Thursday, November 01, 2012

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ၏ ဥပဒေချိုးဖောက်ခဲ့မှုဖြစ်ရပ်


ဒီနေ့ကျနော်တို့ မြန်မာပြည်အနောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ကုလားတွေ ပဋိပက္ခဖြစ်
နေခဲ့တာဟာ... ဇွန်လ ၈ ရက်နေ့က အစပြုလို့ အခုအောက်တိုဘာလထဲမှာ နောက်ထပ် တစ်ကြိမ် ဖြစ်လာ ခဲ့တာတွေကို ကြားသိနေရတယ်ဗျာ...
ဒီဖြစ်ရပ်တွေဟာ တရားဥပဒေ စိုးမိုးရေးအားနည်းလို့ ဖြစ်ရတာပါ လို့... ခေါင်းစဉ်မှာပါတဲ့ ကော်မတီ ဥက္ကဋ္ဌကြီး ဒေါ်စုကပြောခဲ့ပြီးတော့... သူ့ပါတီက ကြေညာချက် ထုတ် ရာ မှာလည်း နိုင်ငံတော်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ပိုမိုဝီရိယ စိုက်ထုတ်ဘို့တိုက်တွန်း လိုက်ပြန်ပါသေးတယ်...ကြီးဒေါ်စုဟာအရင်ကရခိုင်ပြည်နယ်အရေးကိုဘာမှဝင်မပြောခဲ့ဘဲခေါင်းရှောင်နေခဲ့  တာပါ (သူပြောတဲ့စကားမှားသွားမှာ တစ်အားကြောက်နေခဲ့တာပါ)...
အခုမှဘာလို့ ဒီလိုပြောရပါသလဲ? ဒီလိုရောပြောသင့်ပါသလား? ကျနော်ကတော့လုံးဝမပြောသင့်ဘူးလို့  ထင်ပါတယ်... ဘာဖြစ် လို့လဲဆို တော့ကာ....
တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်စုဟာ... အမေရိကန် ခရီးစဉ် မှာတုန်းကတော့ Rule of Law လေးဘာလေးနဲ့ ဘိုလိုမှုတ်နေခဲ့ပြီးတော့... သူကိုယ်တိုင်က အသေးအဖွဲ့ ကိစ္စရပ်လေးတွေကို မလိုက်နာဘဲ ဥပဒေနဲ့ ဆန့်ကျင်တဲ့အမှုကိုပြုခဲ့တာပါ... ဒါကတော့ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၉ နာရီလောက်မှာ ဥတ္တရသီရိမြို့နယ်က ဒေါ်စုရဲ့ နေအိမ်ကို ဗြိတိန်နိုင်ငံသား Mr. Robert San Pe ဆိုသူဝင်ရောက်သွားခဲ့ပြီးတော့ တစ်ညအိပ်ပြီး နောက်နေ့ ညနေပိုင်းမှသာအိမ်ကပြန်ထွက်သွားခဲ့ တယ်လို့သိရပါတယ်...အရင်တုန်းကသူငယ်ချင်းလို့တော့ပြောတာပဲ...Boy Friend ဖြစ်မှာပေါ့လေ... ဒါပေမဲ့ဗျာအရင်တုန်းက... သူငယ်ချင်းဖြစ်ခဲ့လို့တစ်နိုင်ငံထဲမှာ တွေ့ဆုံမှုမျိုးကိုဘာမှ မပြောလိုပေမယ့်... အခုတော့ကိုယ်က ဒီနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးလေ... သူကနိုင်ငံခြားသားဖြစ်သွားပြီ... တိုင်း တစ်ပါးသား ကိုယ့်အိမ်မှာလာအိပ်တာကို မြန်မာ့ဓလေ့ထုံးစံအရတော့ အနည်းဆုံးရပ်ကွက်အုပ်ချုပ်ရေးရုံး မှာ ဧည့်စာရင်းတော့တိုင်ရမယ်ဆိုတာကို ကော်မတီ ဥက္ကဋ္ဌကြီး မသိများမသိ လေရော့သလား...
အင်းပေါ့လေ... အစရှိအနောင်နောင်ဆိုသလို... အရင်တစ်ခါက ရေကူးသမားကြီး John Willian Yettaw ဆိုသူကလဲ... ၂ ညအိပ် ၃ ရက်နေသွားခဲ့သေးတယ်... အခုလိုပဲ ဘယ်သူမှအသိမပေးဘဲ တိတ်တိတ်လေး ပဲ ကြိတ်ကျွေးခဲ့တာ(အစာရေစာ)ကိုသတိရသေးတယ်ဗျာ... ဒါကရန်ကုန်မှာ...အခု တစ်ခါက နေပြည်တော် မှာဆိုတော့... အင်း...လွှတ်တော်အစည်းအဝေးတွေကိုသာ မန္တလေးမှာလုပ်ရင်တော့ နောက်တစ်ယောက် များဖြစ်မလားပဲဗျာ...

တရားဥပဒေအညီအမျှစိုးမိုးစေလိုသူ

Facebook မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment

My Blog List