Monday, October 29, 2012

“ မစားရတဲ့အမဲသဲနဲ့ပက်ချင်သူ ဦးမင်းအောင်သို့ ”


                                           
        ပြည်ခိုင်ဖြိုးပါတီပထမအကြိမ်ဗဟိုညီလာခံ(၂၀၁၂)ကို အောက်တိုဘာလ ၁၄ ရက်ကနေ ၁၇ ရက်နေ့ အထိ နေပြည်တော်၊ ပါတီဌာနချုပ်ရုံးမှာ ပြုလုပ်ခဲ့တာကို ရုပ်မြင်သံကြားကနေတွေ့လိုက်ရပါတယ်---
ပါတီညီလာခံပြုလုပ်ရာမှာ တက်ရောက်လာတဲ့ ညီလာခံကိုယ်စားလှယ်ကြီးတွေကို အသွင်အပြင်၊ အမြင်နဲ့ စိတ်ပါဝင်စားမှုရှိစေဘို့ ရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ တေးသရုပ်ဖော်အစီအစဉ်လေးတွေလဲ ထည့်သွင်း ပြု လုပ်ခဲ့ရာမှာ နိုင်ငံတော်အလံကို အလံတိုင်မှာတပ်ဆင်တဲ့အခါ သတိမပြုမိကြဘဲ အ၀ါရောင်ကအောက်၊ ကြယ်က စောက်ထိုးနဲ့ ပြောင်းပြန်တင်လိုက်မိသလိုဖြစ်သွားခဲ့ပါတယ်--- ဒါကတော့ဗျာ လူဆိုတာ အမှားနဲ့မှ မကင်းကြဘဲ--- တပ်ဆင်တဲ့ကလေးကလဲ အမှတ်တမဲ့နဲ့ ဂရုမပြုဘဲတပ်မိသွားတာဖြစ်ပါတယ်--- တစ်ခြား
နိုင်ငံတွေမှာလဲ နိုင်ငံတော်အလံကိုဒီလိုပဲမှားယွင်းတပ်ဆင်ပြီးတော့ လွှင့်ထူခဲ့ဘူးတဲ့ သာဓကလေးတွေ ရှိပါ တယ်--- အဲဒီနေ့က အဖြစ်အပျက်ကလဲ သွေးရိုးသားရိုးဖြစ်ခဲ့တာပါ--- ဘာပယောဂ၊ ဘယ်အမှောင့်မှ မပါခဲ့ ပါဘူး--- ဒါ့အပြင် ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မှ ကြိုတင်ကြံစည်ပြီး အကွက်ကျကျစီစဉ်ပြီးလုပ်ခဲ့တဲ့ အမှောက်လုပ်ငန်းလဲမဟုတ်ခဲ့ပါဘူး--- ဒါကိုတော့ညီလာခံတက်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်လူကြီးတွေ အားလုံး အသိပဲဖြစ် ပါတယ်---
          ဒါကို Internet ပေါ်မှာ မင်းအောင်ဆိုသူတစ်ယောက်က မရည်ရွယ်ဘဲဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးကို ပုံကြီးချဲ့ကားပြီးတော့ တာဝန်ရှိသူတွေကို အရေးယူဘို့၊ ပြည်သူလူထုကို လည်းဝန်ချတောင်းပန်ဘို့ဆိုပြီး သူတစ်ပါးကို အားနည်းချက်ရှာပြီး ထောက်ကွက်နဲ့ နင်းမယ်ဆိုတဲ့ပုံစံနဲ့ လှုပ်ရှားလာတာတွေ့ရပါတယ်--- အဖျက်သဘောနဲ့ လုပ်ခဲ့တာမဟုတ်တဲ့အတွက် ဘယ်လိုတောင်းပန်မှုမျိုးကိုမှ လုပ်စရာမလိုသလို၊ ဘယ်သူ့ ကိုမှလဲအရေးယူဘို့ မလိုဘူးလို့ယူဆပါတယ်--- မောင်မင်းအောင် ရူးကြောင်ကြောင်နဲ့ တင်ထားတဲ့စာကို ဘယ်သူမှလဲ ဂရုစိုက်မနေကြပါဘူး၊ ကျနော်ကသာ မနေနိုင်လို့ ၀င်ပြောလိုက်ရတာပါ--- ဒီလိုသာလုပ်ကြ
ကြေးဆိုရင် ကျနော်တို့ နိုင်ငံကရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မပြခင် နိုင်ငံတော်အလံကိုထိုးပြပေးပြီး နိုင်ငံတော် သီချင်းသံဖွင့်ပေးတာကို မတ်တပ်ရပ်အလေးပြုရတဲ့ အစဉ်အလာဟာ ရှေးယခင်ကတည်းကရှိခဲ့ပါတယ် -- - နိုင်ငံသားတွေအနေနဲ့ မိမိ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းကို အမြဲတမ်းသတိတရနဲ့ အမှတ်ရနေစေဘို့ အတွက် ရည်ရွယ်ပြီးလုပ်ခဲ့တာပါ--- ဒါကို ရုပ်ရှင်ရုံတိုင်းမှာ မတ်တပ်ထရပ်ပြီး အလေးမပြုတဲ့သူတွေလဲ ရှိပါ တယ်--- ကဲ ဒါဆို ဒီလိုလူတွေကိုရော ဖမ်းဆီးပြီးတရားစွဲအရေးယူဘို့မလိုဘူးလား--- ဆိုလိုတာကတော့ဗျာ ဒီလိုသာအားနည်းချက်ကိုရှာပြီး လိုက်ထောက်နေမယ်ဆိုရင် ပြည်သူလူထုဟာ ကောင်းကောင်းမွန်မွန် ကို
