Tuesday, October 30, 2012

ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းသင့် ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေး အကူညီများလိုအပ်နေ





MraukOo Refugee330အောက်တိုဘာလ (၂၂)ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းကြောင့်ဒုက္ခရောက်နေကြသော ရခိုင် ဒုက္ခသည်များမှာ ကယ်ဆယ်ရေးအကူညီများ လို အပ်နေကြောင်းသိရှိရပြီး ဒုက္ခသည်များမှာ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း အိုးအိမ်တိုက်တာအဆောက်အအုံ များပျက်စီးသွားခြင်းကြောင့်နီးစပ်ရာရွာများသို့ ပြောင်းရွှေ့ ပြီး ဘုန်းကြီးကျောင်းများတွင် ဒုက္ခသည်အဖြစ် တည်းခိုနေ ကြ ရကြောင်း သတင်းရရှိသည်။


ဒေသခံအဖွဲ့အစည်းများဖြစ်ကြသည့် "ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ကျောက်ဖြူမြို့   ပြန်လည်တည်ဆောက်ရေးကော်မတီနှင့် တခြားလူမှုအဖွဲ့အစည်း" တို့က အလှူငွေများ ကောက်ခံကာ ဒုက္ခသည်များအား ကယ်ဆယ်ရေးပစ္စည်များ လှူဒါန်းပေးနေသော်လည်း ဒုက္ခသည် အရေအတွက်များပြား သည့်အတွက် လုံလောက်မှုမရှိကြောင်း သိရသည်။
ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက " ဒီနေ့ ကျွန်တော်တို့အဖွဲ့က မြောက်ဦးမြို့နယ်က ဒုက္ခသည်တွေရှိတဲ့ နေရာတွေကို သွားပြီးတော့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွကို သွားရောက်လေ့လာတယ်။ ပြီးတော့ ဒုက္ခသည်တွေရဲ့ လတ်တလောလိုအပ်နေတဲ့ အရာတွေကို လှူဒါန်းခဲ့ပါတယ်။" ဟု Arakantimes သို့ပြောကြားသည်။
ထို့အပြင် ကျောက်ဖြူမြို့ ပြန်လည်တည်ဆောက်ရေးကော်မတီမှလည်း အလှူငွေများကောက်ခံကာ   ကျောက်ဖြူ မြို့မှ ဒုက္ခသည်များဖြစ်သော "မီးလောင်ခံထားရသည့် လူနာ(၃၀)ကျော်အတွက် တစ်ဦးလျှင် ငါးသောင်းကျပ်၊ ဂျင်ကလီ ထိမှန်ခံရသူ(၆၈)ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်၊ ဆေးရုံတွင် အတွင်း လူနာအဖြစ် ကုသနေရသော လူနာများအတွက် တစ်ဦးလျှင် ဆေးရုံစားစရိတ်ငြိမ်းနှင့် ကျပ်ငွေတစ်သိန်း၊ အဓိကရုဏ်းအတွင်း ကျဆုံးသူ(၈)ဦး တစ်ဦးချင်းစီ၏မိသားစုများအတွက် မိသားစုတစ်စုလျှင် ခြောက်သိန်း ကျပ်၊ အိမ်မီးလောင်၍ ပျက်စီးဆုံးရှုံးသွားသော မိသားစု(၈၅)စုအတွက် တစ်စုလျှင် ငွေကျပ်တစ်သိန်း၊ မီးမကူးစေရန်အတွက် ဖျက်လိုက်ရသော အိမ်ပိုင်ရှင်မိသားစု(၅၃)စုအတွက် တစ်စုလျှင် ကျပ်ငွေ ငါးသောင်း" စသည်ဖြင့် အသီးသီး ထောက်ပံ့ခဲ့ကြောင်း တယ်လီဖုန်းဖြင့် မေးမြန်းချက်အရ သိရှိရသည်။
မြောက်ဦးမြို့တွင် ဒုက္ခသည်အိမ်ထောင်စု(၂၃၂)စု လူဦးရေ(၆၀၀)ကျော်ရှိပြီး ကျောက်ဖြူမြို့တွင် မီးဘေး ဒုက္ခသည်(၈၀)ကျော်နှင့် အိုးမဲ့အိမ်မဲ့(၅၀၀)ခန့်ရှိကြောင်းနှင့် ဒုက္ခသည်များ ထပ်မံတိုးပွားလာနေကြောင်း သိရသည်။
ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းကြောင့် ဒုက္ခရောက်နေကြသည့် ဒေသခံရခိုင် ဒုက္ခသည်များအား ပြည်နယ် အစိုးရအဖွဲ့အစည်းများအနေဖြင့် ယခုအချိန်ထိ မည်သည့်အကူညီ အထောက်အပံ့ပေးခြင်း မရှိသေးသော် လည်း လွန်ခဲ့သည့် အောက်တိုဘာလ(၂၇)ရက်နေ့တွင် အာဏာပိုင်အဖွဲ့အစည်းတစ်ဖွဲ့က မြောက်ဦးမြို့ နယ်၊ သရက်အုပ်ရွာနှင့် နဂရာကျေးရွာအနီးတွင်ရှိသော ဘင်္ဂလီကျေးရွာများအား သွားရောက်ကာ ထောက် ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေသခံ ရခိုင်ဒုက္ခသည်များအတွက် လတ်တလောပြဿနာများကို ယာယီအခိုက်အတန့်အားဖြင့် ဖြေရှင်း ထား သော်လည်း ရေရှည်တွင် ဒုက္ခသည်များ၏ စားဝတ်နေရေး လွန်စွာအခက်အခဲရှိနေကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

My Blog List