု လာကျင်းပတာ ဖြစ်
ကြောင်းနဲ့ တာချီလိတ်မြို့ ရီဂျီးနားဟိုတယ်မှာ နိုဝင်ဘာလ ၂ ရက်ကနေ ၃ ရက်ထိနေပြီးရင် ၄ ရက်နေ့ မှာ နေပြည်တော်ကို ပြန်မယ်လို့ ဆိုပါတယ်။
ထိုင်းလူမျိုးတွေလည်းနယ်စပ်ဖြတ်ကူးရေးစာရွက်စာတမ်းတွေ   ဆောင်ရွက်ပြီးဖြစ်တဲ့အတွက်   ပြဿနာမရှိ
လောက်ပါဘူးလို့ မစ္စက် ကျင်းဒနားက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၂၀၀၀ ခုနှစ် ကနေ ၂၀၀၆ အထိ ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် အဖြစ် ၆ နှစ်ဆက်တိုက်တာဝန်ယူခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ အာဏာအလွဲသုံးစားမှုနဲ့ နိုင်ငံတော်တရားရုံး က ထောင်ဒဏ် ၂ နှစ် ချခဲ့ရာမှာ ပြည်ပကို တိမ်းရှောင်နေတာဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List