နေလို့ရမှာမဟုတ်တော့ပါဘူး---ဒီလိုရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံအလေးပြုတာကို ဖျက်ပစ်ဘို့တောင်းဆိုခဲ့ တဲ့ “ ရန်ရန်ချန်း ”ဆိုတဲ့ မျိုးမစစ် ကောင်မျိုးကိုတော့ ဘာမှမပြောခဲ့တဲ့ မောင်မင်းအောင်ဟာ အခုမှ
ပြည်ခိုင်ဖြိုးပါတီကိုအပုပ်ချချင်တာနဲ့ အလံကိစ္စကို ကြောင်ကိုသန်းရှာတဲ့လူလို့ ပြဿနာမဟုတ်တာ ကို ပြဿနာရှာနေတာဟာ ဘာကြောင့်လဲ ဆိုတာ အားလုံးသိအောင် ပြောပြလိုက်ပါမယ်---
          မင်းအောင်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလတုန်းက တောင်ဥက္ကလာပမြို့နယ်၊ တပ်ပေါင်းစု သပိတ်စခန်းမှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပါဝင်လှုပ်ရှားခဲ့ပါတယ်--- အဲဒီနောက် စာရေးဆရာ လိုလို၊ ဒါရိုက်တာလိုလို၊ ဗေဒင်ဆရာယောင်ယောင် လုပ်ခဲ့ပြီးတော့ သင်္ခဆိုတဲ့အမည်နဲ့ ဗွီဒီယို ထုတ်လုပ်   ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့အပြင် စာရေးဆရာသင်တန်းနဲ့ ဗေဒင်ပညာသင်တန်းတွေဖွင့်ပြီး ဆရာ ကြီးလုပ်ခဲ့ရာကနေ ၂၀၁၀ ပြည့်နှစ်ရောက်တော့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကို ၀င်ရောက် ခဲ့ပြီး ရွေးကောက်ပွဲမှာ ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက် အရွေး ချယ်ခံခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်--- နိုင်ငံရေးနောက်ခံသမိုင်း ဘာတစ်ခုမှမရှိတဲ့ မင်းအောင်လိုလူကို ပြည်သူ လူထုက ကြားတောင်မကြားဘူးတဲ့အတွက် ဆယ်ဂဏန်း လောက်သာရတဲ့ မဲအရေအတွက်နဲ့ မရှုမလှရှုံးနိမ့် ခဲ့ပြီး NDF ပါတီကနေမောင်းထုတ်ခံခဲ့ရပါတယ်--- မိန်းမလိုမိန်းမရနဲ့ သူတစ်ပါးရဲ့အမှားကိုဘဲ လိုက်ကြည့် ပြီး ပြောတတ်တဲ့လူကိုအားပေးတဲ့လူကလဲ ဒီလောက်ဘဲရှိမှာပါလေ--- မင်းအောင်ဟာ ဒါတင်အားမရသေး ဘဲ နောက် ရွေးကောက်ပွဲတွေမှာ တစ်သီးပုဂ္ဂလအနေနဲ့ အာဏာရူးပြီး ၀င်အရွေးခံမယ်လို့ ပတ်ဝန်းကျင်မှာ အသံကောင်း ဟစ်နေပါသေးတယ်----
ခင်ဗျားဟာ ပြည်သူလူထုက အထင်ကြီးလေးစားအသိအမှတ်ပြုတာကိုခံရဖို့ဧရာဝတီမြစ်ဆုံရေ ကာတာ ရပ်ဆိုင်းရေးကိစ္စမှာလည်းနိုင်ငံရေးသမားယောင်ခြောက်ဆယ် အချို့နဲ့ပူးပေါင်းလှုပ်ရှားခဲ့ပြီးတော့ လူသိအောင်လုပ်ခဲ့ပေမယ့်လဲ သူ့ကိုဘယ်သူကမှဂရုမစိုက်ခဲ့ကြပါဘူး။ အခုတစ်ခါ ပြည်ခိုင်ဖြိုးပါတီက ညီလာခံပြုလုပ်တဲ့အချိန်မှာမထင်မှတ်ဘဲ ဖြစ်ခဲ့တဲ့ကိစ္စလေးတစ်ခုကိုပုံကြီးချဲ့ခဲ့တာဟာလည်းခင်ဗျားရဲ့ နိုင်ငံ                                                                
ေ ရး Popular ဖြစ်ချင်တဲ့လုပ်ရပ်တစ်ခုသာဖြစ်ပြီး အမှန်ကတော့ ပြည်ခိုင်ဖြိုးပါတီက အသရေဖျက် မှု နဲ့ ခင်ဗျားကိုတောင် ပြန်တရားစွဲသင့်ပါသေးတယ်--- ခင်ဗျားအနေနဲ့ အခုလိုဘာမဟုတ်တဲ့ကိစ္စကို ပုံကြီးချဲ့ပြီး သူတစ်ပါးကို   အရေးယူဖို့ ပြောဆိုတာတွေ၊ ပြည်ခိုင်ဖြိုးပါတီကနေ ပြည်သူတွေကို ၀န်ချ
တောင်းပန်ဖို့ ပြောဆိုတာတွေဟာ“ မစားရတဲ့အမဲ သဲနဲ့ပက်မယ်မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်”ဆိုတဲ့ စကောလောက်မှ ဇောက်မနက်တဲ့အကြံဖြစ်တယ်ဆိုတာ လူတိုင်းသိနေ ပါပြီဗျာ---



တရားမျှတမှုရှိစေလိုသူတစ်ဦး

No comments:

Post a Comment

My Blog List