Friday, November 02, 2012

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ အစီရင်ခံစာထွက်ရှိ

 

 ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ကောက်ယူရရှိထားသည့် မြန်မာနိုင်ငံအတွင်း လူ့ အခွင့်ချိုးဖောက်မှုများအပါအ၀င် မြေယာသိမ်းဆည်းမှုအခြေအနေတို့ကို သုံးသပ်တင်ပြထားသည့် စစ်တမ်း တစောင်ကို လူ့အခွင့်ရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) မှ ယနေ့ဖြန်ချိ လိုက်ပါတယ်။

ကာလအပိုင်းအခြားအလိုက် ဖော်ပြထားသည့် အဆိုပါအစီအရင်ခံစာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတို့အတွင်းရှိ အစိုးရနှင့် ၎င်းတို့အား ထောက်ခံသူတို့ ကျူးလွန်ခဲ့သည့် လူ့အခွင့်ချိုးဖောက်မှု ၁၁၄ ခုကို မှတ်တမ်းတင်ဖော်ပြထားပါတယ်။
အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ၂၇ ခု၊ မြေယာသိမ်းဆည်းမှု ၂၆ ခုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၂၁ ခုတို့ပါဝင်သည်ကိုတွေ့ရှိရပြီး အဆိုပါအခြေအနေတွေကိုဖြစ်ပေါ်စေတာကတော့ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရစစ်တပ်နှင့် စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်သည် ကို လေ့လာတွေ့ရှိ ရတယ်လို့ စစ်တမ်းကဖော်ပြထားပါတယ်။ ထို့ပြင် လယ်ယာမြေဥပဒေအားနည်းသည့်အတွက် အစိုးရနှင့် နီးစပ်သည့် စီးပွားရေးအုပ်စုတို့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခွင့်ရရနေခြင်းဖြစ်တယ်လို့ လည်း စစ်တမ်းကဖော်ပြထား ပါတယ်။
ထို့ပြင် အဆိုပါစစ်တမ်းအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား တနိုင်ငံလုံးအတိုင်းအတာ
ဖြင့် ကိုယ်စားပြုနိုင်ခြင်းမရှိသော်လည်း လတ်တလော ဖြစ်ရပ်မှန်လေ့လာချက်များအရ မြန်မာနိုင်ငံအ၀ှမ်း မိသားစု (သို့မဟုတ်) ရွာလုံးကျွတ် အသက်မွေးဝမ်းကျောင်းမှုအခြေအနေများ ဆုံးရှုံးနေရသည်ဟု ဖော်ပြ ထားပါသည်။

No comments:

Post a Comment

My Blog List